ကချင်ပြည်နယ်၊ ဟိုပင်မြို့၌ မတ် ၄ ရက်ည ၁၁ နာရီခန့်က ကလေးငယ်(၃)ဦးအပါအဝင် (၆)လောင်းပြိုင်လူ သတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ဟိုပင်မြို့၊ မြသာယာရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ မတ် ၄ ရက်ညပိုင်းက အော်ဟစ်သံများကြားရပြီး ယနေ့ မတ် ၅ ရက်နံနက်ပိုင်းတွင် သတ်ဖြတ်ခံထားရသည့်အနေအ ထားများဖြင့်သေဆုံးနေကြခြင်းကိုမြင်တွေ့ရသဖြင့် တာဝန်ရှိသူများထံအကြောင်းကြားရာ သက်ဆိုင်ရာရဲ တပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေးချက်အရ ထိ ခိုက်ဒဏ်ရာများရရှိ၍ သေဆုံးနေသူများမှာ နေအိမ်ပိုင် ရှင်အမျိုးသား၊ ၎င်း၏ဇနီး၊ ၎င်း၏ ကလေးငယ်(၃)ဦးနှင့် အိမ်အကူအမျိုးသမီးတို့ဖြစ်ပြီး အိပ်ခန်းအတွင်းရှိ မီးခံသေတ္တာမှာ နေအိမ်ရှေ့ခန်းသို့ရောက်ရှိနေခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ရုပ်အလောင်းများအား သက်ဆိုင်ရာတာဝန် ရှိသူများက ပင်းဘောတိုက်နယ်ဆေးရုံကိုပို့ဆောင်၍ ဆေးစစ်ချက်ရယူလျက်ရှိပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များမှလည်း ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
