Tuesday, January 14, 2025

မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန်ဆွေးနွေး

မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကိုနှင့် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavanh Phomvihane တို့ဆွေးနွေးခဲ့ကြသည်။ လာအိုနိုင်ငံ...

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင်...

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဘန်လက်ခ် ကပြောသည်။ AFC Women's Futsal Asain Cup 2025 China...

EAO များအတွင်း Coordination and...

EAO များအတွင်း Coordination and Cooperation (ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း) ပိုမိုရရှိလာစေရေးအပါအဝင် အချက်(၅)ချက်ကို 7 EAO Alliance ၏ (၃/၂၀၂၅)...

တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊...

ဗဟိုဘဏ်အနေဖြင့်တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် (၉) ဦးကိုအမှုဖွင့် အရေးယူထားပြီး (၆) ‌ဦးအားတည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုထားကြောင်း ဗဟိုဘဏ်မှ...
HomeNewsLocal Newsသြဂုတ် အပတ်စဥ်လိုက် အာဟာရဖွံ့ဖြိုးရေး...

သြဂုတ် အပတ်စဥ်လိုက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များကာလကို အရှိန်အဟုန်မြှင့်ဆောင်ရွက်မည်

၂၀၂၃ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားအား သြဂုတ် ၄ ရက်နံနက်ပိုင်းကကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းတက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ၌ နှစ်စဉ်ဩဂုတ်လ၏ ပထမရက်သတ္တပတ်ကို မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက် သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို ငါးနှစ်အောက်နှင့်ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထရက် သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေး ရက်သတ္တပတ်များအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိနေသည်။

“မိခင်နို့ဟာ ကလေးအတွက် ပထမဆုံးနဲ့အကောင်းဆုံးအစာအာဟာရဖြစ်ပါတယ် ဒါ့ကြောင့် မွေးစကန ကလေးအသက် ခြောက်လအရွယ်အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးဖို့လိုအပ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ထို့ပြင် ခြောက်လပြည့်ပြီးနောက်၌ အသက်အ ရွယ်အလိုက် သင့်တော်သည့်ဖြည့်စွက်စာနှင့်အတူ ကလေးအသက် (၂)နှစ်အရွယ်အထိ မိခင်နို့ကို ဆက်လက်တိုက်ကျွေးရန် လိုအပ်သည်ဟုလည်း ပြောသည်။

အသက်(၅)နှစ်အောက်နှင့်ကျောင်းနေအရွယ်ကလေးငယ်များ အာဟာရဖွံ့ဖြိုးရန် အင်အားပြည့် ဗီတာမင်အေ ဆေးလုံးကို အသက်(၆)လမှ(၅)နှစ်အောက်ကလေးငယ်များနှင့်နို့တိုက်မိခင်များကို တိုက်ကျွေးခြင်း၊အသက်(၂)နှစ်အထက် ကလေးငယ်များအားလုံးကို သန်ချဆေးတိုက်ကျွေးခြင်း၊ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ အာဟာရဖွံ့ ဖြိုးရေးအတွက် ကိုယ်ဝန်ဆောင်မိခင်များကို သံဓာတ်ဆေးပြားနှင့်ဗီတာမင် ဘီဝမ်းဆေးပြားများ တိုက်ကျွေးခြင်း၊နို့တိုက်မိခင်များကို ဗီတာမင်ဘီဝမ်းဆေးပြားများတိုက်ကျွေးခြင်းတို့ကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။

အဆိုပါ ဆောင်ရွက်မှုများအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များကာလတွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရမည်ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက မှာကြားခဲ့သည်၊

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းပြခန်းကိုကြည့်ရှုကာ အသက်(၅)နှစ်အောက်ကလေးများကို အင်အားပြည့် ဗီတာမင်အေဆေးလုံးတိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဆေးပြားများပေးအပ်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန်ဆွေးနွေး

မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကိုနှင့် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavanh Phomvihane တို့ဆွေးနွေးခဲ့ကြသည်။ လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန်အပ်ခြင်းခံခဲ့ရသည့် H.E. Mr. Thongsavanh Phomvihane အား မြန်မာသံအမတ်ကြီးမှ ဇန်န ဝါရီ ၁၃ ရက်နေ့လည် ၃ နာရီက သွားရောက်တွေ့ ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် မြန်မာ-လာအို နှစ်နိုင်ငံကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ် နှံမှု၊ စွမ်းအင်၊...

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ်ပြော

အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲတိုင်းအ ကောင်းဆုံးကြိုးစားမည်ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဘန်လက်ခ် ကပြောသည်။ AFC Women's Futsal Asain Cup 2025 China (Qualifiers)ပွဲ၏ အုပ်စု(D)ပွဲစဥ်များအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲအား ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့လည် ၁ နာရီက သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်စဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့ အိမ်ကွင်းပရိသတ်ရှေ့မှာ ရလဒ်ကောင်းတွေရဖို့ကြိုးစားပါမယ်။ ဒီပွဲအတွက် ကြို တင်ပြင်ဆင်မှုတွေအများကြီးလုပ်ထားသလို ပြိုင်ပွဲအတွက်လည်း အသင့်ဖြစ်နေပါပြီ"ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းနည်းပြချုပ် ဘန်လက်ခ် ကပြောသည်။ ထို့ပြင် အုပ်စုမှတက်ရန်ရည်မှန်းထားသဖြင့် ပွဲစဥ်တိုင်းကို အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကာ အုပ်စု(D)တွင်...

EAO များအတွင်း Coordination and Cooperation (ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း) ပိုမိုရရှိလာစေရေးဆွေးနွေး

EAO များအတွင်း Coordination and Cooperation (ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း) ပိုမိုရရှိလာစေရေးအပါအဝင် အချက်(၅)ချက်ကို 7 EAO Alliance ၏ (၃/၂၀၂၅) ဦးဆောင်အဖွဲ့အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့၊ မဟာမိတ်အဖွဲ့ - 7 EAO Alliance ၏ (၃/၂၀၂၅) ဦးဆောင်အဖွဲ့အစည်းအဝေးအား ယနေ့ ဇန်နဝါရီ ၁၄ ရက်က သဘာပတိ(၁)အဖြစ် ဦးဆောင်အဖွဲ့-အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်မှ ဦးဆောင်၍ကျင်းပခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသော နိုင် ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူထုမှနေ့စဥ်ရင် ဆိုင်ကြုံတွေ့နေရသော လူမှုဒုက္ခမျိုးစုံအားသုံး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071