သရုပ်ဆောင် သီဟတင်စိုးနဲ့ ဇနီးဖြစ်သူ ဇင်မာဦးတို့က တရားပြန်လည် စွဲဆိုထားတဲ့ အိမ်အကူ ဒေါ်ခင်မာမြင့်နဲ့ အိမ်အကူပွဲစား ဒေါ်ညိုတို့ကို ဩဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ်ရှိ ရန်ကုန်အရှေ့ ပိုင်းခရိုင် တရားရုံးဟောင်းမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ရုံးထုတ်စစ်ဆေးစဉ် အခါမှာတော့ ဒေါ်ခင်မာမြင့်အတွက် ဒေါ်ညိုက အာမခံပေးရန် တရားရုံးမှာ လျှောက်ထားခဲ့ပေမယ့် စာရွက်စာတမ်းသက်သေ ခိုင်လုံစွာမရှိခြင်း၊ ပစ္စည်း အထောက်အထား ခိုင်လုံစွာ မရှိခြင်းတို့ကြောင့် အာမခံလျှောက်ထားခြင်းကို တရားရုံးကနေ ပယ်ချခဲ့တယ်လို့ သိရပါတယ်။
တရားခံဒေါ်ခင်မာမြင့်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးခင်မောင်တင်က –
“ဒီနေ့ကတော့ သူ့(ဒေါ်ခင်မာမြင့်)အတွက် အာမခံလျှောက်ပေးတာပေါ့။ ပုဒ်မ ၃၈၉ အရပါ။ အာမခံလျှောက်ထားပေးပေမယ့်လည်း တရားရုံးရဲ့ စီရင် ထုံးအရ အာမခံလျှောက်ထားခြင်းကို ပယ်ချခဲ့ပါတယ်။ ခွင့်မပြုခဲ့ပါဘူး။ ကျန်တဲ့ကိစ္စတွေကိုတော့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီလောက် ပဲပြောပြလို့ ရပါသေးတယ်” လို့ တရားခွင်အပြီးမှာ ပြောပြပေးခဲ့ပါတယ်။ နောက်ထပ်ရုံးချိန်းကိုတော့ လာမယ့် ဩဂုတ်လ ၂၉ ရက်နေ့မှာ ထပ်မံချိန်းဆို လိုက်ကြောင်း သိရပါတယ်။ သရုပ်ဆောင် သီဟတင်စိုးရဲ့ နေအိမ်မှာ အိမ် အကူအဖြစ် လုပ်ကိုင်ခဲ့တဲ့ ဒေါ်ခင်မာမြင့်ဟာ သူ့ကို သီဟတင်စိုးက အဓမ္မပြု ကျင့်တယ်ဆိုပြီး သုဝဏ္ဏနယ်မြေရဲစခန်းမှာ ဇူလိုင်လအတွင်းက လိမ်လည်တိုင် တန်းခဲ့ပါတယ်။ အဲဒီနောက် အမှုမှန်ပေါ်ပေါက်ခဲ့တဲ့အတွက် သရုပ်ဆောင် သီဟတင်စိုးနဲ့ ဇနီးဖြစ်သူ ဇင်မာဦးတို့က ဒေါ်ခင်မာမြင့်ကို လီဆယ်တိုင်ကြားမှုနဲ့ တရားပြန်လည်စွဲဆိုထားတာဖြစ်ပါတယ်။
ထက်လူ