Friday, February 13, 2026

“Walk for Peace” သံဃာတော်များအား...

မြို့တော်ဝါရှင်တန်ဒီစီရှိ St. Mark's Capitol Hill ခရစ် ယာန်ဘုရားကျောင်း၌ နေ့ဆွမ်းဘုဉ်းပေးရန်ခေတ္တရပ် နားသည့် ငြိမ်းချမ်းရေးလမ်းလျှောက်ခရီး(Walk for Peace)သံဃာတော်များအား အမေရိကန်နိုင်ငံဆိုင်ရာ...

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး...

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက်...

CI လက်မှတ်များကို ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီ...

မြန်မာ-ထိုင်း နှစ်နိုင်ငံအလုပ်သမားဝန် ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့်စမုစခွန် ၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီတို့တွင်မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Certificate of Identity...
HomeNewsLocal Newsသြဂုတ် (၂) ရက်က...

သြဂုတ် (၂) ရက်က မီနီဘတ်စ်နှင့်ဆိုင်ကယ်တိုက်မှု၌ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ် ယနေ့ နံနက်ပိုင်းတွင် သေဆုံးသွား

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် သြဂုတ် (၂)ရက်နံနက်ပိုင်းကဖြစ်ပွားခဲ့သည့် Mini Bus ကားနှင့်ဆိုင်ကယ်တိုက်မိမှုဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ကလေးငယ်သည် ဆေးကုသမှုခံယူနေစဥ် ယနေ့ သြဂုတ် (၄) ရက်နံနက်ပိုင်းက သေဆုံးသွားခဲ့ကြောင်း သိရသည်။

Mini Bus ကားနှင့်ဆိုင်ကယ်တိုက်မိမှုတွင် ဆိုင်ကယ်မောင်းနှင်သူနှင့် (၈) တန်းကျောင်းသူ တစ်ဦးတို့မှာ ကားအောက်တွင်ပိမိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် Grade-1 ကျောင်းသူ မယွန်းပြည့်ပြည့်အောင်(၈)နှစ်အား ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကာ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဒီနေ့မနက် (၅) နာရီခွဲမှာပဲ ကလေးမလေးကဆေးကုသနေရင်းသေဆုံးသွားတာပါ။ ကလေးမလေးရဲ့အမေက ဖုန်းဆက်ပြီး ပြောပြမှသိရတာ ။ တိုက်မိတဲ့အရှိန်နဲ့ သရက်ရွက် ထိသွားတယ်လို့သိရတယ်။ ကျွန်တော်ကားအောက်ထဲက ကယ်ထုတ်ခဲ့တုန်းက ခြေထောက်နဲ့ လက်နဲ့ ကျိုးနေတယ်” ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်က ပြောသည်။

သေဆုံးသွားသည့် ကလေးငယ်၏ ရုပ်အလောင်းအား မြောက်ဥက္ကလာပ ဆေးရုံမှတဆင့် ရေဝေးသုဿန်အအေးခန်းသို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

သြဂုတ် (၂) ရက်နံနက် (၈) နာရီခန့်က Mini Bus ကားသည် Probox ကားအားတိမ်းရှောင်စဥ် လမ်းဘေး၌ ရပ်ထားသည့် ဆိုင်ကယ်အား ဝင်တိုက်မိရာမှ (၃) ဦးသေဆုံးကာ စိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံကြီး၌ ဆေးကုသမှုခံယူရလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“Walk for Peace” သံဃာတော်များအား မြန်မာသံအ မတ်ကြီးဖူးမြော် လှူဖွယ်ပစ္စည်းများဆက်ကပ်

မြို့တော်ဝါရှင်တန်ဒီစီရှိ St. Mark's Capitol Hill ခရစ် ယာန်ဘုရားကျောင်း၌ နေ့ဆွမ်းဘုဉ်းပေးရန်ခေတ္တရပ် နားသည့် ငြိမ်းချမ်းရေးလမ်းလျှောက်ခရီး(Walk for Peace)သံဃာတော်များအား အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးမှ ဖေဖော်ဝါ ရီ ၁၁ ရက်က ဖူးမြှော်ကြည်ညိုခဲ့သည်။ ထိုသို့ ဖူးမြှော်ပြီးနောက် သင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများကို မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့် မြန်မာပြည်သူများအေးချမ်းသာယာဝပြောရေးအတွက်ရည်ရွယ်၍ “Walk for Peace” ဦးဆောင်ဆရာတော် အရှင်ပညာကာရထံ ဆက်ကပ်လှူဒါန်းခဲ့သည်။ အဆိုပါ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီး(Walk for Peace)သည် ကမ္ဘာ့ငြိမ်းချမ်းရေးမြှင့်တင်ရေးအတွက် သံယာတော်များက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၆...

ယခုတစ်ပတ်  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး  အနည်းငယ်တက်

ယခုသီတင်းပတ်ကာလဖြစ်သည့် ဖေဖေါ်ဝါရီ (၁၃) ရက်မှ  ဖေဖေါ်ဝါရီ (၁၉) ရက်နေ့အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ်(၆၂၅၀) ဖြစ်ပြီး ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ပထမအပတ်ကဈေးထက် အနည်းငယ်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ဒုတိယအပတ် နှင့် တတိယအပတ်တို့တွင် ရောင်းချရမည့် ဈေးသည်လည်း တစ်ပိသာ ကျပ် (၆၁၅၀) ဖြစ်ပြီး ဖေဖေါ်ဝါရီလ ပထမအပတ်မှာလည်း တစ်ပိသာ ကျပ် (၆၁၅၀) ဖြစ်ကြောင်း သိရသည်။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်ထုတ်ပြန်မည်ဖြစ်ပြီး စားသုံးသူပြည်သူများအနေဖြင့်...

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၌ မြန်မာ့ရိုးရာယဉ် ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်းကျင်းပြသ

ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ဖေ ဖော်ဝါရီ ၁၁ ရက်က တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရာ နိုင်ငံတကာယဉ်ကျေးမှုပြခန်းများကိုလည်းဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်၏ နိုင်ငံတကာယဉ် ကျေးမှုပြခန်းတွင် ကူမင်းမြို့အခြေစိုက် မြန်မာကောင် စစ်ဝန်ချုပ်ရုံးမှ မြန်မာ့ယဉ်ကျေးမှုပြခန်းအဖြစ် မြန်မာ့ရိုးရာယဉ်ကျေးမှု လက်မှုအနုပညာပစ္စည်းများကိုခင်း ကျင်းပြသခဲ့ပြီး တက်ရောက်လာကြသူများကိုလည်း မြန်မာ့လက်ဖက်ရည်ဖြင့်ဧည့်ခံခဲ့သည်။  အဆိုပါ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်တွင် နိုင်ငံတ ကာယဉ်ကျေးမှုပြခန်းများကို ယူနန်ပြည်နယ်နှင့် ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများကြား ချစ် ကြည်ရင်းနှီးမှုပိုမိုတိုးမြင့်လာစေရန်နှင့် ပြည်သူများကြား ယဉ်ကျေးမှုဖလှယ်နိုင်မှုကိုမြှင့်တင်နိုင်ရန်ရည် ရွယ်၍ ထည့်သွင်းပြသခဲ့ခြင်းဖြစ်သည်။ 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071