Thursday, February 12, 2026

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC...

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ်...

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ...

ရင်ခုန်နေကြသည့် ချစ်သူများနေ့

ချစ်သူများနေ့ရောက်ရှိတော့မည်ဖြစ်ရာ ရန်ကုန်မြို့ရှိ စျေးဝယ်စင်တာများ၌ ချစ်သူများနေ့အထိမ်းအမှတ်ပစ္စည်းများရောင်းချလျက်သည့် မြင်ကွင်းများ
HomeInternationalသီရိလင်္ကာတွင်လောင်စာဆီလုံးဝပြတ်တောက်

သီရိလင်္ကာတွင်လောင်စာဆီလုံးဝပြတ်တောက်

သီရိလင်္ကာတွင်လောင်စာဆီလုံးဝပြတ်တောက်

ကိုလမ်ဘို၊ဇွန် ၂၅

သီရိလင်္ကာတွင်လောင်စာဆီနှင့် ဒီဇယ်ဆီ တင်ပို့မှုများ အကန့်အသတ်မရှိနှောင့်နှေးခဲ့ပြီးနောက် ဓာတ်ဆီနှင့်ဒီဇယ်ပြတ်လုနီးပါးဖြစ်နေသည်ဟု စွမ်းအင်ဝန်ကြီးက စနေနေ့ (ဇွန် ၂၅ ရက်)တွင် ပိုမိုဆိုးရွားလာသော လောင်စာဆီအကျပ်အတည်းအတွက် တောင်းပန်စကားပြောကြားခဲ့သည်။

ပြီးခဲ့တဲ့အပတ်ကရောက်ရှိမည့် ရေနံ ကုန်စည်များ ရောက်မလာခဲ့သလို လာမည့် အပတ်တွင် ရောက်ရန်စီစဉ်ထားသော်လည်း “ဘဏ်လုပ်ငန်း” ကြောင့် သီရိလင်္ကာသို့ မရောက်နိုင်တော့ကြောင်း Kanchana Wijesekera ကပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံသည် အစားအသောက်၊ လောင်စာဆီနှင့် ဆေးဝါးများအပါအဝင် မရှိမဖြစ်လိုအပ်သော တင်သွင်းကုန်များအတွက်ပင် ငွေကြေးထောက်ပံ့ရန် နိုင်ငံခြားငွေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး နိုင်ငံတကာအကူအညီများရရှိရန်ကြိုးပမ်းလျက်ရှိသည်။

Wijesekera ကနိုင်ငံပိုင် Ceylon ရေနံ‌ ကော်ပိုရေးရှင်းသည် နိုင်ငံတွင်းဆီပြန်လည်ထောက်ပံ့နိုင်မည့်အချိန်ကို အတိအကျမပြောနိုင်သေးကြောင်းပြောကြားခဲ့ပြီး CPC အနေဖြင့်လည်း ရေနံစိမ်းပြတ်လပ်မှုကြောင့် ၎င်း၏တစ်ခုတည်းသော ရေနံသန့်စင်စက်ရုံကိုပါပိတ်ထားရကြောင်း ၎င်းကဆက်လက်ပြောသည်။

ရေနံချက်စက်ရုံအတွက် ဒူဘိုင်းအခြေစိုက် Coral Energy မှ နှစ်လအကြွေးစနစ်ဖြင့် ဝယ်ယူသော ရုရှားရေနံစိမ်းတန်ချိန် ၉၀,၀၀၀ ကို ယခုလအစောပိုင်းတွင် စတင်လည်ပတ်ခဲ့သည်။နိုင်ငံတွင်းကျန်ရှိနေသော အနည်းငယ်သော‌လောင်စာကို အများပြည်သူပို့ဆောင်ရေးနှင့်ဓာတ်အားထုတ်လုပ်ခြင်းများအတွက်ဦးစားပေးမျှဝေပေးသွားမည်ဖြစ်သဖြင့် ယာဉ်မောင်းများကိုလာရောက် စောင့်ဆိုင်းတန်းစီခြင်းမပြုရန်လည်း ၎င်းကပြောကြားခဲ့သည်။

စွမ်းအင်အကျပ်အတည်းကြောင့် ပြီးခဲ့တဲ့အပတ်မှစကာ ကျောင်းများနှင့်အခြားအရေးမကြီးသည့် လုပ်ငန်းဌာနများကို အစိုးရကရပ်နားထားခဲ့သည်။ထိုအခြေနေများကြောင့်ပင် နိုင်ငံတစ်ဝှမ်းရှိ ဆေးရုံများတွင်လည်း ဆေးဘက်ဆိုင်ရာဝန်ထမ်းများ လုပ်ငန်းခွင်တက်ရောက်မှုသိသိသာသာကျဆင်းသွားခဲ့သည်။

