တေးသံရှင် အဒီနိုဟာ အောက်တိုဘာလ ၂၅ ရက်နေ့ ညပိုင်းက Eastern Yangon Event Park မှာသီဆိုဖျော်ဖြေရင်း စင်ပေါ်မှာ ရုတ်တရက်လဲကျခဲ့ပြီး ေ-သဆုံးသွားခဲ့တာဖြစ်ပါတယ်။
အောက်မေ့ဖွယ် နှစ်သိမ့်ဆုတောင်း ပွဲကို၈မိုင် ဟေဗြုန်ညီအစ်ကိုများအသင်း တော်ခန်းမမှာ အောက်တိုဘာလ ၂၈ရက်နေ့ မနက် ၉:ဝဝ မှာပြုလုပ်ခဲ့ပြီးမနက်၁၁ နာရီခွဲက ရေဝေးသုဿန်မှာမီးသင်္ဂြိုလ်ခဲ့တာဖြစ်ပါတယ်။
အဆိုရှင်အဒီနို ဟာ သူ့ရဲ့ နှလုံးကျန်းမာရေးမကောင်းတဲ့ကြားက Idiots နှုတ်ဆက်ပွဲကို လာရောက် ဖျော်ဖြေတာဖြစ်ပြီး သူကနှလုံးသွေးကြောပိတ်ရောဂါကို ကုသထားရပြီး နှလုံးမှာ Heart Stent ၂ ချောင်းထည့်ထားရသူလည်း ဖြစ်ပါတယ်။
အဒီနိုရဲ့ Fever 109 Band ဟာ ၂၀၀၅ ခုနှစ်ဝန်းကျင်က စတင်ပေါ်ပေါက်ခဲ့ပြီးဂီတသက်တမ်း ၁၉ နှစ်ရှိပြီဖြစ်ကြောင်းသိရပါတယ်။
