Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeCelebrities' Newsသရုပ်ဆောင် အလုပ် အပြင်...

သရုပ်ဆောင် အလုပ် အပြင် အဆိုပိုင်းကိုပါ လုပ်ဖို့ စီစဉ်နေတဲ့ သရုပ်ဆောင် ချမ်းမေမြတ်နိုး

သရုပ်ဆောင် ချမ်းမေမြတ်နိုးကတော့ လတ်တလောမှာ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် ရိုက်ကူးတဲ့ ‘ဝေးမနေချင်ဘူး’ ရုပ်ရှင်ဇာတ်ကားမှာ  KTV ကမိန်းကလေးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိမှာ သရုပ်ဆောင် အသစ်တစ်ယောက်အနေနဲ့ ကြိုးစားနေတဲ့အချိန်မှာ သူမရဲ့ ကာ ရိုက်တာရွေးမှုနဲ့ ပတ်သက်ပြီးလည်း ခုလို ပြောပြခဲ့ပါတယ်။

“ကာရိုက်တာပိုင်းကတော့ ညီမဆီပေးလာတဲ့ ကာရိုက်တာပေါ် မူတည်ပြီး အကောင်းဆုံး သရုပ်ဆောင်ပါတယ်။ ရောက်လာတဲ့ ကာရိုက်တာကို မရိုက်ကူးနိုင်ဘူး ဆိုပြီး ငြင်းလိုက်တာတော့ သိပ်မရှိပါဘူး။ တော်တ်ာများများကိုတော့ လက်ခံပြီး ရိုက်ကူးပါတယ်။ ညီမအတွက် အနုပညာမကျန်တဲ့ ဇာတ်ရုပ်တွေဆိုရင်တော့ သိပ်မရိုက်ကူး ဖြစ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်တော့ ဒရာမာ ဇာတ်ရုပ်တွေနဲ့ လိုက်ဖက်တယ် လို့ထင်ပါတယ်။ ညီမအနု ပညာလောက စရောက်ကတည်းက လိမ္မာတဲ့ သမီးနေရာ၊ မိသားစု အတွက် အနစ်နာခံတဲ့ ဇာတ်ရုပ်တွေ ရိုက်ကူးတာများတယ်။ ညီမကိုမျက်ရည်ရတယ်။ ငိုနိုင်တယ်လို့လည်းပြောကြတယ်။ သရုပ်ဆောင် စလုပ် ကတည်းက ခုချိန်ထိလည်း တစ်ခါမှမျက်ရည်အတုမသုံးဖူးပါဘူး။ မျက်ရည်အစစ်နဲ့ပဲငိုတယ်။ အဲဒါကြောင့် ညီမကိုယ်တိုင်လည်း ဒရာမာဇာတ်ရုပ်တွေနဲ့ လိုက်တယ်လို့ ထင်ပါတယ်။ ညီမကိုယ်တိုင် လုပ်ချင်နေတဲ့ ကာရိုက်တာကတော့ မျက်မမြင်ဇာတ်ရုပ်တွေ၊ သနားစရာလေးတွေ ရိုက်ကူးချင်ပါတယ်။ ညီမရဲ့အနုပညာကတော့ ၁ဝဝ ရာခိုင်နှုန်း မှာဆိုရင် နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ရှိသေးပါတယ်။

အဲ့ဒါကြောင့်လည်း ညီမအများကြီး ကြိုးစားရ ဦးမှာပါ” လို့ ပြောပြခဲ့ပါတယ်။ သူမကတော့ ဇာတ်ကားရိုက်ကူးမှုအားတဲ့ အချိန်တွေမှာ နယ်တွေ မှာလည်း သီချင်းသွား ဆိုဖြစ်ပြီး တေးစီးရီးခွေလုပ်ဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။ နယ်ပရိသတ်နဲ့ တိုက်ရိုက် ထိတွေ့ရတဲ့ ခံစားမှုနဲ့ သူမရဲ့ တေးစီးရီးအကြောင်းကိုလည်း ခုလိုပြောပြခဲ့ပါတယ်။  “ညီမ ဇာတ်ကားရိုက်ကူးတာတွေအားတဲ့အချိန်ဆိုရင်နယ်တွေမှာလည်း သီချင်းဆိုဖြစ်ပါ တယ်။ သီချင်းဆိုတာကိုလည်း ပရိသတ်က အတိုင်းအတာ တစ်ခုအထိ လက်ခံကြတယ်ဆို တော့ နောက်ပိုင်းမှာ စီးရီးအခွေလုပ် ဖြစ်ဖို့လည်း စဉ်းစားထားပါတယ်။ နယ်ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ရတော့ ပိုပျော်စရာကောင်းပါတယ်။ တေးစီးရီးကတော့ ကြာဦးမှာပါ။ သီချင်းစုနေတာနှစ်ပုဒ်လောက်ပဲရှိသေးပါတယ်။ တေးရေးဆရာ ကိုဝေကြီးဆီကနေ တစ်ပုဒ်ဝယ်ထားတာရှိတယ်။ နောက်ပြီး ညီမရဲ့ သူ ငယ်ချင်း ကိုပြုံးကြီး ဆီကတစ်ပုဒ်။ သီချင်းတွေကတော့ pop rock ပုံစံတွေ Slow rock ပုံစံလေးတွေ ဖြစ်မှာပါ။ ညီမအသံနဲ့ လိုက်မယ့် သီချင်းလေးတွေဆိုဖြစ်မှာပါဓ လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071