Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeCelebrities' Newsသားဖြစ်သူကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့သူ...

သားဖြစ်သူကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့သူ ဖြစ်စေချင်တယ် မိုးယုစံ

သရုပ်ဆောင် မိုးယုစံက သူ့ရဲ့သားဦးလေးအတွက် နာမည်ပေး ကင်ပွန်း တပ်မင်္ဂလာကို ဒီဇင်ဘာလ ကုန်လောက်မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ သားလေးရဲ့ အိမ်နာမည်ကိုတော့ Austin လို့ ပေးထားတာဖြစ်ပြီး တကယ့်နာမည် အရင်းကိုတော့ ဘယ်လိုရွေးချယ်ပေးသွားမလဲဆိုတာကို မိုးယုစံက ..

“နာမည်ကတော့ ရွေးတော့ ရွေးထားပြီးပြီပေါ့နော်။ အဲဒါကိုပဲ အတည်က သိပ်မဖြစ်သေးတော့ မပေးဖြစ်သေးတာပါ။ မြန်မာနာမည်ကျတော့ သေချာ စဉ်းစားပြီးပေးရတယ်လေ။ နေ့နံနဲ့ သေချာတွက်ချက်ပြီးပေးရတာဆိုတော့ စဉ်းစားနေတာပေါ့။ နောက်ပြီးတော့ နာမည်ကိုလည်း အလွယ်တကူမပေး ချင်ဘူး။ မြန်မာ့ထုံးတမ်းစဉ်လာနဲ့ ဘုန်းကြီးတွေရှေ့မှာ ဘုန်းကြီးတွေ နာမည် ပေး ကင်ပွန်းတပ်ရွတ်ဖတ်ပြီးတော့ အဲဒီလိုပေးချင်တာပေါ့နော်။ ပေးချင်တဲ့ အတွက်ကြောင့် အချိန်ယူတာပါ။ ဒီဇင်ဘာလကုန်လုပ်ဖြစ်ပါ့မယ်။ ဘာလို့ လဲဆိုတော့ မနှစ်က နယူးရီးယား အချိန်တုန်းက သားသားလေး ကိုယ်ဝန်ရှိ တယ်ဆိုတာသိတဲ့ အချိန်လည်းဖြစ်တယ်။ နောက်ဆုံးအဲဒီနေ့ကို ရွေးလိုက် တာပါ” လို့ ပြောပြပါတယ်။ သားလေးကို လိမ္မာရေးခြားရှိပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင်တဲ့ ယောက်ျားကောင်းတစ်ယောက် ဖြစ်စေချင်ကြောင်းကိုလည်း မိခင် မိုးယုစံက . . .

“သားသားအတွက်ကတော့ အများကြီးတော့ မမျှော် လင့်ထားပါဘူး။ အဓိကကတော့ လိမ္မာရေးခြားရှိဖို့ပေါ့ နော်။ လိမ္မာရေးခြားရှိပြီးတော့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ လူတစ်ယောက်ဖြစ်စေချင်တယ်။ ယောက်ျားလေးမှ မဟုတ်ဘူး။ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် နိုင်တဲ့ လူတစ်ယောက်ဖြစ်စေချင်ပါတယ်” လို့ ပြောပါ တယ်။ အခုချိန်မှာတော့ သားလေးကို သူကိုယ်တိုင်ပဲ အစစအရာရာ ပြုစုစောင့်ရှောက်နေတာဖြစ်ပြီး မိခင်နို့ ကိုလည်း ၆ လ အထိ တိုက်ကျွေးသွားမှာဖြစ်ကြောင်းကို မိုးယုစံက အခုလို

“သားသားကို နာ့စ်တွေ မထားဘူး။ ဆေးရုံက ဆင်းကတည်းက ကိုယ့်ဟာကိုယ်ပဲ ပြုစုတယ်။ လုပ်ပေး တယ်ပေါ့နော်။ အဘိုးတွေ၊ အဘွားတွေကလည်း ဝိုင်းလုပ် ပေးတော့ အဆင်ပြေတယ်။ ညီမကိုယ်တိုင်ပဲ ကလေးကို အနီးကပ်ပြုစုတယ်။ ကျန်းမာရေးကအစပေါ့နော်။ ဒီလို ပြုစုဖို့အတွက် စာအုပ်တွေဖတ်ဖြစ်တယ်။ အွန်လိုင်း ပေါ်ကနေ လေ့လာတယ်။ အခု မိခင်နို့ကို ၆ လထိ တိုက်ကျွေးဖို့တော့ စိတ်ကူးထားတယ်။ဘာလို့လဲဆိုတော့ ၆ လကျော်ပြီဆိုရင် တချို့ကလည်း နို့ထွက်တယ်ပေါ့နော်။ တချို့ကျတော့ သိပ်မထွက်တော့တာရှိတယ်။ ၆ လ ကျော်ထိ တိုက်ကျွေးတဲ့နို့က ရှေ့ပိုင်းတိုက်တဲ့ နို့လောက် သိပ်အသုံးမဝင်တော့ ဘူးလို့ပြောတယ်။ အဲဒါကြောင့် ၆ လ ထိတော့ တိုက်ကျွေးမယ်။ အဲဒီနောက် ပိုင်းတော့ သိပ်မသေချာဘူး။ သားလေးက ရက်သားလေးတုန်းက ဆိုရင်တော့ ထိန်းရတာတော်တော်တော့ ခက်တယ်။ ဒါပေမဲ့ ထွေထွေထူးထူးတော့ ဘာမှ မရှိဘူး။ ဒါပေမဲ့လည်း နို့တိုက်ကျွေးတယ်၊ ဒိုင်ဗာလဲပေးရတယ်။ အီးပါတယ်။ အဲဒါတွေ လုပ်ပေးရတာလည်း တော်တော်ကြီးကို အလုပ်ရှုပ်တယ်ပေါ့နော်။

ဘာဖြစ်လို့လဲဆိုတော့ ပထမဦးဆုံး ကလေးလည်းဖြစ်တယ်။ ကိုယ်ကိုယ် တိုင်ကလည်း ဘာမှနားမလည်တာတွေလည်း ပါတယ်ဆိုတော့လေ။ တအားကို ပင်ပန်းပါတယ်။ နို့တိုက်ကျွေးရတဲ့အခါမှာလည်း နာတာကလည်း တအားနာ တယ်။ တော်တော်ကြီးကို အနာခံပြီး တိုက်ရတာပေါ့နော်။ နောက်ပိုင်းကျ တော့ တဖြည်းဖြည်းနဲ့ အဆင်ပြေသွားတယ်။ တစ်လ၊ နှစ်လ တော်တော်ကြီးကို အဆင်ပြေသွားတယ်။ အခုဆိုရင် သားသားလေးက ပြောင်းလဲလာပြီပေါ့နော်။ စကားတွေလည်း ပြောလာပြီ။ ချစ်စရာအမူအရာလေး တဖြည်းဖြည်းနဲ့ လုပ်တတ်နေပြီပေါ့နော်” လို့ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

Photo – My DREAM

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071