Tuesday, December 16, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeNewsLocal Newsသုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းတွင် နေထိုင်ခွင့်ကို ဩဂုတ်လတွင်...

သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းတွင် နေထိုင်ခွင့်ကို ဩဂုတ်လတွင် စတင်ခွင့်ပြုမည်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်း နေထိုင်ခွင့်အတွက် လျှောက်လွှာ (၁၆၀၀၀) ကျော် ရောင်းချထားပြီး ပထမအဆင့်အဖြစ် ဆောက်လုပ်ပြီးစီးသည့် တိုက်ခန်း(၁,၁၆၈)ခန်းကို ဝင်ငွေနည်းပြီး နေထိုင်ရေးအခက်အခဲရှိသည့် ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းနှင့် တာဝန်ထမ်းဆောင်ဆဲနိုင်ငံ့ဝန်ထမ်းများကို ဩဂုတ်လတွင် စတင်ငှားရမ်းနေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း တိုင်း‌ဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

‘’ သုခဒဂုံပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို ကျွန်တော်တို့က အခန်းပေါင်း (၃၀၀၀) ကျော် ဆောက်လုပ်နေတာဖြစ်ပြီး အဲဒီအထဲမှာ ပြီးစီးမှုအနေနဲ့ အဆင့် (၃) ဆင့်ခွဲပြီးတော့မှ နေရာချထားရေး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ အခု ၈ လပိုင်းမှာ ပြီးစီးအောင်လျာထားပါတယ်။ အခန်း (၁၁၆၈) ခန်း ပြီးဖို့အတွက် လျာထားပါတယ်။ ပထမအဆင့်အတွက် လျှောက်လွှာဖြန့်ဝေတဲ့အခါမှာ ပြည်သူနဲ့ အငြိမ်းစားကို ခရိုင် (၁၄) ခရိုင်ကတစ်ဆင့် မြို့နယ်တွေကို ဖြန့်ပါတယ်။ စုစုပေါင်း ပြည်သူ (၁၀၀၀၀) လောက် ဖြန့်ပြီးပါပြီ။ အငြိမ်းစားအတွက်တော့ (၃၈၀၀) လောက်ဖြန့်ထားပါတယ်။ လျှောက်လွှာတွေကို လိုလို့ရှိရင် လိုသလောက် ဝယ်လို့ရအောင် ဖြန့်ဝေပေးထားပါတယ်။ ဇူလိုင်လ ၂၈ ရက်နေ့အထိ ပြည်သူ (၈၀၀၀) ကို ရောင်းထားပြီးဖြစ်ပါတယ်။ အငြိမ်းစားအတွက် (၂၄၀၀) လောက် ရောင်းထားပြီးဖြစ်ပါတယ်။ ဝန်ထမ်းကတော့ (၆၅၀၀) လောက် ရောင်းထားပြီးဖြစ်ပါတယ်” ဟု တိုင်း‌ဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမှန်တစ်ကယ် နေရေးအခက်အခဲ ရှိသူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှုးရုံးများတွင် လျှောက်လွှာများ ဝယ်ယူ၍ ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး လျှောက်လွှာများ ပြန်လည်တင်ပြရန် အသိပေးထုတ်ပြန်ခဲ့သည်။

အိမ်ခန်းငှားရမ်းခြင်း သက်တမ်းမှာငါးနှစ်ဖြစ်ပြီး ငါးနှစ်နေထိုင်ပြီးပါက အိမ်ခန်းကို ပြန်လည်အပ်နှံရမည်ဖြစ်ကာ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် – ၆၇၀၀၀ ကျပ်၊ ဒုတိယထပ် – ၆၀၀၀၀ ကျပ်၊ တတိယထပ် – ၅၅၀၀၀ ကျပ်၊ စတုတ္ထထပ် – ၄၆၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းသည်  အမှတ် (၂) လမ်းနှင့် အမှတ် (၇) မြိုပတ်လမ်းဆုံအနီးရှိ  မြေဧရိယာ ၁၇၁ ဧကတွင် ဆောင်ရွက်လျက်ရှိပြီး ပထမအဆင့်အဖြစ် အဆောက်အအုံ ၁၉၄ လုံး၊ အခန်း ၃၁၀၄ ခန်းကို ဆောက်လုပ်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် (MCEF) နှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA) တို့မှ အဆောက်အအုံ ၉၇ လုံးစီ ခွဲဝေဆောက်လုပ်ခြင်းဖြစ်ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် ဆန်အိတ်ရေ ၃၀၀ ကျော် ရောင်းချပေးခဲ့

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို နှစ်ပတ်အတွင်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု အရေအတွက် စုစုပေါင်း (၂၆၇) ခုကို ရက် (၉၀) ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်) ၂၉ အိတ်၊...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071