Saturday, January 24, 2026

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့်...

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ...

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့်...

တရုတ်နိုင်ငံသား(၂၈၃)ဦးအား ပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေအတွင်းသို့ တရားမဝင်ဝင်ရောက်လာကာ အွန်လိုင်းလောင်းက စားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၂၈၃)ဦးကို ပြန် လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ၎င်းတို့အား ဇန်နဝါရီ...
HomeInternationalသုံးနိုင်ငံမဆွေးနွေးမီထိုင်း-ကမ္ဘောဒီးယားအပ-စ်ရပ်‌မှုကို တရုတ်က ကြိုဆို

သုံးနိုင်ငံမဆွေးနွေးမီထိုင်း-ကမ္ဘောဒီးယားအပ-စ်ရပ်‌မှုကို တရုတ်က ကြိုဆို

ပေကျင်း၊ ဒီဇင်ဘာ ၂၇

ရက်သတ္တပတ်ပေါင်းများစွာကြာအောင် ‌ေ-သကျေပျ-က်စီးမှုများရှိခဲ့သည့် နယ်စပ်တို-က်ပွဲများအပြီးတွင် ထိုင်းနိုင်ငံနှင့် အပ-စ်အခတ်ရပ်စဲရေး သဘောတူမှုကိုရရှိခဲ့သည့်အတွက် တရုတ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံကို ဂုဏ်ယူဝမ်းမြောက်ကြောင်း တနင်္ဂနွေနေ့ (ဒီဇင်ဘာလ ၂၈ ရက်နေ့) တွင် ပြောကြားခဲ့သည်။ ယခုအခါ အဆိုပါ သုံးနိုင်ငံမှ တာဝန်ရှိသူများသည် တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် နှစ်ရက်ကြာပြုလုပ်မည့် အစည်းအဝေးသို့ တက်ရောက်ရန် ပြင်ဆင်လျက်ရှိပါသည်။

ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် လတ်တလောကာလအတွင်း ဒုတိယအကြိမ်မြောက် အပ-စ်အခတ်ရပ်စဲရေးကို စနေနေ့တွင် သဘောတူညီခဲ့ပြီး အနည်းဆုံးအနေဖြင့် လူ ၁၀၁ ဦး ‌ေ-သဆုံးခဲ့ပြီး ငါးသိန်းကျော် နေရပ်စွန့်ခွာခဲ့ရသည့် ဆိုးရွားလှသော နယ်စပ်ပဋိပက္ခများကို ရပ်တန့်ခဲ့ပါသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ယခုအပ-စ်အခတ်ရပ်စဲရေးကို “ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရန်အတွက် အရေးပါသော ခြေလှမ်းတစ်ခု” ဟု ခေါ်တွင်ခဲ့ပြီး ၎င်းမှာ “ဒေသတွင်းနိုင်ငံများ၏ ဘုံမျှော်မှန်းချက်နှင့်လည်း ကိုက်ညီသည်” ဟု ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယား ထိပ်တန်းသံတမန် ပရတ်ဆိုခွန်း နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့သည် နယ်စပ်အခြေအနေကို ဆွေးနွေးရန် တနင်္ဂနွေနေ့နှင့် တနင်္လာနေ့များတွင် ယူနန်ပြည်နယ်၌ ဝမ်ယိနှင့် တွေ့ဆုံဆွေးနွေးကြရန် ဆောင်ရွက်လျက်ရှိပါသည်။

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အနေဖြင့် “လုံးဝဥဿုံနှင့် ရေရှည်တည်တံ့မည့် အပ-စ်အခတ်ရပ်စဲရေးကို မြှင့်တင်ရန်၊ ပုံမှန်ဆက်ဆံရေးများ ကိုပြန်လည်စတင်ရန်နှင့် အပြန်အလှန် ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန်” လိုအပ်ကြောင်း ဝမ်ယိက ပြောကြားခဲ့သည်ဟု ရှင်းဟွာသတင်းဌာနက ဖော်ပြထားပါသည်။

