လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံ’ ဟောင်ကောင်မြို့၌ မဲရုံဖွင့်လှစ်ခြင်းကို ဒီဇင်ဘာ(၆)ရက် နှင့် (၇)ရက်နေ့တို့၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မဲရုံဖွင့်လှစ်ခြင်းကို မနက် ကိုးနာရီခွဲမှ ညနေ ၅ နာရီအထိဖွင့်လှစ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။
ဟောင်ကောင်အထူး အုပ်ချုပ်ရေးဒေသနှင့် မကာအို အထူးအုပ်ချုပ်ရေးဒေသတို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား မဲဆန္ဒရှင်များမှ စနစ်တကျ ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြောင်းလည်း သိရသည်။
ရွေးကောက်ပွဲစတင်ကျင်းပရန် ရက်ပေါင်း(၂၀)ကျော်သာ လိုတော့ပြီး ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းများကို သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံး၊ကောင်စစ်ဝန်ရုံးများ၌ လက်ရှိအချိန်တွင် လုပ်ဆောင်နေပြီးဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်နေ့၌ မြို့နယ် (၁၀၂)မြို့နယ်၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ(၁၁)ရက်နေ့ မြို့နယ် (၁၀၀)မြို့နယ်မှာ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။
