Sunday, January 25, 2026

Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှု အမျိုးသမီးတစ်ဦး...

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် Elite Express ခရီး သည်တင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့...
HomeCelebrities' Newsသားဖြစ်သူကို ဖိလစ်ပိုင်မှာ ဒါရိုက်တာ...

သားဖြစ်သူကို ဖိလစ်ပိုင်မှာ ဒါရိုက်တာ ပညာသွားရောက် သင် ကြားခိုင်းထားတဲ့ ဒါရိုက်တာ မောင်သီ

ဒါရိုက်တာမောင်သီရဲ့ သားဖြစ် သူက အနုပညာပိုင်း ကိုစိတ်ဝင်စားတယ်လို့ သိရပြီး ဒါရိုက် တာပညာရပ်နဲ့ ပတ်သက်လို့ ပြည်ပမှာသွားရောက်သင်ကြားဖို့ စေလွှတ် ထားတယ်လို့ လည်း ဒါရိုက်တာ မောင်သီက ပြောပြပါ တယ်။ဒါရိုက်တာမောင်သီရဲ့ သားဖြစ် သူက အနုပညာပိုင်း ကိုစိတ်ဝင်စားတယ်လို့ သိရပြီး ဒါရိုက် တာပညာရပ်နဲ့ ပတ်သက်လို့ ပြည်ပမှာသွားရောက်သင်ကြားဖို့ စေလွှတ် ထားတယ်လို့ လည်း ဒါရိုက်တာ မောင်သီက ပြောပြပါ တယ်။

“သားဘာလုပ်ချင်လဲလို့ ကိုယ်ကမေးတော့ အဖေ့လိုပဲ ဒါရိုက်တာလုပ်မယ်လို့ပြောတယ်။ ဒါဆိုရင် တော့ တစ်ခြား ဘွဲ့တွေကို နိုင်ငံခြားမှာ သွား ယူမနေနဲ့ တော့ အချိန်ကုန် တယ်လို့ပြောလိုက်တယ်။ အဲဒီတော့သူကအခု ဖိလစ်ပိုင်မှာ ဒါရိုက်တာ ပညာသွားသင်နေတယ်။ သူကတော့အနုပညာ ကို စိတ်ဝင်စားတယ်”လို့သားဖြစ်သူနဲ့ပတ်သက်လို့ ဒါရိုက်တာ မောင်သီကပြောပါတယ်။ တူမဖြစ်သူယွန်းဝတီ လွင်မိုးနဲ့ ပတ်သက်လို့လည်းဦးလေးဖြစ်သူအနေနဲ့ အနု ပညာပိုင်းအတွက်ဘယ်လိုတွေ ပံ့ပိုးပေးသွားမလဲဆိုတာ ကိုလည်း ဆက်မေးတော့ ….

“သူကဒီဘက်(အနုပညာ)ကို စိတ်မဝင်စားဘူး။ပညာရေးနဲ့ စီးပွားရေးပဲစိတ်ဝင်စားတယ်” လို့ ဒါရိုက်တာ မောင်သီက ပြောပြပါတယ်။ ဒါရိုက်တာ မောင်သီက ရန်ကုန်လူရွှင်တော်အသင်းရဲ့ နာယက တစ်ဦးလည်းဖြစ်ပါ တယ်။ သူ့အနေနဲ့လည်း လူရွှင်တော် တွေနဲ့ ပတ်သက်လို့ သံယောဇဉ်ရှိပြီး လူရွှင်တော်တွေအတွက် ရုပ်သံတွေမှာ ဟာသကဏ္ဍတွေကို ဖန်တီးပေးခဲ့ပါတယ်။ ရန်ကုန်လူရွှင် တော်အသင်းမှနှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ လူရွှင်တော် သက်ကြီးပူဇော်ပွဲ အတွက်လည်း သူ့အနေနဲ့ အားသွန်ခွန် စိုက်လုပ်ဆောင်ပေးခဲ့ပြီး လူရွှင်တော်တွေအနေနဲ့ စည်း စည်းလုံးလုံး၊ ချစ်ချစ်ခင်ခင်ရှိနေမှုကိုလည်း ကျေ နပ် ပီတိဖြစ်နေသူတစ်ဦးရယ်ပါ။ ဆက်လက်ပြီးလည်း မျိုးဆက်သစ်လူရွှင်တော် တွေ အတွက် လူရွှင်တော်သင်တန်းတွေဖွင့်လှစ်သွားဖို့လည်း ရှိပါကြောင်းသူကပြောပြခဲ့ပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071