Tuesday, May 13, 2025

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့်...

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင်...

လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ (၄,၅၀၀)...

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်‌နေ့မေ (၁၁) ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဆိုင်ကယ်တစ်စီးလျှင် (၂)...
HomeCelebrities' Newsသားဖြစ်သူကို ပရိသတ်ထံ အပ်နှံလိုက်တဲ့...

သားဖြစ်သူကို ပရိသတ်ထံ အပ်နှံလိုက်တဲ့ လူရွှင်တော် ဦးမေတ္တာ

Mater

“သားကို အနုပညာလုပ်ရ ကောင်းစေဆိုပြီး မသတ်မှတ်ထားဘူး။ ဘာလုပ်လုပ်ကျေနပ်ပြီးသားပါ။ သူဝါသနာ ပါတဲ့အလုပ်ကို လုပ်ပါစေလို့ခွင့်ပြုထားတယ်။ကျွန်တော် မချုပ်ချယ်ဘူး။ကျွန်တော်ကငယ်ငယ် တုန်းက မိဘတွေနဲ့ အတူတူမနေခဲ့ရဘူး။ အဘိုးအဘွားတွေနဲ့ပဲ အတူတူ နေခဲ့ရတယ်။ကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုကို လုပ်ဖို့အတွက်ကို အပိတ်အပင် အတားအဆီးတွေ အများကြီးခံခဲ့ရတယ်။အဲဒီတော့သားက ကျောင်းသားဘဝမှာသူ ကျောင်းမှာ ကချင် တယ်လို့ပြောတော့ မင်းခွန်းတောက် ရေးတတ်လားလို့မေးတော့ မရေးတတ်ဘူးတဲ့။ အဖေရေးပေးမယ်။ ပြက်လုံးက ဆဲတာမပါရဘူး။ ညစ်ပတ်တာမပါရဘူး။ အဲဒါဆိုရင်အဖေခွင့်ပြုတယ်လို့ ပြောဖြစ်တယ်။ အဲဒီမှာသူလုပ်တယ်။ အဲဒီ အချိန်မှာအထိ ကျွန်တော်အနုပညာအလုပ်လုပ်တယ်ဆိုတာ သူမသိသေး ဘူး။ဒါပေမဲ့ ကျွန်တော်ခွင့်ပြုလိုက်တယ်။ သူမအောင်မြင်သေးပါဘူး။ ကြိုးစားတုန်းပဲရှိပါသေးတယ်”လို့  သားဖြစ်သူမေတ္တာမြင့်မြတ်ဟိန်းနဲ့ ပတ်သက်လို့ ဟာသ သရုပ်ဆောင်၊ လူရွှင်တော်ကြီးဦးမေတ္တာက ပြောပါတယ်။

သားဖြစ်သူက သူ့ရဲ့အနုပညာအမွေကို ဆက်ခံတဲ့အတွက် ပီတိဖြစ် ရသလိုသားဖြစ်သူလိုအပ်တာကို ကူညီပေးလျက်ရှိပြီး ပြက်လုံးနဲ့ပတ် သက်လို့ ညစ်ပတ်တာပါရင် စင်ပေါ်တက်ရိုက်မယ်လို့ ပြောထားပြီး အတွေးအခေါ်ပါတဲ့ ပြက်လုံးမျိုးကိုသဘောကျကြောင်းကို ပြောပြ ထားကြောင်း ဦးမေတ္တာကပြောပါတယ်။ သူကသားဖြစ်သူကိုသူ့ရဲ့ ကိုယ် ပိုင်အရည်အချင်းနဲ့သာအောင်မြင်မှုရရှိစေချင်ပြီးသူ့နာမည် ကြောင့် လူသိတာမျိုး မဖြစ်စေချင်ကြောင်းလည်း ပြောခဲ့ပါတယ်။

“သူ့အရည်အချင်းနဲ့သူတက်ရမှာပါ။ လူဆိုတာအရည်အချင်းရှိဖို့လိုပါတယ်။ အရည်အချင်းမရှိဘဲနဲ့ အကော်အကပ်နဲ့တက်သွား ရင်အဲဒီအသင်းအဖွဲ့နာ တယ်။ နောက်ဆုံးတိုင်းပြည်ပါနာတယ်။ အဲဒီ တော့အရည်အချင်းရှိတဲ့လူ ဖြစ်စေချင်တာ။ ပြည်သူကို အလုပ်အကျွေးပြုဖို့ ကျွန်တော့် သားလူရွှင်တော်ဖြစ်ပါပြီ။ အဲဒီအတွက်ပရိ သတ်များအားလုံးကိုအပ်ပါတယ်။ လမ်းတွေ့ လို့ပြောမှားဆိုမှား၊ကတာခုန်တာနဲ့ပတ်သက် လို့ ပြောမှားဆိုမှားရှိရင် အချိန်မရွေးတိုင်ပါ။ ဆုံးမလို့ရပါတယ်”လို့ ဦးမေတ္တာက ပြောပါ တယ်။

လင်းအက္ခရာ

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071