Monday, April 21, 2025

အင်းလေး ဖောင်တော်ဦးဘုရားကို သီတင်းကျွတ်အမီ ပြုပြင်မည်

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးမှုရှိခဲ့သည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားကို သီတင်းကျွတ်အမီ ပြုပြင်မည်ဖြစ်ကြောင်း သိရသည်။ မန္တလေးငလျင်ကြီး လှုပ်ခတ်စဉ်တွင် ဘုရားရင်ပြင်တော်၊ ရတနာစံကျောင်းတော်၊ ဒေသစာရီကြွချီတော်မူရာ၌ အသုံးပြုသည့် ကရဝိတ်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့်...

Netflix က AI ရှာဖွေရေးအင်ဂျင်အသစ်ကို...

ဧပြီ ၂၀ Netflix သည် တီဗီရှိုးများနှင့် ရုပ်ရှင်များကို ရှာဖွေရာတွင် အထောက်အကူဖြစ်စေရန် ဉာဏ်ရည်တုနည်းပညာကို အသုံးပြုထားသည့် စာရင်းသွင်းထားသူ subscriber များအတွက် ရှာဖွေမှုနည်းပညာအသစ်ကို...

တစ်ကျော့ပြန်တိုက်ပွဲနှင့် ကော့ကရိတ်မြို့မြင်ကွင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် မြို့တွင်းပိတ်မိနေသူများရှိနေကြောင်းနှင့် အစားအသောက် ရှားပါးလာကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ "တစ်မြို့လုံး ပိတ်မိနေလို့အစားအသောက်ခက်ခဲ ရှားပါးလာပါတယ်"ဟု ‌၎င်းက ဆိုသည်။ ဧပြီလ (၁၅)...

ရခိုင်ယူနိုက်တက်အသင်းကို Glory Sport က...

ရခိုင်ယူနိုက်တက်အသင်းနှင့် ယူ -၂၁ လူ ငယ်အသင်းအတွ က် Glory Sport အား ကစားဝတ်စုံလုပ်ငန်းက (၂)ရာသီစာချုပ်ဖြင့် ပြိုင်ပွဲဝင်ဂျာစီစပွန်ဆာ ပေးအပ်ခဲ့ကြောင်း...
HomeInternationalသြစတြေးလျတွင် ပျောက်ဆုံးသွားသော ရေဒီယိုသတ္တိကြွပစ္စည်းပါရှိသည့်...

သြစတြေးလျတွင် ပျောက်ဆုံးသွားသော ရေဒီယိုသတ္တိကြွပစ္စည်းပါရှိသည့် သတ္တုဘူးငယ်တစ်ခုကို ရှာဖွေနေဆဲဖြစ်၊ ကျန်းမာရေးဆိုင်ရာ သတိပေးချက်ထုတ်ပြန်ထား

သြစတြေးလျအနောက်ပိုင်း၌ သယ်ယူပို့ဆောင်ရေးပြုလုပ်စဉ်တွင် ပျောက်ဆုံးသွားသော ရေဒီယိုသတ္တိကြွပစ္စည်းပါရှိသည့် သေးငယ်သော သတ္တုဘူးကို ရှာဖွေနေဆဲဖြစ်ပြီး ယင်းကိုထိမိကိုင်မိခြင်းမရှိစေရန် ကျန်းမာရေးဆိုင်ရာသတိပေးချက်တစ်ရပ်ကို တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

အချင်းတစ်လက်မ၏ လေးပုံတစ်ပုံခန့် အတိုင်းအတာရှိပြီး တစ်လက်မ၏ သုံးပုံတစ်ပုံခန့်မြင့်သော ငွေရောင်သတ္တုဘူးငယ်တစ်ခုအတွင်းတွင် သတ္တုတူးဖော်ရေး လုပ်ငန်းများ၌ အသုံးပြုသည့် ရေဒီယိုသတ္တိကြွ Caesium-137 ပမာဏ အနည်းငယ်ပါရှိသည်။ ဩစတေးလျကျန်းမာရေးဌာနက ယင်းပစ္စည်း၏ပြင်းထန်သောကျန်းမာရေးထိခိုက်စေမှုအကျိုးဆက်များကို သတိပေးထားခြင်းဖြစ်သည်။

အဆိုပါ သတ္တုဘူးငယ်ပါဝင်သော ပစ္စည်းသည် ဇန်နဝါရီ ၁၂ ရက်က နယူးမန်း(Newman)မြို့မြောက်ဘက်ရှိ သတ္တုတွင်းတစ်ခုမှ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း အနောက်သြစတြေးလျ မီးသတ်နှင့် အရေးပေါ်ဝန်ဆောင်မှုဌာနမှ စနေနေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းပစ္စည်းကိုပြုပြင်ရန်အတွက် ပါ့သ်(Perth)မြို့ အရှေ့မြောက်ဘက် ဆင်ခြေဖုံးသို့ ပို့ဆောင်ရန်ဖြစ်ပြီး၊ သတ္တုဘူးပါဝင်သည်ဆိုသော ပစ္စည်းသည် ဇန်နဝါရီ ၁၆ ရက်က ပါ့သ်မြို့သို့ရောက်ရှိလာသဖြင့် ယင်းကိုလုံခြုံသော ဓာတ်ရောင်ခြည်ဌာနတွင် သိမ်းဆည်းခဲ့သည်။

