Friday, May 23, 2025

အလွန်ပါး‌သော Galaxy S25 Edge...

ဆမ်ဆောင်းအီလက်ထရွန်းနစ်၏ အပါးလွှာဆုံးစမတ်ဖုန်းအသစ်ဖြစ်သော Galaxy S25 Edge သည် ၅.၈ မီလီမီတာပရိုဖိုင်ရှိပြီး ပေါ့ပါးသော ဒီဇိုင်းဖြင့် ၁၆၃ ဂရမ်သာ လေးသည်။...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၀)ကျော်ရှိ ရပ်ရွာလူထုနှင့်...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၅)မြို့နယ်ရှိ ရပ်ရွာလူထုနှင့် ကလေးများအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်အား သိရှိသတိပြုမိစေရန် အသိပညာပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို...

ရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ–ယူကရိန်း

ကိဗ်၊မေ ၂၂ ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။ အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆...

MNL League Cup-2025 ပြိုင်ပွဲ...

ရတနာပုံ FC အသင်းသည် MNL League Cup-2025 အုပ် စုပွဲစဉ် (၃)ပွဲကစားပြီးနောက် ရမှတ်(၉)မှတ်ဖြင့် Quarter Final အဆင့်သို့...
HomeMovies``သီချင်းတွေကို MVလေးနဲ့ပါ တွဲထွက်ချင်တဲ့အတွက်...

“သီချင်းတွေကို MVလေးနဲ့ပါ တွဲထွက်ချင်တဲ့အတွက် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း ပြောလာတဲ့ အဆိုတော် ချောစုခင်´´

“သီချင်းတွေကို MVလေးနဲ့ပါ တွဲထွက်ချင်တဲ့အတွက် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း ပြောလာတဲ့ အဆိုတော် ချောစုခင်´´
အသံပါဝါအားကောင်းကောင်း နဲ့ သီချင်းတွေကိုသီဆိုတဲ့ အဆိုတော် ချောစုခင်ဟာ အားပေးသူပရိသတ်အခိုင်အမာနဲ့ ယနေ့တိုင်အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်း ကူးပြောင်းလာခဲ့သလို ဂီတ အနုပညာဖန်တီးမှုတွေလည်းများပြားလာခဲ့တဲ့ အချိန်မှာ သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ်ဖန်တီးရတာ မလွယ်ကူကြောင်းလည်း သူမက ပြောပါတယ်။ ပရိသတ်နဲ့လည်း အနေဝေးသလို ဖြစ်နေတာကြောင့် သူမရဲ့ တေးသီချင်းကောင်းတွေကို မျှော်လင့်နေတဲ့ ပရိသတ်ကြီးအတွက် မကြာမီမှာ တေးသီချင်းသစ်တွေနဲ့ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ “သီချင်းတွေကိုလုပ်နေတာတော့ လွန်ခဲ့တဲ့ ၂နှစ်ဝန်းကျင်လောက်ကတည်းကပါ။ ကိုယ်ပိုင် owntune လေးလုပ်ချင်တဲ့အခါကျတော့ အချိန်က ပိုကြန့်ကြာသွားတယ်။ ´´ အရင်တုန်းက Producer က တော်တော်များများစီစဉ်ပေးခဲ့တာမျိုးပေါ့။ ခုကျမှ ကိုယ်တိုင်လုပ်ရတော့ နှောင့်နှေးကြန့်ကြာမှုလေးတွေ ရှိနေခြင်းဖြစ်တယ်လို့ ချောစုခင်ကပြောပါတယ်။ ချောစုပရိသတ်တွေကလည်း မျှော်လင့်နေကြပြီပေါ့နော်…သချင်း အသစ်တွေမတင်သေးဘူးလား…ဘယ်တော့ထွက်မလဲမေးကြတယ်ပေါ့နော်။ချောစုကိုယ်တိုင်လည်း ပရိသတ်တွေအတွက် ကိုယ့်အနုပညာတွေချပြချင်နေပါပြီ။ သီချင်းတွေကို MVလေးနဲ့ပါတွဲထွက်ချင်တဲ့အတွက်ရယ် ပရိသတ်ကိုချပြတဲ့အခါမှာလည်း အကောင်းဆုံးပဲဖြစ်စေချင်တယ်လို့ ချောစုခင်ကပြောပါတယ်။အဆိုရှင် တစ်ယောက်အနေနဲ့ ဂီတဖန်တီးမှုတွေလုပ်ရတဲ့အခါမှာလည်း မလွယ်ကူကြောင်းကိုပြောပါတယ်။ သီချင်းတစ်ပုဒ်နဲ့တစ်ပုဒ်၊ တစ်ပုဒ်ကနေမှ သီချင်းအပုဒ်ရေများများ၊ ပြီးမှ Albumထွက်ဖို့လုပ်ရတာဆိုတော့ အခက်အခဲတွေ ရှိကြောင်းလည်းပြောပါတယ်။ ဂီတအနုပညာရှင်ညီအစ်မဖြစ်တဲ့ တင်ဇာမော်ကလည်း Albumမထွက်ခင်တော့ ပရိသတ်အတွက် သီချင်းအမြည်းတစ်ပုဒ်လောက်တော့ပေးစေချင်တယ်လို့ပြောပါတယ်။ လတ်တလောမှာလည်း သီချင်းတွေထွက်နိုင်ဖို့ ကြိုးစားနေပြီး ပရိသတ်ကြီးအတွက် မကြာခင်မှာ သီချင်းကောင်းတွေနားဆင်ရတော့မယ်ဖြစ်ကြောင်း ချောစုခင်ကပြောပါတယ်။