နှစ်နိုင်ငံစလုံးမှ သံတမန်များနှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများသည် ယူနန်တွင်ပြုလုပ်မည့် ဤအစည်းအဝေးကို “ပြောင်းလွယ်ပြင်လွယ်ရှိသော နည်းလမ်းဖြင့် ဆက်ဆံရန်နှင့် နားလည်မှုများ မြှင့်တင်ရန်” အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချသင့်ကြောင်းလည်း ဝမ်ယိက ထပ်လောင်းပြောကြားခဲ့သည်။

ထို့အပြင် နယ်စပ်ဒေသတွင် နေရပ်စွန့်ခွာရသူများ ပြန်လည်အခြေချနိုင်ရေးအတွက် ကမ္ဘောဒီးယားနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

Ref: အေရှားဝမ်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျပန်ဖိုက်တာကို ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးအနိုင်ရခဲ့ပြီဖြစ်သည့် ရိုးရာဖိုက်တာကျော်စွာဝင်း

ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲ ဆွတ်ခူး ယနေ့ ကျင်းပပြုလုပ်သည့် ONE Friday Fights 139 ပွဲစဉ်အတွင်း ဂျပန်ဖိုက်တာ မူဂါ ကို ရိုးရာဖိုက်တာကျော်စွာဝင်း က ဒုတိယအချီ စက္ကန်ပိုင်းအချိန်အတွင်း အလဲထိုးဖြင့် အနိုင်ရခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ပထမအချီ၌ပင် ပြိုင်ဘက်ကို နှစ်ကြိမ်လဲကျသည်အထိ ဖိအားပေးထိုးသ-တ်နိုင်ခဲ့သည့်အပြင် ဒုတိယပိုင်း စတင်ပွဲလွှတ်သည်နှင့် အလဲထိုးပြနိုင်ခဲ့သည်။ ပွဲစဉ်အပြီး ချက်ထရီက ချီးမြင့်သည့် ဘောနပ် ဘတ် ၃သိန်းခွဲကိုလည်းဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ ပွဲစဉ်အတွင်း ကျော်စွာဝင်းဆိုသည့် ပရိတ်သတ်၏ အားပေးသံသည် ကွင်းအတွင်းပင် ကြက်သီးထဖွယ်ရာ ကျယ်လောင်ခဲ့သည်။ ကျော်စွာဝင်းသည်...

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၁၃၆)ဦးကို ပ ထမအကြိမ်ပြန်လည်ခေါ်ဆောင်

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများတွင်ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား(၆၇၅) ဦးသည် ၎င်းတို့အစီအစဉ်၊ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများကလွှဲပြောင်းပေးအပ်မှုတို့အရ ယ နေ့ ဇန်နဝါရီ ၂၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မြန်မာသံရုံးတာဝန်ရှိသူများမှ ရောက်ရှိလာသောမြန်မာနိုင်ငံသားများအနက် (၁၃၆)ဦးအား ပထမအသုတ်အဖြစ် မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့်ပြန် လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်အစောပိုင်းတွင် မန္တလေးမြို့ရှိအပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက လိုအပ်သည့်ကိုယ်ရေးအချက်အ လက်များနှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်း၊ စစ် ဆေးခြင်းများပြုလုပ်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း...

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် ရေကြည်မြို့နယ်မှ USDP ပါတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ကြိုင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးတင်မောင်ဝင်းတို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ၌ USDP ပါတီဝင်များတွေ့ဆုံခဲ့ကြသည့် မြင်ကွင်းပုံရိပ်များအားစုစည်းဖော်ပြလိုက်ရပါသည်။ (ရေကြည်မြို့နယ်သည် ရွေးကောက်ပွဲအပိုင်း(၃)တွင်ပါဝင်ပြီး မြို့ပေါ်ရပ်ကွက်/ကျေးရွာများ၌ မဲရုံပေါင်း (၁၂၀)ခန့်ဖွင့်လှစ်သွားမည်ဖြစ်သည်။ Photo-ပေါ်ပြူလာနယူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071