နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအသစ်ဖြစ်လာသည့် ဦးသန်းဆွေမှ အမေရိကဇုန်၊ဥရောပဇုန်၊အရှေ့အ လယ်ပိုင်းနှင့်အာဖရိကဇုန်တို့ရှိ မြန်မာသံရုံးများနှင့်မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများမှ အကြီးအကဲများ၊သံရုံးယာယီတာဝန်ခံများအား ဖေဖော်ဝါရီ ၂၃ ရက်က Video Conferencing စနစ်ဖြင့်တွေ့ဆုံခဲ့သည်။
ရှေ့တန်းခံစစ်စည်းမှ ထမ်းဆောင်နေကြသည့် သံရုံးအကြီးအကဲများရင်ဆိုင်နေရသည့် အခက်အခဲများကိုနားလည်ကာ မှန်ကန်သည့် သတင်းအ ချက်အလက်များကို သက်ဆိုင်ရာများထံရောက်အောင်ဆောင်ရွက်ရန်
လွဲမှားသည့်သတင်းများကိုချေဖျက်နိုင်ရန် မှန်ကန်သည့်သတင်း၊ရိုးသားမှုတို့နှင့်ဆောင်ရွက်ရမည်ဖြစ်ကာ ယခုအချိန်တွင် ထိတွေ့ဆက်ဆံမှုနှင့်ပတ်သက်၍ အခက်အခဲများရှိနိုင်သော်လည်း အမှန်တရားကို ရှင်းလင်းပြောကြားရန်
သံတမန်တိုက်စစ်မှူးများ၏တာဝန်မှာ မိတ်ဝတ်မပျက် ပွင့်ပွင့်လင်လင်း အမှန်တရားအပေါ် အခြေ ခံပြီး ဆက်ဆံဆောင်ရွက်၍ တိုင်းပြည်နှင့်နိုင်ငံတော်၏ အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ရန်စသည်တို့နှင့်အတူ သံရုံးတာဝန်များအပေါ်ဆွေးနွေး မှာကြားခဲ့သည်။
