Tuesday, January 20, 2026

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ...

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့်...

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ် (၁၂၀)...

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် နှစ်(၁၂၀)ပြည့်အထိမ်းအမှတ်ပွဲတော်ကို ယခုလ (ဇန်နဝါရီ ၃၀) က စတင်ကာ ပြုလုပ်မည်ဟု သိရသည်။ ဖွင့်ပွဲအခမ်းအနားကိုမူ (ဇန်နဝါရီ ၃၁) ရက်တွင်...
HomeNewsLocal Newsသီလဝါဆိပ်ကမ်းရှိ သဘာဝဓါတ်ငွေ့ရည် သိုလှောင်သင်္ဘော...

သီလဝါဆိပ်ကမ်းရှိ သဘာဝဓါတ်ငွေ့ရည် သိုလှောင်သင်္ဘော နှင့် သန်လျင်၊သာကေတက လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု အခြေအနေများကို ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသွားရောက်ကြည့်ရှု

သန်လျင် ၂၀၀ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံမှ ကနဦး ဓာတ်အားပမဏ ၁၅၀မဂ္ဂါဝပ် ထုတ်လုပ်နေ

ရန်ကုန်တိုင်း၊ သီလဝါဆိပ်ကမ်းတွင် သဘာဝဓာတ်ငွေ့ရည်သိုလှောင်သင်္ဘော (FSU) ဆိုက်ကပ်ထားမှု၊ သန်လျင် ၂၀၀ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံမှ ကနဦးဓာတ်အားပမဏ ၁၅၀ မဂ္ဂါဝပ်ထုတ်လုပ်နေမှုနှင့် သာကေတ ၃၀၀ မဂ္ဂါဝပ် ဓါတ်အားပေးစက်ရုံစီမံကိန်း အကောင်ထည်ဖော်နေမှုတို့ကို လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ ရန်ကုန် တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် YESC ဥက္ကဋ္ဌတို့မှကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်သူလူထုနှင့်စက်မှုဇုန်များရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပိုမိုထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရန်ရည် ရွယ်၍ သီလဝါဆိပ်ကမ်းတွင်ဆိုက်ကပ်ထားသည့် FSU ပေါ်မှ သဘာဝဓာတ်ငွေ့ရည်ကို ဓာတ်ငွေ့ပြန်လည်ပြုလုပ်သောစက်ရုံ သန်လျင် ၂၀၀ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံက ကနဦးဓာတ်အားပမဏ ၁၅၀ မဂ္ဂါဝပ် ထုတ်လုပ်နေမှုကိုကြည့်ရူစစ်ဆေးခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများမှ သန်လျင် ၂၀၀ မဂ္ဂါဝပ် စက်ရုံနှင့် သာကေတ ၃၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်ထည်ဖော်ဆောင်ရွက်နေမှု၊ LNG သိုလှောင်ထားရှိမှု၊ ဓာတ်ငွေ့သို့ပြောင်းလဲမှု လုပ်ငန်းအစီအစဉ်များစမ်းသပ်မောင်းနှင်မှု၊ ၁၅၀ မဂ္ဂါဝပ်ထုတ်လုပ်နေမှုတို့ကိုရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းမှ လုပ်ငန်းလျာထားအစီအစဉ်များအလိုက် ဓာတ်အားပေးစက်ရုံများမှ ၅၀၀ မဂ္ဂါဝပ်အထိထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ LNG သည် ဈေးနှုန်းကြီးမြင့်သော စွမ်းအင်အရင်းအမြစ်ဖြစ်၍ လေ့လွင်မှုနည်းပါးစေရေး၊ ဓာတ်အားပေးစက်များစဉ်ဆက်မပြတ်မောင်းနှင်နိုင်ရေး၊ စွမ်းအင်ကောင်းမွန်စေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

