Tuesday, May 26, 2026

ကိုရီးယား သံရုံးနှင့် Taekwondo Promotion...

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံး  နှင့် Taekwondo Promotion Foundation တို့ ပူးပေါင်းပြီး မြန်မာလူငယ်များအတွက် အခမဲ့ တိုက်ကွမ်ဒိုသင်တန်း ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ယနေ့...

နိုင်ငံခြားသားများကို ကိဗ်မှ ထွက်ခွာရန် ရုရှား...

ရုရှားတပ်များက ယူကရိန်းမြို့တော်ကို အကြီးအကျယ်တိုက်ခိုက်ပြီးနောက်တွင် နိုင်ငံခြားသားများကို ကိဗ်မြို့တော်မှ ထွက်ခွာကြရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် တိုက်တွန်းခဲ့သည်။  ရုရှားတပ်များသည် ဒရုန်းများကို ဒီဇိုင်းထုတ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပရိုဂရမ်ရေးသားခြင်း၊...

နာဂ ရှိ ထန်ပါခွေမြို့၌ ကျောင်းအပ်နှံနေကြပြီ

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပ ထမဆုံးကျောင်းအပ်နှံရေးနေ့ဖြစ်သည့် မေ ၂၅ ရက်တွင် ကျောင်းသား/သူ(၂၃၆)ဦးကျောင်းအပ်ခဲ့ကြောင်း သိရသည်။ ထန်ပါခွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌...

ပြည်မြို့နယ်၌ဖော်ဆောင်ထားသည့် တစ်ကွင်းတစ်ဆက်တည်းဧက(၃၀၀)ဟင်းသီးဟင်းရွက်အထူးဇုန်အောင်မြင်

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စု၌ တိုင်းအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တစ်ကွင်းတစ်ဆက်တည်းဧက(၃၀၀)ဟင်းသီးဟင်းရွက်အထူးဇုန်ဖော်ဆောင်ထားရာအောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ အဆိုပါ ဇုန်အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေးဝင်းက မေ ၂၅ ရက်တွင်ကြည့်ရှုအားပေးပြီး စားဖိုဆောင်သီးနှံမျိုးစုံစိုက်ခင်းအား ရာသီအလိုက်စဉ်ဆက်မပြတ် စိုက်ပျိုးရန်မှာကြားကာ...
HomeInternationalသီရိလင်္ကာယာယီသမ္မတ ရွေးကောက်ခံသမ္မတအသစ်ဖြစ်လာ

သီရိလင်္ကာယာယီသမ္မတ ရွေးကောက်ခံသမ္မတအသစ်ဖြစ်လာ

သီရိလင်္ကာယာယီသမ္မတ ရွေးကောက်ခံသမ္မတအသစ်ဖြစ်လာ

ကိုလံဘို၊ဇူလိုင် ၂၀

ယာယီသမ္မတတာဝန်ယူထားသော ယခင်ဝန်ကြီးချုပ်ဟောင်း Ranil Wickremesinghe သည်သီရိလင်္ကာ၏ရွေးကောက်ခံသမ္မတအသစ်ဖြစ်လာခဲ့သည်။သီရိလင်္ကာ လွှတ်တော်အမတ်များသည် ယာယီသမ္မတ Ranil Wickremesinghe အား သမ္မတသစ်အဖြစ် ဗုဒ္ဓဟူးနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့ကြပြီး ခက်ခဲနေသော စီးပွားရေးနှင့် နိုင်ငံရေးအကျပ်အတည်းမှ တိုင်းပြည်ကို ဆွဲထုတ်နိုင်မည်ဟုမျှော်လင့်ကြသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ Ranil Wickremesinghe ကို အဋ္ဌမမြောက် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည်” ဟု လွှတ်တော်က မဲရေတွက်ပြီးနောက်ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံသားအများစု လက်မခံနိုင်သော Wickremesinghe ၏အနိုင်ရရှိမှုသည် လပေါင်းများစွာ လောင်စာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အကြီးအကြယ်ပြတ်တောက်ပြီးနောက် အာဏာရ အထက်တန်းလွှာကို ဒေါသထွက်နေသော လူများက ဆန္ဒပြမှုများ ပိုမိုဖြစ်ပေါ်လာနိုင်သည်ဟု ဆန္ဒပြပြည်သူအများအပြားကပြောကြားခဲ့သည်။

အခြားအဓိကကိုယ်စားလှယ်လောင်း ဖြစ်သည့် အာဏာရပါတီအမတ် Dullas Alahapperuma သည် ဆန္ဒပြသူများနှင့် အတိုက်အခံများကလက်ခံနိုင်သည့် သမ္မတလောင်းဖြစ်သော်လည်း ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှအကူအညီနှင့်သွင်းကုန်အတွက် ပြည်ပငွေလုံးဝပြတ်နေသောတိုင်းပြည်အတွက် အုပ်ချုပ်မှုအတွေ့အကြုံကောင်းကောင်းမရှိသူဖြစ်နေသည်။