ဝန်ကြီးချုပ် Ranil Wickremesinghe က လူဦးရေ ၂၂ သန်းရှိသော တောင်အာရှနိုင်ငံတွင်ခက်ခဲမှုများကို လအနည်းငယ်ကြာ ဆက်လက်ကြုံတွေ့ရဦးမည်ဟု ဗုဒ္ဓဟူး‌နေ့၌ပါလီမန်တွင် သတိပေးခဲ့ပြီး ပြည်သူများကိုလည်း လောင်စာဆီချွေချွေတာတာသုံးရန်တိုက်တွန်းခဲ့သည်။

“ကျွန်‌တော်တို့နိုင်ငံရဲ့စီးပွားရေးက လုံးဝပြိုလဲသွားပါပြီ၊ လောင်စာဆီ၊ ဓာတ်ငွေ့၊ လျှပ်စစ်နဲ့စားနပ်ရိက္ခာ ပြတ်တောက်မှု‌ တွေကြုံတွေ့ရပြီးနောက်ပိုင်းပိုဆိုးရွားတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်” ဟု Wickremesinghe ကပြောကြားခဲ့သည်။

သီရိလင်္ကာသည် အမေရိကန်ဒေါ်လာ ၅၁ ဘီလီယံရှိသည့် နိုင်ငံခြား‌ချေးငွေကိုပြန်ဆပ်ရန်ပျက်ကွက်ခဲ့ကြောင်း ဧပြီလတွင်အစိုးရကကြေညာခဲ့ပြီး အရေးပေါ်အကူညီရရှိရန်အတွက်နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ညှိနှိုင်းလျက်ရှိသည်။

Source – AFP/nh

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း UEC ထုတ်ပြန်

မဲဆန္ဒရှင်များနှင့် ရွေးကောက်ပွဲ၌ပါဝင်ဆောင်ရွက်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဖေဖော်ဝါရီ ၁၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပခဲ့ရာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီးပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။ ထိုသို့ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန် ပြည်တွင်း/ပြည်ပမှ ကြိုတင်ဆန္ဒမဲပေးခဲ့ကြသူများ၊ မဲရုံသို့ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲပေးခဲ့ကြသည့် မဲဆန္ဒရှင်များအားအထူးကျေးဇူးတင်ပြီး မှတ်တမ်းတင်ဂုဏ်ပြုသည်ဟု UEC ကအသိပေးခဲ့သည်။ ထို့ပြင် စေတနာစွမ်းအား၊ ဉာဏ်ပညာစွမ်းအား၊ ဝီရိယစွမ်းအားများဖြင့် နိုင်ငံတော်တာဝန်တစ်ရပ်အဖြစ် အား သွန်ခွန်စိုက် တာဝန်ကျေပွန်စွာပူးပေါင်းပါဝင်ဆောင် ရွက်ခဲ့ကြသည့်...

မီးလောင်မှုကြောင့် ထိခို-က်ဒ-ဏ်ရာရခဲ့သည့် မြန်မာအလုပ်သမား(၇)ဦး ဆေးကုသမှုခံယူနေစဥ် လစာအပြည့်အဝရရှိမည်

မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံ၊ စမုစခွန်ပြည်နယ်၊ အုန်းနွိုင်းမြို့ရှိ မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် ဖေဖော်ဝါရီ ၁၀ ရက်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မီးလေ-ာင်မှုဖြစ်ပွားရာ မြန်မာအလုပ်သမား(၇)ဦးအပါအဝင် အလုပ်သမား(၁၃)ဦး၌ ထိခို-က်ဒ-ဏ်ရာများရရှိခဲ့သဖြင့် Vichavej International Hospital နှင့် Mahachai 2 Hospital တို့တွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးမှ အလုပ်သမားသံမှူးက မြန်မာအလုပ်သမားများအားတွေ့ဆုံအားပေးပြီးနောက် စက်ရုံ၏ HR Manager နှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုများအရ ကုမ္ပဏီဘက်မှ ထိခို-က်ဒ-ဏ်ရာရသူ များအတွက်...

မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ မဟာသင်္ကြန်ရုံးပိတ်ရက်အပါအဝင် ၈၆ ရက်ကြာ ကျင်းပလျက်ရှိသည်။ " လမ်းခရီးကအဆင်ပြေတယ်။ နည်းနည်းပါးပါးစစ်တာတော့ရှိတာပေါ့။ ဟိုမှာလည်း တည်းခိုရတာအဆင်ပြေတယ်။ သွားလို့ရတယ်။ အေးအေးဆေးဆေးပါပဲ" ဟု ဘုရာဖူးပြည်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ထို့ပြင်အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရဟန်းရှင်လူပြည်သူများဖြင့် စိတ်အေးချမ်းသာစွာ တည်းခိုနိုင်ရန် တည်းခိုဆောင်ခန်းပေါင်း ၅၀၀ ကျော်နှင့် ဈေးဆိုင်ခန်း ၇၀၀ ကျော်ကို မန်းချောင်းသောင်ပြင်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071