သို့သော် ဗုဒ္ဓဟူးနေ့တွင် စစ်ဆေးရန်အတွက် အထုပ်ကိုဖွင့်လိုက်သောအခါတွင် ဝက်အူများပြုတ်နေသည်ကို တွေ့ရှိခဲ့ရပြီး သတ္တုဘူးမှာ အထဲတွင်မရှိခဲ့ပေ။

ထို့ကြောင့် အနောက်သြစတေးလျရဲများသည် သြစတြေးလျနိုင်ငံ ဘေးအန္တရာယ်တားဆီးကာကွယ်ရေးအေဂျင်စီသို့ ထိုနေ့ညနေပိုင်းတွင် အကြောင်းကြားခဲ့သည်။ တာဝန်ရှိသူ David Gill ၏ ပြောကြားချက်အရ ယင်း သတ္တုဘူးငယ်ကို ပြန်လည်တွေ့ရှိရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်းလေး ဖောင်တော်ဦးဘုရားကို သီတင်းကျွတ်အမီ ပြုပြင်မည်

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးမှုရှိခဲ့သည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားကို သီတင်းကျွတ်အမီ ပြုပြင်မည်ဖြစ်ကြောင်း သိရသည်။ မန္တလေးငလျင်ကြီး လှုပ်ခတ်စဉ်တွင် ဘုရားရင်ပြင်တော်၊ ရတနာစံကျောင်းတော်၊ ဒေသစာရီကြွချီတော်မူရာ၌ အသုံးပြုသည့် ကရဝိတ်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ရသည်။ လက်ရှိတွင် ဘုရားဖူးဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဘုရားဂေါပကအဖွဲ့က ဘုရားကျောင်းတော်ပေါ်ကို တက်ရောက်ကြည်ညိုခွင့်ကို ယာယီရပ်ဆိုင်းထားကြောင်းလည်း သိရသည်။ ထို့ပြင် ပြင်ဆင်မှုများကို ယခုနှစ် သီတင်းကျွတ် ဖောင်တော်ဦးဘုရားပွဲတော်ကာလအမီ ပြီးစီးနိုင်ရန်အတွက် ကျွမ်းကျင်ပညာရှင်များနှင့် လုပ်သားများက အရှိန်အဟုန်မြှင့်ဆောင် ရွက်နေကြောင်းလည်း သိရသည်။

Netflix က AI ရှာဖွေရေးအင်ဂျင်အသစ်ကို စမ်းသပ်

ဧပြီ ၂၀ Netflix သည် တီဗီရှိုးများနှင့် ရုပ်ရှင်များကို ရှာဖွေရာတွင် အထောက်အကူဖြစ်စေရန် ဉာဏ်ရည်တုနည်းပညာကို အသုံးပြုထားသည့် စာရင်းသွင်းထားသူ subscriber များအတွက် ရှာဖွေမှုနည်းပညာအသစ်ကို စမ်းသပ်နေပြီး ယင်းနည်းပညာကို အသုံးပြုမှုကို တိုးချဲ့လျက်ရှိသည်။ OpenAI-powered ရှာဖွေမှုစနစ်သည် သုံးစွဲသူများ၏ စိတ်နေစိတ်ထား၊ စိတ်ခံစားမှုအခြေအနေ အပါအဝင် ပိုမိုတိကျသော အသုံးအနှုန်းစကားလုံးများကို အသုံးပြု၍ ရှိုးပွဲများ၊ ရုပ်ရှင်များကို ကြည့်ရှုနိုင်စေသည့်စနစ်ဖြစ်သည်ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။ ထိုရှာဖွေမှုအပေါ်အခြေခံ၍ ကုမ္ပဏီ၏ ရုပ်ရှင်စာရင်းကတ်တလောက်မှ သင့်လျော်သောရွေးချယ်စရာရုပ်ရှင်များကို အကြံပြုပေးမည်ဖြစ်သည်။ ဩစတေးလျနှင့် နူးဇီလန်ရှိ အချို့သော သုံးစွဲသူများ၏ iOS...

တစ်ကျော့ပြန်တိုက်ပွဲနှင့် ကော့ကရိတ်မြို့မြင်ကွင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် မြို့တွင်းပိတ်မိနေသူများရှိနေကြောင်းနှင့် အစားအသောက် ရှားပါးလာကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ "တစ်မြို့လုံး ပိတ်မိနေလို့အစားအသောက်ခက်ခဲ ရှားပါးလာပါတယ်"ဟု ‌၎င်းက ဆိုသည်။ ဧပြီလ (၁၅) ရက်၌ စတင်ဖြစ်ပွားခဲ့သော ကော့ကရိတ်မြို့အနီး တစ်ကျော့ပြန်တိုက်ပွဲများကြောင့် အနီးပတ်ဝန်ကျင်ကျေးရွာဒေသခံ ထွက်ပြေးတိမ်းရှောင်နေရသည့်အခြေအနေမျိုးလည်းကြုံတွေ့နေရသည်။ ဓာတ်ပုံ - ယနေ့ ဧပြီ (၂၁)ရက် နံနက်ပိုင်း ကော့ကရိတ်မြို့မြင်ကွင်း ပုံရိပ်အချို့ (Photo - Saw Chaint Phaung)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071