ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ညအပူချိန်ကျဆင်းကာ ရေခဲမှတ်နားနီးလာပြီး ကချင်ပြည်နယ်၊ ပူတာအိုတွင် ဆောင်းတွင်းမိုးရွာနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ထို့ပြင် ထူးခြားသည့် ညအပူချိန်များအနေဖြင့် ဟားခါးမြို့တွင် ၂.၀ ဒီဂရီဆဲလ်စီးယပ်၊ လွိုင်လင်မြို့တွင် ၇.၆ ဒီဂရီဆဲလ်စီးယပ်၊ နမ့်စန်မြို့ (ရှမ်းပြည်နယ်တောင်ပိုင်း) တွင် ၉.၄ ဒီဂရီဆဲလ်စီးယပ်၊ ပင်လောင်းမြို့တွင် ၁၀.၃ ဒီဂရီဆဲလ်စီးယပ်၊ ဟဲဟိုးမြို့တွင် ၁၁.၂ ဒီဂရီဆဲလ်စီးယပ်၊ တောင်ကြီးမြို့တွင် ၁၁.၃ ဒီဂရီဆဲလ်စီးယပ်နှင့် ပြင်ဦးလွင်မြို့တွင် ၁၁.၇ ဒီဂရီဆဲလ်စီးယပ်တို့ ရှိကြောင်း သိရသည်။
မှတ်သားဖွယ်ရာ မိုးရေချိန်များအနေဖြင့် ပူတာအိုမြို့တွင် ၀.၈၃ လက်မ၊ ကော့သောင်းမြို့တွင် ၀.၀၈ လက်မနှင့် သထုံမြို့တွင် ၀.၀၄ လက်မတို့ ရှိခဲ့သည်ဟု ဆိုသည်။
ထို့ပြင် နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ညအပူချိန်အနည်းငယ်လျော့နည်းနိုင်ကြောင်း သိရသည်။
