အာကာသယာဉ် ထိခိုက်ပျ-က်စီးမှုကြောင့် တရုတ်နိုင်ငံ၏ အာကာသစခန်းတွင် သောင်တင်နေသည့် အာကာသယာဉ်မှူးအဖွဲ့ကို ပြန်လည်ခေါ်ဆောင်ရန် တရုတ်နိုင်ငံက အင်္ဂါနေ့တွင် ရှန်ကျိုး-၂၂ အာကာသယာဉ်ကို လွှတ်တင်ခဲ့သည်။
အင်္ဂါနေ့တွင် Tiangong အာကာသစခန်းနှင့် ချိတ်ဆက်နိုင်ခဲ့သည့် ရှန်ကျိုး-၂၂ ယာဉ်ကို နိုဝင်ဘာ ၁ ရက်တွင် စခန်းသို့ရောက်ရှိနေခဲ့သော အာကာသယာဉ်မှူး သုံးဦးက ၂၀၂၆ ခုနှစ်တွင် အသုံးပြုမည်ဖြစ်သည်။
ယခုလအစောပိုင်းတွင် ရှန်ကျိုး-၂၀ အာကာသမစ်ရှင်မှ တရုတ်အာကာသယာဉ်မှူးတစ်ဖွဲ့သည် ၎င်းတို့ယာဉ်၏ ပြတင်းပေါက်ပျ-က်စီးခဲ့သဖြင့် ကမ္ဘာမြေသို့ပြန်ရန် ကိုးရက်ကြာနှောင့်နှေးနေခဲ့သည်။ နောက်ပိုင်းတွင် ၎င်းတို့သည် Tiangong စခန်းအဖွဲ့ကို အစားထိုးလဲလှယ်ရန် ရောက်ရှိလာသည့် ရှန်ကျိုး-၂၁ ယာဉ်ဖြင့် ပြန်လာနိုင်ခဲ့ကြသည်။
၎င်းတို့သုံးဦး ကမ္ဘာမြေသို့ ဘေးကင်းစွာဆင်းသက်နိုင်ခဲ့သော်လည်း အစားထိုးအဖွဲ့သား အာကာသယာဉ်မှူးသုံးဦးမှာမူ အရေးပေါ်အခြေအနေတွင်ပြန်လာရန် ယာဉ်မရှိဘဲယာယီနေထိုင်နေခဲ့ရသည်။
လက်ရှိတွင် အာကာသ၌ ရှိနေဆဲဖြစ်သည့် ပျ-က်စီးမှုဖြစ်ခဲ့သော အာကာသယာဉ်ကို နောက်ပိုင်းတွင် ကမ္ဘာမြေသို့ ဆင်းသက်စေပြီး အကဲဖြတ်သွားမည်ဟု နိုင်ငံပိုင်စီစီတီဗီသတင်းဌာနက ဖော်ပြခဲ့သည်။ အာကာသယာဉ်သည် အာကာသယာဉ်မှူးများကို သယ်ယူပို့ဆောင်ပေးရန်အတွက် ဘေးကင်းရေးစံနှုန်းများနှင့် မကိုက်ညီကြောင်း ဆုံးဖြတ်ခဲ့သည်။
“ကောင်းကင်နန်းတော်” ဟု အဓိပ္ပာယ်ရသော Tiangong သည် ၎င်း၏ ပထမဆုံးအဖွဲ့သားများကို ၂၀၂၁ ခုနှစ်တွင် လက်ခံခဲ့သည်။ တရုတ်၏ ထိုအာကာသစခန်းသည် နှစ်ပေါင်း ၂၅ နှစ်ကြာ လည်ပတ်နေခဲ့သော နိုင်ငံတကာအာကာသစခန်းထက် သေးငယ်သည်။
Ref: နူးစ်တိုင်းမ်စ်
