Monday, January 19, 2026

သီတဂူဆရာတော်ကြီးမှ IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္က သိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအ နားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈...

တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အားကန့်ကွက်ရှုတ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး...

နိုင်ငံတော်ယာယီသမ္မတ (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊...

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင်ကျင်းပသည့် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊...

ကျိုင်းတုံမြို့ရှိ စေတီတော်များကို နိုင်ငံတော် ယာယီသမ္မတဖူးမြော်

သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးရှိ ငြိမ်းချမ်းရေးခေါင်းလောင်းတော်အားထိုးခတ်ပူဇော် နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်...
HomeNewsLocal Newsသီရိမင်္ဂလာစျေးနှင့် ရွှေပိတောက်ငါးစျေးတို့ကို နိုင်ငံ...

သီရိမင်္ဂလာစျေးနှင့် ရွှေပိတောက်ငါးစျေးတို့ကို နိုင်ငံ တော် ယာယီသမ္မတကြည့်ရှုစစ်ဆေးစျေးများအတွင်း ရေစီးရေလာကောင်းမွန်ရေးကို အဓိ ကထားမှာကြား

နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန် တိုင်း၊ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးနှင့် ရွှေပိတောက်ငါးဈေးတို့သို့ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သီရိမင်္ဂလာဈေးအတွင်း ဈေးဆိုင်ခန်းများ၌ ဈေး ရောင်းချနေသူများ၊ ကုန်များလာရောက်ပို့ဆောင်ကြသည့်ကုန်သည်များအား နိုင်ငံတော် ယာယီသမ္မတမှ ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ကုန်များရရှိမှု၊ ဈေးကွက် ရ ရှိမှု၊ နေ့စဉ်ဈေးရောင်းချရာတွင်ကြုံတွေ့ရမှုများနှင့် သိ ရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော် ယာယီသမ္မတမှ သီရိမင်္ဂလာဈေးအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေဝင်ရေထွက် မြောင်းများစနစ်တကျဖြစ်စေရေး အပိုင်းလိုက်သတ် မှတ်၍ ရေဆေးခြင်းများ၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်၊ ပျက်စီးနေ သည့် အမိုးများကိုပြန်လည်ပြုပြင်ရန်၊ လေဝင်လေ ထွက်စနစ်များကောင်းမွန်စေရေးဆောင်ရွက်ရန်၊ လှိုင်မြစ်ကမ်းနံဘေး၌ ကုန်စိမ်းများလာရောက်ပို့ဆောင်ရာ တွင် စွန့်ပစ်အမှိုက်များအား မြစ်အတွင်းသို့ စွန့်ပစ်ခြင်းများမရှိစေရေးနှင့် စနစ်တကျဖြစ်စေရေးဆောင်ရွက်ရန်တို့ကိုမှာကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော် ယာယီသမ္မတသည် ရွှေပိတောက်ငါးဈေးသို့သွားရောက်၍ ဈေးဆိုင်ခန်းများအလိုက် ဈေး ရောင်းချနေသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ဈေးရောင်းချရမှုအားမေးမြန်းပြီးအားပေးစကားပြောကြားပြီးနောက် လှိုင်မြစ်နံဘေးရှိ ရွှေပိတောက်ငါးဈေးဆိပ်ခံဗောတံတား၌ ခရီးသည်များနှင့် ငါးကုန်သည်များ၏ သင်္ဘောများ၊ လှေများဆိုက်ကပ်မှု၊ အသုံးပြုမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ တာဝန်ရှိသူများအား ရွှေပိတောက်ငါးဈေးအတွင်း ရေစီးရေလာကောင်း မွန်စေရေး၊ အမှိုက်စွန့်ပစ်မှုများစနစ်တကျဖြစ်စေရေး၊ ပျက်စီးယိုယွင်းနေမှုများအား အမြန်ဆုံးပြန်လည်ပြင် ဆင်ပေးရေးတို့ကိုမှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီတဂူဆရာတော်ကြီးမှ IBEC ဗုဒ္ဓတက္ကသိုလ်မှ ဘွဲ့ရရှိသူများကို ဘွဲ့တံဆိပ်များအပ်နှင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္က သိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအ နားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈ နာရီခွဲက တက္က သိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ သီတဂူဆရာ တော်ကြီးကြွရောက်တော်မူခဲ့ကြောင်း သိရသည်။ ထိုသို့ ကြွရောက်တော်မူပြီးနောက် ဘွဲ့ရကျောင်းသား/သူများနှင့် ဧည့်ပရိသတ်များအား သာသနာပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်နိုင်ရန် လမ်းညွှန်ဩ ဝါဒကထာများချီးမြှင့်တော်မူပြီးနောက် IBEC နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တည်ထောင်သူ ပါမောက္ခချုပ်ဆရာ တော် ဒေါက်တာအရှင်သောဘိတမှ ဂုဏ်ပြုမိန့်ခွန်းမိန့်ကြားတော်မူခဲ့ကြောင်း သိရသည်။ ထို့နောက် သီတဂူဆရာတော်ကြီးမှ ဗုဒ္ဓဒေသနာ မဟာဝိ ဇ္ဇာ(MA)ဘွဲ့ရ(၁၇)ပါး ၊...

တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်အားကန့်ကွက်ရှုတ်ချဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

တီမောလက်စ်တေနိုင်ငံ၏ အာဆီယံပဋိညာဉ်နှင့် ဆန့်ကျင်သည့်လုပ်ရပ်လုပ်ဆောင်နေမှုကို ကန့်ကွက်ရှုတ်ချသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယနေ့ ဇန်နဝါရီ ၁၈ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ တီမောလက်စ်တေ သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာသည် ချင်းလူ့အခွင့်အရေးအဖွဲ့အား ဇန်နဝါရီ ၁၄ ရက်တွေ့ဆုံ၍ ဒေသတွင်းတရားမျှတမှုနှင့် တာဝန်ခံမှုရှိရေးဆွေးနွေးခဲ့မှု၊ ဒီလီမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်ကကျင်းပခဲ့သော အစိုးရအဖွဲ့ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မြန်မာအစိုးရမှ မတရားအသင်းကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်း "NUG"မှ ဇင်မာအောင်နှင့်အဖွဲ့အားဖိတ်ကြားပြီး သမ္မတ မစ္စတာ ဟိုဆေး ရာမို့စ် ဟော်တာက လက်ခံတွေ့ဆုံမှုများပြုလုပ်ခဲ့သည်။ ထိုသို့...

နိုင်ငံတော်ယာယီသမ္မတ (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်တက်ရောက် ဒေသခံများကို ရင်းရင်းနှီးနှီး နှုတ်ဆက်

နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၁၈ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်ကွင်းတွင်ကျင်းပသည့် (၄၂) ကြိမ်မြောက် ကျိုင်းတုံမြို့နယ်၊ လားဟူတိုင်းရင်းသားရိုးရာစုပေါင်း နှစ်သစ်ကူးပွဲတော်ကိုတက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်ပြီးနောက် ဒေသရိုးရာအစားအသောက်များ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ဈေးဆိုင်ခန်းများဖွင့်လှစ်ရောင်းချနေမှုများကို ကြည့်ရှုခဲ့သည်။ ထို့ပြင် နိုင်ငံတော်ယာယီသမ္မတမှ ဈေးရောင်းချနေသူများ၊ လာရောက်စားသုံးသူများ၊ နှစ်သစ်ကူးပွဲတော်လာရောက်ဆင်နွဲသည့် လားဟူတိုင်းရင်းသားများ၊ ဒေသခံများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071