မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ယနေ့ ဇူလိုင်လ (၁၈) ရက်နံနက် (၇) နာရီ ခွဲခန့်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေစီးဆင်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ မိုးရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ပငကျေးရွာ မြေနိမ့်ပိုင်းရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ကာ ယင်းနေအိမ်များတွင် နေထိုင်သူများအား ကြက်တညှင်ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံသို့ သံဖြူဇရပ်မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။