အဖွဲ့ဝင် ၂၂၅ ဦးရှိသည့်ပါလီမန်တွင် Wickremesinghe က ၁၃၄ မဲနှင့် Alahapperuma က ၈၂ မဲရရှိခဲ့သည်။ တတိယသမ္မတလောင်း Anura Kumara Dissanayaka ကမူသုံးမဲသာရရှိခဲ့သည်။

Source – Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကိုရီးယား သံရုံးနှင့် Taekwondo Promotion Foundation တို့ ပူးပေါင်းပြီး အခမဲ့ တိုက်ကွမ်ဒို သင်တန်းဖွင့်မည်

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံး  နှင့် Taekwondo Promotion Foundation တို့ ပူးပေါင်းပြီး မြန်မာလူငယ်များအတွက် အခမဲ့ တိုက်ကွမ်ဒိုသင်တန်း ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ယနေ့ မေလ ၂၆ ရက်နေ့တွင် အသိ‌ပေးထားသည်။ အဆိုပါ သင်တန်းကို Taekwondo Promotion Foundation နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံး ပြည်သူ့သံတမန်ရေးရာအဖွဲ့တို့ ပူးပေါင်းစီစဉ်ထားပြီး သင်တန်းကနေတစ်ဆင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း သိရသည်။ သင်တန်းကို ဇွန်လ ၁၃ ရက် နေ့တွင် စတင်မည်ဖြစ်ပြီး အပတ်စဉ် စနေ့နေ့တိုင်း လှစ်မည်ဖြစ်ကြောင်း သိရသည်။ တိုက်ကွမ်ဒိုပညာရပ်ကို...

နိုင်ငံခြားသားများကို ကိဗ်မှ ထွက်ခွာရန် ရုရှား သတိပေး

ရုရှားတပ်များက ယူကရိန်းမြို့တော်ကို အကြီးအကျယ်တိုက်ခိုက်ပြီးနောက်တွင် နိုင်ငံခြားသားများကို ကိဗ်မြို့တော်မှ ထွက်ခွာကြရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် တိုက်တွန်းခဲ့သည်။  ရုရှားတပ်များသည် ဒရုန်းများကို ဒီဇိုင်းထုတ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပရိုဂရမ်ရေးသားခြင်း၊ စစ်ဆင်ရေးအတွက် ၎င်းတို့ကို ပြင်ဆင်ခြင်း အပါအဝင် ယူကရိန်းကာကွယ်ရေးစက်မှုလုပ်ငန်း၏ လုပ်ငန်းဌာနများကို အစီအစဉ်တကျ၊ စဉ်ဆက်မပြတ် တိုက်ခိုက်လျက်ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပြီး ယူကရိန်းတပ်များသည် သောကြာနေ့က ရုရှားတက္ကသိုလ်တစ်ခုကို တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ တိုက်ခိုက်မှုများသည် ဆုံးဖြတ်ချက်ချမှတ်ရေးဌာနများနှင့် အမိန့်ပေးရေးစခန်းများကို ပစ်မှတ်ထားသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆက်လက်ပြောကြားခဲ့သည်။ အထက်ဖော်ပြပါ အဆောက်အအုံများသည် ကိဗ်မြို့တစ်ဝန်းတွင် ပြန့်ကျဲတည်ရှိသောကြောင့် သံတမန်ရေးရာမစ်ရှင်များနှင့်...

နာဂ ရှိ ထန်ပါခွေမြို့၌ ကျောင်းအပ်နှံနေကြပြီ

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပ ထမဆုံးကျောင်းအပ်နှံရေးနေ့ဖြစ်သည့် မေ ၂၅ ရက်တွင် ကျောင်းသား/သူ(၂၃၆)ဦးကျောင်းအပ်ခဲ့ကြောင်း သိရသည်။ ထန်ပါခွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်လက်ခံခဲ့ရာ KG မှ G-11 အထိ ကျောင်း သား(၁၀၉)ဦး၊ ကျောင်းသူ(၁၂၇)ဦး(စုစုပေါင်း ၂၃၆ ဦး)ကျောင်းအပ်ခဲ့ကြပြီး ၎င်းတို့အား နိုင်ငံတော်အစိုးရကအခဲ့ထောက်ပံ့သည့် ကျောင်းသုံးပစ္စည်းများကိုလည်းပေးအပ်ခဲ့ကြောင်း သိရသည်။  ယနေ့ မေ ၂၆ ရက်တွင်လည်း ကျောင်းသား/သူများ ကျောင်းအပ်လက်ခံခြင်းကိုဆက်လက်ဆောင်ရွက်လျက်ရှိကာ မေ ၃၁ ရက်အထိလက်ခံသွားမည်ဖြစ် ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071