
မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက် သီပေါမင်းနတ်ပြည်စံသက်နှစ်တစ်ရာပြည့်အလှူ အခမ်းအနားကို ဒီဇင်ဘာလ ၁၆ရက်နေ့ နံနက် ပိုင်းက အိန္ဒိယသမ္မတနိုင်ငံ၊ ရတနာဂီရိမြို့ရှိ သီပေါမင်းတရားကြီး အုတ်နန်းပြာသာဒ်ဆောင်၌ ကျင်းပ သည်။
အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။ ဆက်လက်၍ သီပေါမင်း၏ အနွှယ်တော်များမှ ဆက်သွင်းသော သံတော်ဦးတင်လွှာနှင့် ရေစက်ချစာတမ်းများအား အနွှယ်တော်များကိုယ်စား သီပေါမင်းတရားကြီး၏ မြစ်တော်များဖြစ်ကြသောမဟာစန္ဒကုမာရ ဦးစိုးဝင်းနှင့် ဒေါ်ဒေဝီခင်တို့မှ ဆက်သွင်းဖတ်ကြားကြပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
ထိုနေ့ညနေ ၃နာရီတွင် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်အဘိဓဇမဟာ ရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဒေါက် တာဘဒ္ဒန္တကုမာရာဘိဝံသ၊သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဥာဏိဿရအမှူးပြုသောသံဃာ တော်များနှင့်ဒုတိယသမ္မတဦးမြင့်ဆွေ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့်အဖွဲ့ဝင်များသည် Thibaw Point ၌ ကျင်း ပပြုလုပ်သည့် ဗုဒ္ဓဘာသာဝင်များနှင့်တွေ့ဆုံ ဆွေး နွေးခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။ ဦးစွာအခမ်းအနားတက်ရောက်လာကြသူများ သည်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘုရားကြီးထံမှ တရားနာယူကြပြီး သီတဂူဆရာတော်ကြီးမှ သြဝါဒစကားပြောကြား သည်။ ဆက်လက်၍အိန္ဒိယဗုဒ္ဓဘာသာအစည်း အရုံး ကိုယ်စားလှယ် Mr. C. Ruthna Swamy က ဒေသခံဗုဒ္ဓဘာသာဝင်များကိုယ်စားမိတ်ဆက် စကားပြောကြားပြီး အိန္ဒိယဆရာတော် Bthale Sumedho မှ ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့သည်။ ထို့နောက်ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးဦးမောင်ဝေတို့မှကျေးဇူးတင်စကား များအသီးသီး ပြန်လည်ပြောကြားခဲ့ကြောင်းသိရ သည်။
ဓာတ်ပုံ – ကကပြည်