သီလဝါဆိပ်ကမ်း၌ FSU ဆိုက်ကပ်ထားပြီး သိုလှောင်ထားသော LNG ဓာတ်ငွေ့ရည်ကို ပိုက်လိုင်းများဖြင့် ဓာတ်ငွေ့ပြန်လည်ပြုလုပ်သောစက်ရုံ (Regasification Unit)သို့ပေးပိုခြင်း၊ LNG ကို သဘာဝဓာတ်ငွေ့ပြန် လည်ပြုလုပ်ပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ပေးပို့မောင်းနှင်ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်ပ်၏ငြိမ်းချမ်းရေးဘုတ်တွင် ပါဝင်ရန် တရုတ်ကိုလည်း ဖိတ်ကြားခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပါဝင်ရန် တောင်းဆိုခံခဲ့ရကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့တွင် အတည်ပြု‌ပြောကြားခဲ့သည်။ ပဋိပက္ခများကို ဖြေရှင်းရန် ရည်ရွယ်သည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုကို စတင်ရန် ကြိုးပမ်းမှုအဖြစ် ဝါရှင်တန်က ယင်းဖိတ်ကြားချက်ကို နိုင်ငံများစွာသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီက ဝါရှင်တန်နှင့် ခက်ခဲသောကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်ကို ရရှိထားသော ပေကျင်းသည် ဖိတ်ကြားချက်ကို လက်ခံမည်လား ငြင်းပယ်မည်လားဆိုသည်ကိုမူ မပြောခဲ့ပေ။ ထရမ့်ပ်၏ အဆိုပါအစီအစဉ်တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ကမ္ဘာတစ်ဝန်းမှ အစိုးရများက ယခုအထိ ချိန်ချိန်ဆဆဖြင့် တုန့်ပြန်ခဲ့ကြပြီး ယင်းအစီအစဉ်သည် ကုလသမဂ္ဂကို...

တရုတ်၏ သက်မွေးဝမ်းကျောင်း အစီအစဉ်များက အာဆီယံမှ ပါရမီများအတွက် ပေါင်းကူးဖြစ်လာ

ရှီကျားကျွမ်း၊ ဇန်နဝါရီ ၂၀ တရုတ်နိုင်ငံ မြောက်ပိုင်း၊ ဟဲပေ့ပြည်နယ်ရှိ စတူဒီယိုတစ်ခုတွင် စမတ်ဖုန်းမျက်နှာပြင်ကို ရှေ့တွင်ချထားပြီး ထိုင်းကျောင်းသူ ပီရီဆာ ယန်ဒရူးက ဒေသထွက်ကုန်ပစ္စည်းများကို သူမ၏ မိခင်ဘာသာစကားဖြင့် အွန်လိုင်းအသုံးပြုသူများအား မိတ်ဆက်ပေးနေသည်။ “အရင်က ကျွန်မဟာ နယ်စပ်ဖြတ်ကျော် အီးကောမတ်စ် အလုပ်မှာ အတွေ့အကြုံမရှိသေးတဲ့ စရောင်းသူတစ်ဦးသာ ဖြစ်ခဲ့ပေမဲ့ အခုတော့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုလုံးကို ကျွန်မဘာသာ စီမံခန့်ခွဲနိုင်နေပါပြီ" ဟု ထိုင်းနိုင်ငံရှိ နည်းပညာသိပ္ပံတစ်ခုမှ ကွန်ပျူတာအဓိကကျောင်းသူ ယန်ဒရူးက ပြောကြားခဲ့ပါသည်။ သူသည် နိုင်ငံတကာဖလှယ်ရေးအစီအစဉ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် ဟဲပေ့ဆော့ဖ်ဝဲလ်အင်စတီကျုတွင် တစ်နှစ်ကြာ လာရောက်ပညာသင်ကြားနေခြင်း...

ရုရှားအရှေ့ပိုင်းစံချိန်တင်နှင်းကျ၊ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့

ဇန်နဝါရီ ၂၀ ရုရှားနိုင်ငံ၏ အရှေ့ပိုင်း ကမ်ချတ်ကာကျွန်းဆွယ်တွင် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးနှင်းကျမှုကြောင့် လေးငါးခြောက်မီတာမြင့်သော နှင်းပုံကြီးများ ဖြစ်ပေါ်ခဲ့ရာ အဆောက်အအုံဝင်ပေါက်များ ပိတ်ဆို့ခြင်းနှင့် ကားများ သည် နှင်းအောက်သို့ မြုပ်ခြင်းများ ဖြစ်ပေါ်နေကြောင်း ရို-က်တာသတင်းဌာန၏ မှတ်တမ်းများနှင့် မိုးလေဝသစောင့်ကြည့်ရေးစခန်းများအရ သိရသည်။ မိုးလေဝသစခန်းများ၏ အဆိုအရ အချို့ဒေသများတွင် ဒီဇင်ဘာလအတွင်း နှင်းထု ၃.၇ မီတာအထိ ကျခဲ့ပြီးနောက် ယခု ဇန်နဝါရီလ ပထမလဝက်အတွင်းမှာပင် နှင်း ၂ မီတာ (၆.၅ ပေ) ကျော် ထပ်မံကျခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071