“သီခ်င္းေတြကို MVေလးနဲ႔ပါ တြဲထြက္ခ်င္တဲ့အတြက္ ၾကန႔္ၾကာေနရျခင္းျဖစ္ေၾကာင္း ေျပာလာတဲ့ အဆိုေတာ္ ေခ်ာစုခင္´´

အသံပါဝါအားေကာင္းေကာင္း နဲ႔ သီခ်င္းေတြကို​သီဆိုတဲ့ အဆိုေတာ္ ေခ်ာစုခင္ဟာ အားေပးသူပရိသတ္အခိုင္အမာနဲ႔ ယေန႔တိုင္ေအာင္ျမင္တဲ့ အဆိုေတာ္တစ္ေယာက္အေနနဲ႔ ရပ္တည္ေနတာျဖစ္ပါတယ္။ ေခတ္ေရစီးေၾကာင္း ကူးေျပာင္းလာခဲ့သလို ဂီတ အႏုပညာဖန္တီးမႈေတြလည္းမ်ားျပားလာခဲ့တဲ့ အခ်ိန္မွာ သီခ်င္းတစ္ပုဒ္နဲ႔ တစ္ပုဒ္ဖန္တီးရတာ မလြယ္ကူေၾကာင္းလည္း သူမက ေျပာပါတယ္။ ပရိသတ္နဲ႔လည္း အေနေဝးသလို ျဖစ္ေနတာေၾကာင့္ သူမရဲ့ ေတးသီခ်င္းေကာင္းေတြကို ေမၽွာ္လင့္ေနတဲ့ ပရိသတ္ႀကီးအတြက္ မၾကာမီမွာ ေတးသီခ်င္းသစ္ေတြနဲ႔ ျမင္ေတြ႕ရေတာ့မွာျဖစ္ပါတယ္။   “သီခ်င္းေတြကိုလုပ္ေနတာေတာ့ လြန္ခဲ့တဲ့ ၂ႏွစ္ဝန္းက်င္ေလာက္ကတည္းကပါ။ ကိုယ္ပိုင္ owntune ေလးလုပ္ခ်င္တဲ့အခါက်ေတာ့ အခ်ိန္က ပိုၾကန႔္ၾကာသြားတယ္။ ´´ အရင္တုန္းက Producer က ေတာ္ေတာ္မ်ားမ်ားစီစဥ္ေပးခဲ့တာမ်ိဳးေပါ့။ ခုက်မွ ကိုယ္တိုင္လုပ္ရေတာ့ ေႏွာင့္ေႏွးၾကန႔္ၾကာမႈေလးေတြ ရွိေနျခင္းျဖစ္တယ္လို႔ ေခ်ာစုခင္ကေျပာပါတယ္။ ေခ်ာစုပရိသတ္ေတြကလည္း ေမၽွာ္လင့္ေနၾကၿပီေပါ့ေနာ္…သခ်င္း အသစ္ေတြမတင္ေသးဘူးလား…ဘယ္ေတာ့ထြက္မလဲေမးၾကတယ္ေပါ့ေနာ္။ေခ်ာစုကိုယ္တိုင္လည္း ပရိသတ္ေတြအတြက္ ကိုယ့္အႏုပညာေတြခ်ျပခ်င္ေနပါၿပီ။ သီခ်င္းေတြကို MVေလးနဲ႔ပါတြဲထြက္ခ်င္တဲ့အတြက္ရယ္ ပရိသတ္ကိုခ်ျပတဲ့အခါမွာလည္း အေကာင္းဆုံးပဲျဖစ္ေစခ်င္တယ္လို႔ ေခ်ာစုခင္ကေျပာပါတယ္။အဆိုရွင္ တစ္ေယာက္အေနနဲ႔ ဂီတဖန္တီးမႈေတြလုပ္ရတဲ့အခါမွာလည္း မလြယ္ကူေၾကာင္းကိုေျပာပါတယ္။ သီခ်င္းတစ္ပုဒ္နဲ႔တစ္ပုဒ္၊ တစ္ပုဒ္ကေနမွ သီခ်င္းအပုဒ္ေရမ်ားမ်ား၊ ၿပီးမွ Albumထြက္ဖို႔လုပ္ရတာဆိုေတာ့ အခက္အခဲေတြ ရွိေၾကာင္းလည္းေျပာပါတယ္။ ဂီတအႏုပညာရွင္ညီအစ္မျဖစ္တဲ့ တင္ဇာေမာ္ကလည္း Albumမထြက္ခင္ေတာ့ ပရိသတ္အတြက္ သီခ်င္းအျမည္းတစ္ပုဒ္ေလာက္ေတာ့ေပးေစခ်င္တယ္လို႔​ေျပာပါတယ္။ လတ္တေလာမွာလည္း သီခ်င္းေတြထြက္နိုင္ဖို႔ ႀကိဳးစားေနၿပီး ပရိသတ္ႀကီးအတြက္ မၾကာခင္မွာ သီခ်င္းေကာင္းေတြနားဆင္ရေတာ့မယ္ျဖစ္ေၾကာင္း ေခ်ာစုခင္ကေျပာပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071