ဒူဘိုင်းမှ ပျံသန်းလာသောကုန်တင်လေယာဉ်တစ်စင်းသည် တနင်္လာနေ့နံနက်အစောပိုင်းက ဟောင်ကောင်လေဆိပ်တွင် ဆင်းသက်ခဲ့ရာ၌ ပြေးလမ်းချော်ကာ လုံခြုံရေးကင်းလှည့်ယာဉ်တစ်စီးကို ဝင်တို-က်မိပြီး ပင်လယ်ရေထဲကျရောက်ခဲ့သောကြောင့် လေဆိပ်လုံခြုံရေးဝန်ထမ်းနှစ်ဦး ေ-သဆုံးခဲ့သည်။
ဘိုရင်း ၇၄၇ အမျိုးအစားလေယာဉ်၏ မတော်တဆဖြစ်စဉ်သည် နှစ်ပေါင်း ၂၅ နှစ်ကျော်အတွင်း ဟောင်ကောင်လေဆိပ်၏ လူေ-သဆုံးမှုအများဆုံးဖြစ်ရပ်ဖြစ်ခဲ့ပြီး လေယာဉ်သည်လည်း ရေပြင်အတွင်းထိုးကျခဲ့ကာ ကိုယ်တစ်ပိုင်းရေထဲရောက်ခဲ့သည်။ သို့သော်လည်း လေယာဉ်ပေါ်ပါ အမှုထမ်းလေးဦးစလုံး အသက်ရှင်လွတ်မြောက်ခဲ့သည်။
လေဆိပ်ဝန်ထမ်းနှစ်ဦးအနက် တစ်ဦးသည် အခင်းဖြစ်နေရာတွင်ပင် ေ-သဆုံးခဲ့ပြီး အခြားတစ်ဦးသည် ဆေးရုံ၌ ေ-သဆုံးခဲ့ခြင်းဖြစ်ကြောင်း ဟောင်ကောင်လေဆိပ်အာဏာပိုင်အဖွဲ့၏ လေဆိပ်လုပ်ငန်းပိုင်းဆိုင်ရာ အမှုဆောင်ဒါရိုက်တာ စတီဗင်ယုက ပြောကြားခဲ့သည်။
အမ်းမရိတ်စ် လေကြောင်းလိုင်းကိုယ်စား တုကီယေး ကုန်စည်ပို့ဆောင်ရေးလေကြောင်းလိုင်း အေစီတီက ပျံသန်းပြေးဆွဲသည့် လေယာဉ်တစ်စင်းသည် ကမ္ဘာ့အစည်ကားဆုံးလေဆိပ်တွင် မတော်တဆမှုဖြစ်ခဲ့ခြင်းဟု ဒူဘိုင်းအခြေစိုက်လေကြောင်းလိုင်းက သတင်းထုတ်ပြန်ပြောဆိုခဲ့သည်။
အာဏာပိုင်များသည် လေယာဉ်ပျ-က်ကျရသည့် အကြောင်းရင်းအတိအကျကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး ရာသီဥတု၊ ပြေးလမ်းအခြေအနေ၊ လေယာဉ်နှင့် လေယာဉ်အမှုထမ်းများစသည့် ဖြစ်နိုင်ဖွယ်ရာပယောဂများကို စစ်ဆေးလျက်ရှိသည်ဟု ယုက ပြောကြားခဲ့သည်။
Ref: ANEWZ
