Monday, May 12, 2025

ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ရမန်းချောင်းကို ကြိုးပြင်ကာကွယ်တောအဖြစ်...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧက (၃) ထောင်ကျော်ကျယ်ဝန်းသောနယ်မြေကို "ရမန်းချောင်းကြိုးပြင်ကာကွယ်တော"အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့်...

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းတွင်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့်...

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင်...

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း...
HomeCelebrities' Newsသားဖြစ်သူအတွက် ဂုဏ်ယူပီတိအပြုံးတွေနဲ့မွေးနေ့ရှင် ဒါရိုက်တာ...

သားဖြစ်သူအတွက် ဂုဏ်ယူပီတိအပြုံးတွေနဲ့မွေးနေ့ရှင် ဒါရိုက်တာ စင်ရော်မောင်မောင်

အလင်္ကာကျော်စွာ အကယ်ဒမီ ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ မွေးနေ့ အလှူအဖြစ် အောက်တိုဘာ ၁၇ရက်နေ့ မနက် ၉ နာရီက မဟာဝိ သုဒ္ဓါရုံ ကျောင်းတိုက်ရှိ ယောဆရာ တော်ထံတွင် ရေစက်ချ တရားနာ ယူခဲ့ပြီး သံဃာတော် ၁၄ဝ ပါးကို နေ့ ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ်။

”ငယ်ငယ်လေးကတည်းက ဒီ ကျောင်းမှာ ကြီးပြင်းခဲ့ရတယ်။ ဒီ ကျောင်းမှာ ကိုရင်ဝတ်ရတယ် ရဟန်းဝတ်ရတယ်။ ဆရာတော်ကြီး က အဖေပဲ။ မင်းသန့်ကိုလည်း ဆရာ တော်ကြီးက မွေးစားထားတာ။ ဆရာ တော်ကြီး ကျန်းကျန်းမာမာနဲ့ ကျွန် တော်တို့အလှူကို တရားချီးမြှင့်တယ်။ တရားက သိပ်ကောင်းတာပဲ။ ကျွန် တော်လည်း ကျန်းကျန်းမာမာနဲ့ ရုပ်ရှင်လောကသားတွေနဲ့အတူ ပျော် ရတယ်။ စိတ်ထဲမှာ အပူအပင်လုံးဝ မရှိဘူး။ ကြောက်လန့်ခြင်း၊ တုန်လှုပ် ခြင်း ကင်းဝေးတဲ့ဒေသပေါ့။ အခက် အခဲတွေမရှိတဲ့အချိန်ပေါ့။ နိဗ္ဗာန်ကို ခဏလေးရောက်သွားသလိုပဲ” လို့ မွေးနေ့ရှင် ဒါရိုက်တာစင်ရော်မောင် မောင်က ပြောပါတယ်။

အမေရိကန် နိုင်ငံမှာ ရောက်ရှိနေတဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်ကလည်း ဖခင် ရဲ့ မွေးနေ့မှာ Video Call က တစ် ဆင့် ယောဆရာတော်ကြီးရဲ့တရားကို နာယူခဲ့ပါတယ်။ မွေးနေ့တိုင်းကို ကျန်းကျန်းမာမာ၊ အေးအေးချမ်း ချမ်းနဲ့ အမြဲဖြတ်သန်းချင်ပြီး နောင် နှစ်တွေမှာ သားလေးနဲ့အတူ အလှူ အတန်းတွေနဲ့ ဖြတ်သန်းချင်တယ်လို့ လဲ သူ့ရဲ့အဖြစ်ချင်ဆုံးဆန္ဒကိုပြောပြခဲ့ပါတယ်။ ဒါရိုက်တာ စင်ရော်မောင် မောင်က သားဖြစ်သူ နိုင်ငံခြားမှာ ဘွဲ့ရဖို့အတွက် ဖခင်တစ်ယောက် အ နေနဲ့ တော်တော်လေး ရုန်းကန်ကြိုး စားခဲ့သူပါ။ ထာဝရအဖေလို့ ဆိုရင် လည်း မမှားပါဘူး။ အခုအချိန်မှာ သားဖြစ်သူက သူဖြစ်စေချင်တဲ့ အ တိုင်း အမေရိကန်နိုင်ငံမှာ ဒါရိုက် တာဘွဲ့ ယူပေးနိုင်ခဲ့တဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာပျော်ရွှင်လို့နေ ပါတယ်။ ”ကိုယ့်သားမို့ ကိုယ်ပြော တာ မဟုတ်ပါဘူး။ ဒီနေ့ဒီအချိန်အ ထိ အရက်မသောက်၊ ဆေးလိပ် မ သောက်၊ မိန်းမလည်း မရှုပ်၊ အဖေနဲ့ အမေကို တာဝန်ကျေပွန်အောင် ဘွဲ့ ယူပေးခဲ့တဲ့ သားလေးကို ကျွန်တော် ကတော့ ကျေးဇူးတင်တာပေါ့” လို့ စင်ရော်မောင်မောင်က ပြောပါ တယ်။

မကြာသေးမီက အမေရိကန် နိုင်ငံမှာ ဒါရိုက်တာဘွဲ့ရသွားတဲ့ မင်း သန့်မောင်မောင်ရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို မိဘနှစ်ပါးစလုံး တက်ရောက်ခဲ့ကြတာပါ။ ဘွဲ့ယူတဲ့ အချိန်မှာ သားဖြစ်သူဘေးမှာ မိဘ နှစ်ပါးစလုံး ဝန်းရံပေးခဲ့ကြတဲ့အတွက် မင်းသန့်မောင်မောင်လည်း ပျော်ရွှင် လို့ မဆုံးပါဘူး။ ”သူပြန်လာရင် မြန် မာပြည်ရဲ့ ဒါရိုက်တာပညာကိုလည်း တော်တော်လေး အောက်ခြေကနေ စပြီး လိုက်လေ့လာရမယ်။ တစ်ဖက် ကလည်း အဖေ့ထက်သာအောင်၊ အမေကဲ့သို့ အနုပညာရှင်ဖြစ်အောင် တော်တော်လေး ကြိုးစားရဦးမယ်။ ဘာပဲဖြစ်ဖြစ်သူ ကြိုးစားပါလိမ့်မယ်။ ကျွန်တော်လည်း ဝိုင်းပံ့ပိုးပေးမှာပါ” လို့ဒါရိုက်တာစင်ရော်မောင်မောင် ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071