သုခဒဂုံပြည်သူ့အငှားအိမ်ရာအိမ်ခန်းများ၌ နေထိုင်ခွင့်အတွ က် ဒုတိယအသုတ် မဲပေါက်ထားသူများ မေလတွင် အိမ်လခပေးသွင်း၍ စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ဆော က်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာ န(ရန်ကုန်)မှ သိရသည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့်ဖြစ်သည့် တိုက် (၅၀) လုံး၏ အခန်းပေါင်း (၈၀၀) အနက် တိုက် (၄၈)လုံး၏ အခန်းပေါင်း (၇၆၈) ခန်းအတွက် မီတာများရရှိပြီဖြစ်ကာ လျှပ်စစ်မီးကို မကြာခင်တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လာမည့်မေလအတွင်း သုခဒဂုံပြည်သူ့အငှားအိ မ်ရာ ဒုတိယအဆင့်တွင် မဲပေါက်ထားသူများကို အိမ်ငှားရ မ်းခွင့်အတွက် အိမ်လခပေးသွင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုက်အလိုက် ငွေပေးသွင်းရမည့် ရက်များကို ထပ်မံအသိပေးသွားမည်ဖြစ်ကြော င်းလည်း သိရသည်။
ထို့ပြင် သုခဒဂုံပြည်သူ့ အငှားအိမ်ရာ တတိယအဆင့် အိမ် ခန်းလျှောက်လွှာများကိုလည်း ဧပြီ (၃၀) ရက်တွင် ရုံးချိန်အတွင်း လျှောက်ထားရန် အသိပေးထားသည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာ၏ အခန်းများ၏ တစ်လငှား ရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတု တ္ထထပ် ၄၆,၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုထားခြင်းဖြစ်သည်။