(Unicode)
သီပေါမင်းရဲ့ မြေးတော်ထိပ်စုဖုရားကြီး ကံတော်ကုန်ရှာ
မန္တလေး ရတနာပုံမြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီးနဲ့ အလယ်နန်းတော် ဆင်ဖြူမရှင် မိဘုရားကြီး တို့ရဲ့ မြစ်တော်၊ ရတနာပုံ ဒုတိယနန်းစံမင်း သီပေါဘုန်းတော်ကြီးဘုရားနဲ့ အရှင်နန်းမတော် ထိပ်စုဘုရားလတ်တို့ရဲ့ မြေးတော်၊ စတုတ္တသမီးတော် အရှင်ထိပ်စုမြတ်ဘုရားကလေးနဲ့ မြောက်သားတော် ကိုကိုနိုင် တို့ရဲ့ သမီးတော်ကြီးဖြစ်တဲ့ ထိပ်စုဖုရားကြီး(ခ) ဒေါ်စုစုခင်ဟာ ဒီကနေ့ ဒီဇင်ဘာလ ၃၁ရက် မနက်၄နာရီ၁၅မှာ ကံတော်ကုန်သွားပြီလို့ကုန်းဘောင်ဆက်ဆွေတော်မျိုးတော်များအသင်း ( အောက်မြန်မာပြည်)က သတင်းတစ်ရပ်ထုတ်ပြန်ပါတယ်။
ထိပ်တင်အောင်က “ဖွားမေ မနက်ကပဲ ကံတော်ကုန်သွားပါတယ်”လို့ ပြောပါတယ်။
အသက်၉၉ နှစ်အရွယ်ရှိ ဖွားမေဟာ ကျန်းမာရေးကောင်းမွန်သူတစ်ဦးဖြစ်ပြီး သက်တောင့်သက်သာ နဲ့ ကံတော်ကုန်သွားတယ်လို့ ထိပ်စုဖုရားကြီးရဲ့ သမီးဖြစ်သူ ဒေါ်ဒေဝီခင်က ပြောပါတယ်။
“သက်တောင့်သက်သာလေးပဲ ထင်တောင်မထင်ထားဘူး။ ကံတော်မကုန်ခင် တစ်ကြိမ်လောက်တော့ အန်လိုက်သေးတယ်။ညီးတာ ညူတာ မရှိပါဘူး”လို့ ပြောပါတယ်။
သက်တော်က လာမယ့်ဧပြီ ၅ရက်မှာ ၉၉ နှစ်ပြည့်မှာလို ဆက်ပြောပြီး အလှူအတန်းတွေ ဆောင်ရွက်ဖို့တောင် စီစဉ်ထားတယ်လို့ ပြောပါတယ်။
“သက်တော်ကြီးရင့်တော့လည်း အတွင်းကလီစာတွေက ပျက်သွားပြီလေ”လို့ ဒေဝီခင်ကဆိုပါတယ်။
ဈာပနကို လာမယ့် တနင်္ဂနွေနေ့ နေ့လည်မှာ ရန်ကုန်ရေဝေးသုဿန်မှာ ဆောင်ရွက်မယ်လို့ ပြောပါတယ်။
(Zawgyi)
သီေပါမင္းရဲ႕ ေျမးေတာ္ထိပ္စုဖုရားႀကီး ကံေတာ္ကုန္ရွာ
မႏၲေလး ရတနာပုံၿမိဳ႕တည္နန္းတည္ မင္းတုန္းမင္းတရားႀကီးနဲ႔ အလယ္နန္းေတာ္ ဆင္ျဖဴမရွင္ မိဘုရားႀကီး တို႔ရဲ႕ ျမစ္ေတာ္၊ ရတနာပုံ ဒုတိယနန္းစံမင္း သီေပါဘုန္းေတာ္ႀကီးဘုရားနဲ႔ အရွင္နန္းမေတာ္ ထိပ္စုဘုရားလတ္တို႔ရဲ႕ ေျမးေတာ္၊ စတုတၱသမီးေတာ္ အရွင္ထိပ္စုျမတ္ဘုရားကေလးနဲ႔ ေျမာက္သားေတာ္ ကိုကိုႏိုင္ တို႔ရဲ႕ သမီးေတာ္ႀကီးျဖစ္တဲ့ ထိပ္စုဖုရားႀကီး(ခ) ေဒၚစုစုခင္ဟာ ဒီကေန႔ ဒီဇင္ဘာလ ၃၁ရက္ မနက္၄နာရီ၁၅မွာ ကံေတာ္ကုန္သြားၿပီလို႔ကုန္းေဘာင္ဆက္ေဆြေတာ္မ်ိဳးေတာ္မ်ားအသင္း ( ေအာက္ျမန္မာျပည္)က သတင္းတစ္ရပ္ထုတ္ျပန္ပါတယ္။
ထိပ္တင္ေအာင္က “ဖြားေမ မနက္ကပဲ ကံေတာ္ကုန္သြားပါတယ္”လို႔ ေျပာပါတယ္။
အသက္၉၉ ႏွစ္အ႐ြယ္ရွိ ဖြားေမဟာ က်န္းမာေရးေကာင္းမြန္သူတစ္ဦးျဖစ္ၿပီး သက္ေတာင့္သက္သာ နဲ႔ ကံေတာ္ကုန္သြားတယ္လို႔ ထိပ္စုဖုရားႀကီးရဲ႕ သမီးျဖစ္သူ ေဒၚေဒဝီခင္က ေျပာပါတယ္။
“သက္ေတာင့္သက္သာေလးပဲ ထင္ေတာင္မထင္ထားဘူး။ ကံေတာ္မကုန္ခင္ တစ္ႀကိမ္ေလာက္ေတာ့ အန္လိုက္ေသးတယ္။ညီးတာ ညဴတာ မရွိပါဘူး”လို႔ ေျပာပါတယ္။
သက္ေတာ္က လာမယ့္ဧၿပီ ၅ရက္မွာ ၉၉ ႏွစ္ျပည့္မွာလို ဆက္ေျပာၿပီး အလႉအတန္းေတြ ေဆာင္႐ြက္ဖို႔ေတာင္ စီစဥ္ထားတယ္လို႔ ေျပာပါတယ္။
“သက္ေတာ္ႀကီးရင့္ေတာ့လည္း အတြင္းကလီစာေတြက ပ်က္သြားၿပီေလ”လို႔ ေဒဝီခင္ကဆိုပါတယ္။
ဈာပနကို လာမယ့္ တနဂၤေႏြေန႔ ေန႔လည္မွာ ရန္ကုန္ေရေဝးသုႆန္မွာ ေဆာင္႐ြက္မယ္လို႔ ေျပာပါတယ္။