Tuesday, January 20, 2026

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ် (၁၂၀)...

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ်(၁၂၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကို ယခုလ (ဇန်နဝါရီ ၃၀) က စတင်ကာ ပြုလုပ်မည်ဟု သိရသည်။ ဖွင့်ပွဲအခမ်းအနားကိုမူ (ဇန်နဝါရီ ၃၁) ရက်တွင်...
HomeInternationalသေဒ-ဏ်ပေးရေး ပြောကြားချက်များကြောင့် သမ္မတ...

သေဒ-ဏ်ပေးရေး ပြောကြားချက်များကြောင့် သမ္မတ ထရမ့်အား စွပ်စွဲပြစ်တင်ရန် ကြိုးပမ်းမှုကိုအောက်လွှတ်တော်က ပယ်ချ

သမ္မတ ဒေါ်နယ်လ် ထရမ့်က သေဒ-ဏ်ပေးရေးနှင့်ပတ်သက်၍ ပြောကြားခဲ့သည့် မှတ်ချက်များအပေါ် စွပ်စွဲပြစ်တင်ရေး လုပ်ငန်းစဉ် စတင်ရန် ကွန်ဂရက်အမတ် အယ်လ် ဂရင်း (Al Green) ၏ တောင်းဆိုမှုကို အမေရိကန် ကွန်ဂရက်လွှတ်တော်၏ အောက်လွှတ်တော်က ပယ်ချခဲ့သည်။

မဲခွဲဆုံးဖြတ်မှုအတွင်း လွှတ်တော်အမတ် ၂၇၃ ဦးက ကန့်ကွက်မဲ ပေးခဲ့ကြပြီး၊ ၁၄၀ ဦးက ထောက်ခံမဲ ပေးခဲ့ကြကာ၊ ၄၇ ဦးက ကြားနေခဲ့ကြသည်။

သမ္မတထရမ့်သည် ၎င်း၏ သမ္မတအာဏာကို အလွဲသုံးစားလုပ်ခြင်း၊ “အကြမ်းဖက်မှုကို အားပေးမြှင့်တင်ရန်၊ ရွံမုန်းဖွယ်ရာ မုန်းတီးမှုကို ဖန်တီးရန်၊ ကျွန်ုပ်တို့၏ ဒီမိုကရေစီကို ထိခိုက်စေရန်နှင့် ကျွန်ုပ်တို့၏ သမ္မတနိုင်ငံကို ပျက်စီးစေရန်” ကြိုးပမ်းခြင်းတို့ဖြင့် ထုတ်ပြန်ချက်တစ်ခုတွင် ကွန်ဂရက်အမတ် ဂရင်းက စွပ်စွဲခဲ့သည်။

ဤမှတ်တမ်းသည် ထရန့်ပ်၏ အစောပိုင်းပြောကြားချက်ကို တုံ့ပြန်ခြင်းဖြစ်ပြီး၊ စစ်တပ်အဖွဲ့ဝင်များအနေဖြင့် ၎င်းတို့ရရှိနိုင်သည့် မည်သည့်တရားမဝင်သောအမိန့်ကိုမဆို ငြင်းပယ်ရန် တိုက်တွန်းပြောဆိုခြင်းများသည် ‘သေဒ-ဏ်ပေးနိုင်သော ပုန်ကန်မှုလုပ်ရပ်များ’ ဖြစ်သည်ဟု ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ်များနှင့် ကွန်ဂရက်အမတ်များအား ထရမ့်က သတိပေးခဲ့ခြင်းသာဖြစ်သည်။

ထို့ပြင်၊ ကွန်ဂရက်အမတ် ဂရင်းက ထရမ့်သည် ဥပဒေပြုအမတ်များနှင့် တရားသူကြီးများအား နိုင်ငံရေးအကြမ်းဖက်မှုနှင့် ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုအန္တရာယ်များနှင့် ရင်ဆိုင်စေနိုင်သည့် “နိုင်ငံရေးရာ ပတ်ဝန်းကျင်ကို ဖန်တီးခဲ့သည်” ဟုလည်း စွပ်စွဲခဲ့သည်။

ယင်းမတိုင်မီကလည်း ကွန်ဂရက်အမတ် ဂရင်းသည် သမ္မတ ထရမ့်၏ ပြည်တွင်းနှင့် ပြည်ပ မူဝါဒများကို ဝေဖန်ရင်း ၎င်းကို စွပ်စွဲပြစ်တင်ရန် မဲခွဲဆုံးဖြတ်ပွဲများ ကျင်းပနိုင်ရန် အကြိမ်များစွာ ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။

လက်ရှိတွင် သမ္မတ ထရမ့်၏ ရီပတ်ဘလစ်ကန်ပါတီသည် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ခုလုံးတွင် အများစုနေရာ ရရှိထားသောကြောင့် နိုင်ငံတော်အကြီးအကဲကို စွပ်စွဲပြစ်တင်ရန် မည်သည့်ကြိုးပမ်းမှုမဆို လက်တွေ့အားဖြင့် မဖြစ်နိုင်ပေ။

ဒီမိုကရက်များသည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင်လည်း ထရမ့်အား စွပ်စွဲပြစ်တင်ရန် ကြိုးစားခဲ့ကြဖူးသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့် ကားများ သည် နှင်းအောက်သို့ မြုပ်ခြင်းများ ဖြစ်ပေါ်နေကြောင်း ရို-က်တာသတင်းဌာန၏ မှတ်တမ်းများနှင့် မိုးလေဝသစောင့်ကြည့်ရေးစခန်းများအရ သိရသည်။ မိုးလေဝသစခန်းများ၏ အဆိုအရ အချို့ဒေသများတွင် ဒီဇင်ဘာလအတွင်း နှင်းထု ၃.၇ မီတာအထိ ကျခဲ့ပြီးနောက် ယခု ဇန်နဝါရီလ ပထမလဝက်အတွင်းမှာပင် နှင်း ၂ မီတာ (၆.၅ ပေ) ကျော် ထပ်မံကျခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071