Jessica ဟာ အနုပညာလော ဘကြီးသူလို့ ဆိုရမလားကွယ်။ သူ့သီချင်းတွေက စဉ်ဆက် မပြတ်ထွက်ရှိနေသလို အခုလည်း US မှာ မင်းသမီးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ဖို့ရှိတယ်လို့ သိရပါတယ်။
Ilgan Sports နဲ့ အင်တာဗျူး မှာ သူ့ရဲ့ပြီးခဲ့တဲ့အပတ်က ထွက်ရှိခဲ့တဲ့ ခရစ်စမတ်သီချင်း “One More Christmas” ကို မိတ်ဆက် ပေးခဲ့ပါတယ်။
Jessica ဟာ သိပ်မကြာခင်က US နိုင်ငံမှာ အကြီးဆုံး အေဂျင်စီ တွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ UTA (United Talent Agency) နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ သူဟာ Wishing for a good opportunity ဇာတ်ကားမှာ မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးဖို့ စီ စဉ်နေတယ်လို့ သိရပါတယ်။ အဆိုတော်မလေး Jessica ကို မင်းသမီးအဖြစ် မကြာခင် မြင်တွေ့ရတော့မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။