Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeCelebrities' Newsသားလေး Austin ကို...

သားလေး Austin ကို မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးဖြစ်တဲ့ မိုးယုစံ

အခုနှစ်သြဂုတ်လ ၂၁ ရက်နေ့ က အောင်မြင်စွာ မွေးဖွားခဲ့တဲ့ သရုပ် ဆောင်မိုးယုစံရဲ့ သားဦးလေး  ဗကျအငည က ခုဆိုရင် ၃ပတ်ပြည့် တော့မှာ ဖြစ်ပါတယ်။ လသား အရွယ်တောင် မရောက်သေးတဲ့ သားဦးလေးကို မိခင်မေတ္တာ အပြည့် အဝပေးနေတဲ့ မိုးယုစံကို သားလေး Austin နဲ့ပတ်သက်ပြီး ဘယ်လိုဂရု စိုက်မှုတွေ ပြုလုပ်ပေးနေ ရလဲဆိုတာ မေးမြန်းဖြစ်ခဲ့ပါတယ်။  အခုနှစ်သြဂုတ်လ ၂၁ ရက်နေ့ က အောင်မြင်စွာ မွေးဖွားခဲ့တဲ့ သရုပ် ဆောင်မိုးယုစံရဲ့ သားဦးလေး Austin က ခုဆိုရင် ၃ပတ်ပြည့် တော့မှာ ဖြစ်ပါတယ်။ လသား အရွယ်တောင် မရောက်သေးတဲ့ သားဦးလေးကို မိခင်မေတ္တာ အပြည့် အဝပေးနေတဲ့ မိုးယုစံကို သားလေး Austin နဲ့ပတ်သက်ပြီး ဘယ်လိုဂရု စိုက်မှုတွေ ပြုလုပ်ပေးနေ ရလဲဆိုတာ မေးမြန်းဖြစ်ခဲ့ပါတယ်။

“သားလေးကအခု၂၃ရက်ရှိ နေပါပြီ၊ ကိုယ်ဝန်ရှိစဉ်တုန်းကထက် ပိုပြီးဂရုစိုက်ရတယ်။ ကိုယ်ဝန် ဆောင်ထားတုန်းကဆိုရင် အာဟာရ ဖြစ်တဲ့ အစားအစာတွေ အကုန်စား လို့ရတယ်၊ အခုဆိုရင် ကလေး အတွက် အစားအသောက်တွေ တော်တော် ဆင်ခြင်ရတယ်၊  မိုးယုက သားလေးကို မိခင်နို့တိုက်တဲ့အတွက် အစစအရာရာ ပိုဂရုစိုက်ရတယ်၊ မိခင်နို့ကတစ်ဖြင့်ကလေးဆီသွား တာဆိုတော့ တော်ရုံတန်ရုံ အစား အသောက်တွေ မစားသုံးတာများ တယ်။ ဆရာဝန်ညွှန်ကြားချက် အ တိုင်းတော့နေဖြစ်တယ်။ ကာကွယ် ဆေး ကတော့တစ်ကြိမ်ထိုးပြီးပါပြီ။  အာဟာရဖြစ်တာတွေ အကုန် စားလို့ရတယ်လို့ ပြောတယ်” လို့ မိုးယုစံကပြောပါတယ်။ တချို့မိခင်တွေဆို မိမိအလှပျက် မှာစိုးလို့ ကလေးကို နို့ဘူးကိုသာ အ ဓိကတိုက်ကြလေ့ရှိကြတဲ့ သာဓက တွေလည်း အများကြီးပါ။ မိုးယုစံက တော့ သားလေးကို ကိုယ်တိုင်မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးဖြစ် ပါ တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေ ကြားခဲ့သလို သူမရဲ့ဖေ့စ်ဘုတ် စာ မျက်နှာမှာလည်း ရေးသားထားတာ တွေ့ရပါတယ်။

“ကိုယ်ဝန်ရှိစဉ်တုန်းက ဆိုရင် ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်ရတယ်။ အခုကျတော့ ကလေးကို ကိုယ်တိုင်ပြု စုတာဆိုတော့ တော်တော်လေးလည်း ပင်ပန်းတယ်။ မိုးယုအခု ပထမဦးဆုံး ရင်သွေးလည်းဖြစ်တော့ ကိုယ်မသိ တာလေးတွေလည်းရှိတယ်။ ကိုယ် တိုင် မိခင်နို့ တိုက်တာဆိုတော့ အ ရင်က အဲလောက်ခက်ခဲမှန်း မသိ ဘူး။ နို့တိုက်တဲ့ အခါမှာ အရမ်းကို နာကျင်ပါတယ်၊ အနာခံပြီး သား လေးကိုမိခင်နို့တိုက်ရတယ်။ ဆင်ခြင် ရတာတွေလည်း အများ ကြီးပဲ။ အဓိကကတော့ အစား အသောက် ပါပဲ။ ကလေး ၆လ လောက်ထိက မိခင်နို့ပဲတိုက်ရတာဆိုတော့   အစား အသောက်တွေ ဆင်ခြင်ရတယ်၊ ပြီး တော့ ကလေးငိုရင်လည်း ဘာဖြစ်လို့ ဖြစ်မှန်းမသိဘူး၊ နို့ဆာလို့ ငိုတာလား၊ ပထမဦးဆုံး ကလေးဆိုတော့ အခက် ခဲတွေတော့ ရှိပါတယ်”လို့ မိုးယုစံက ဆိုပါတယ်။  သားလေးကို အိမ်ခေါ်နာမည် Austin လို့ပေးထားပြီး မြန်မာ နာမည်ကိုတော့ ကလေးမွေးရက် ၁ဝဝ ပြည့်ကာကျမှပေးတော့မှာ ဖြစ်တဲ့မိုးယုစံက သားလေးကို မိခင် တစ်ယောက်အနေနဲ့တော့အ ကောင်းဆုံးပဲဖြစ်စေချင်ကြောင်း ဆို ပါတယ်။

“သားလေးကို အခုလောလော ဆယ်တော့ အိမ်ခေါ်နာမည် Austin လို့ပဲ ပေးရသေးတယ်၊ မြန်မာနာမည် ကတော့ မပေးရသေးဘူး၊ သူ့မွေးရက် ၁ဝဝပြည့်မှပဲ ပေးတော့မယ်၊ အိမ် ခေါ်နာမည် Austin လို့ ပေးတာက မိုးယုနဲ့ မိုးယု အမျိုးသား စဉ်းစားပြီး ပေးဖြစ်တာ၊ သူက သြဂုတ်လမှာ မွေး ဖွားတာဆိုတော့ Austin လို့ပေးလိုက်တာပါ၊ သား လေးကိုစစဦးဆုံး စတွေ့ လိုက် ရတဲ့ အချိန်မှာမိခင် တစ် ယောက်အနေနဲ့ အရမ်း ကို ပျော်ပါတယ်၊ မိခင်တစ် ယောက်အနေနဲ့တော့သား လေးကို အကောင်းဆုံး တွေပဲ ဖြစ်စေချင်ပါတယ်” လို့ ပြောပါတယ်။

တွယ်တာ 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071