၂၀၂၅ ပညာသင်နှစ် ဆေးတက္ကသိုလ်များအတွက် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)ခုမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး( GRADE-10,GRADE-12) များကို ယင်းဒေသများတွင် ဆက်တိုက်ပညာသင်ကြားခဲ့သည့် ကျောင်းသားကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာခေါ်ယူထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ နိုဝင်ဘာ ၂၆ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ တို့ ပါဝင်ပြီး သတ်မှတ်ချက်အရည်အချင်းများနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်လွှာများကို ဒီဇင်ဘာ(၁၈)ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားရမည်ဖြစ်ပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသို့ တိုက်ရိုက်ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
အသေးစိတ်အချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာနwebsiteဖြစ်သည့် www.moh.gov.mm နှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန websiteဖြစ်သည့် www.hrh.gov.mmတို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
