ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် YBS ခရီးသည်တင်ယာဉ်များ ရပ်နားရန်အတွက် Bus Terminal တစ်ခုကို ယခုနှစ်အ တွင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြော င်း YRTC မှ သိရသည်။
အဆိုပါ Bus Terminal တစ်ခုကိုဆောက်လုပ်ရေး ဝန်ကြီး ဌာနက မြေနေရာအကျယ်အဝန်း ငါးဧက မြေနေရာပေါ်တွင် ယခုနှစ်အတွင်း ဆောက်လုပ်သွားရန် စီစဉ်နေခြင်းဖြစ်သ ည်။
ယခုလက်ရှိတွင် အမှတ် (၇၁)၊ အမှတ် (၈၁)၊ အမှ တ် (၉၇) နှင့် အမှတ် (၁၁၈) စသည့် YBS ယာဉ်လိုင်းများ လာရောက်ပြေးဆွဲနေရာ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာအနီးမှ အမှတ် (၁) YBS ယာဉ်လိုင်းနှင့် အမှတ် (၄၆) YBS ယာဉ်လိုင်းတို့မှ ယာ ဉ်အစီးရေ (၂၂) စီးခန့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယင်းအိမ်ရာဝင်း၌ ၃၉၂ ခန်းပါ ဈေးရုံ၇ ရုံ၊ လေဟာ ပြင်ဈေး၊ စီမံခန့်ခွဲရေးရုံး၊ အများသုံးသန့်စင်ခန်း၊ ယာဉ်ရပ်နားနေရာ၊ ကုန်တင်ကုန်ချနေရာ၊ အမှိုက်စွန့်ပစ်နေရာ၊ ရေ လှောင်ကန်၊ ရေစင်၊ Box Culvert ကိုလည်းတည်ဆောက်သွားမည်ဖြစ်ပြီးနောက်ပိုင်းတွင် စူပါမားကတ်များပါ လာရောက်ဖွင့်လှစ်နိုင်သည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။