ဇော်ဝင်းထွဋ်၊ ရင်ဂို၊ စည်သူလွင်၊ျွ ဇာနည်၊ လင်းလင်း၊ ဝေလ တို့ပါဝင်တဲ့ ‘Summer Angel (နွေနတ်သမီးအတာသဘင်)’ တေးစီးရီးကတော့ ထွက်ရှိလာခဲ့ပါပြီ။ တေးစီးရီးသစ် ထွက်ရှိ ခြင်း အထိမ်းအမှတ်အဖြစ် လက်မှတ်ရေးထိုးပွဲကို မတ်လ (၁၂) ရက်နေ့က ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်ရှိ မင်းဓမ္မအိမ်ရာမှာ ပြုလုပ်ခဲ့ပါတယ်။ ‘Summer Angel (နွေနတ်သမီးအတာသဘင်)’ တေးစီးရီးကို အဓိကစီစဉ်ဖြစ်တဲ့ ဇော်ဝင်းထွဋ်က…
“သင်္ကြန်အတွက်တင်နေတဲ့အကြွေးတစ်ခု ကို ဆပ်လိုက်တဲ့ သဘောပါပဲ။ နောက်ပိုင်းမှာ သင်္ကြန်သီချင်းတွေဟုတ်တိပတ်တိ မဖန်တီးနိုင်သေး ဘူး။ ဒီအခွေကတော့ ကိုယ်ပိုင်သံစဉ်သင်္ကြန်သီချင်း၊ Rock N Roll သင်္ကြန်သီချင်းမျိုးထားခဲ့ချင်တဲ့ စိတ်ကူးလေးပေါ့လေ။ ဘေးကနေ စိတ်တူကိုယ်တူပံ့ပိုးမယ့် နောက်ထပ် Generation တွေပါလာ တော့လည်း မြန်မြန်ဆန်ဆန်ပြီးသွားတာပေါ့။ ကျွန်တော်တို့ အဘိုးကြီးတွေချည်းပဲ လုပ်နေရင် တော့ မြန်မြန်ဆန်ဆန်နဲ့ဘာမှထွက်လာမှာမဟုတ်ဘူး”လို့ ဆို ပါတယ်။ ပါဝင်သီဆိုပေးကြတဲ့နောက် မျိုးဆက်အဆိုတော်တွေရဲ့ သီချင်းတွေကိုလည်း အားရကြောင်းပြောတဲ့ ဇော်ဝင်းထွဋ်က…
“ဖြစ်သွားတဲ့ အကြောင်းကလည်း ဝေလကြောင့်လည်း ပါပါတယ်။ သူကသင်္ကြန် သီချင်း လေးတစ်ပုဒ်ကို တီးထားတာ ၂ နှစ်၊ ၃ နှစ်ရှိပါပြီ။ ဘာလုပ်ရမှန်း မသိဖြစ်နေတဲ့အတွက် ကျွန်တော်တို့ မှာရှိတဲ့ သီချင်းတွေနဲ့ ပေါင်းလိုက် ရင် မြန်မြန်ဆန်ဆန်အခွေထွက်သွား မယ်။ ကျွန်တော်တို့ဘဝမှာ အမြန်ဆုံး အခွေပေါ့နော်။ တီးပြီးတာနဲ့ ၂ ရက်အတွင်းမှာ Mixing ဆွဲတာပေါ့။ ဝေလက တစ်ပတ်အတွင်း သီချင်း လာပို့တယ်။ လင်းလင်းက နောက်ဆုံး မှဝင်လာတာပေါ့။ သူ့သီချင်းလေးကို ဒီအခွေမှာ ကျွန်တော်အကြိုက်ဆုံးပဲ။ ဘာပဲပြောပြော အမှတ်တရအခွေလေးဖြစ်သွားပါတယ်”