ယနေ့ မွန်းလွဲ တစ်နာရီခွဲအချိန် တိုင်းတာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် တစ်ပေဝန်းကျင် ကျော်လွန်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် ဆက်လက် မြင့်တက်လာနိုင်ပြီး ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက်၌ပင် ဆက်လက်တည်ရှိနေနိုင်ကြောင်းလည်းမိုး/ဇလက ဆိုသည်။
မွန်ပြည်နယ်အတွင်းရှိ ဘီးလင်းမြစ်ရေသည် လက်ရှိစိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော်လွန်နေသော်လည်း နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ကို ပြန်လည်ရောက်ရှိနိုင်ကြောင်း ဖော်ပြထားသည်။
အလားတူ ရခိုင်ပြည်နယ်အတွင်းရှိ သံတွဲမြစ်ရေသည် သံတွဲမြို့၏ စိုးရိမ်ရေမှတ်အထက် (၂) ပေခန့်ကျော်လွန်နေပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေနိုင်ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် ဘားအံနှင့် သံတွဲမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေနိုင်ကြရန် မိုး/ဇလက အသိပေးထားသည်။