
ခရီးသွားရာသီ လို့ခေါ်ဆိုရမယ့် ဒီဇင်ဘာလမှာ လူတိုင်း၊ လူတိုင်းက မိသားစု နဲ့ပဲဖြစ်ဖြစ်၊ အပေါင်း အသင်းတွေ နဲ့ပဲဖြစ်ဖြစ် အပန်းဖြေ ခရီးတွေ ထွက်ကြပြီး ဘဝအမော တွေကို ဖြေဖျောက်ကြလေ့ ရှိပါတယ်။ လူသားတွေထဲက လူသားတွေ ဖြစ်ကြတဲ့ အနုပညာရှင်တွေ ဟာလည်း ဒီကာလမှာ မိသားစုနဲ့ အတူတူ အပန်းဖြေ ခရီးထွက်လေ့ ရှိကြပါ တယ်။ အဆိုတော် ဇော်ပိုင် ကတော့ သားဖြစ်သူ ရွှေပိုင် ရဲ့ ကျောင်းပိတ်ရက်မှာ အပန်းဖြေ ခရီးထွက်ဖို့ စီစဉ်နေပါတယ်။ သားဖြစ်သူကို သူဘယ်နေရာ လိုက်ပို့ဖြစ်မလဲ ဆိုတာ ကတော့..
“ကျွန်တော် ၂၂ ရက်နေ့ကတည်း ကစပြီးတော့ ကျွန်တော့် သားလေး ရွှေပိုင် ကျောင်းပိတ်တဲ့ အတွက် ကို ပြည်ပ ခရီးစဉ် တစ်ခု လိုက်ပို့ ဖို့ ရှိပါတယ်။ သူက တိရစ္ဆာန်ရုံ တွေ သွားချင်တာ ဆိုတော့ စင်ကာပူ ကို လိုက်ပို့ဖြစ်မှာပါ” လို့ ဇော်ပိုင်က ပြောပါတယ်။ နယူးရီးယား မှာတော့ ဇော်ပိုင်က နာမည်ကျော် အဆိုတော်များနဲ့ အတူ ဗိုလ်တ ထောင်ကမ်း နားက Vantage Luxury Hotel မှာ ဖျော် ဖြေဖို့ ရှိကြောင်း လည်း သိရပါတယ်။ ဒါ့အပြင် ဇော်ပိုင်က Samsung Galaxy Music Tour အဖြစ် မြို့ကြီး ၈ မြို့ကို ခရီးထွက် ဖို့ရှိ ကြောင်း လည်း သိရပါတယ်။ ဇော်ပိုင်ရဲ့ ၂ဝ၁၇ ခုနှစ် အတွက် Year Plan ကတော့..
“ဂီတနဲ့ ပတ်သက်လို့ ကတော့ Plan တွေအများကြီး ချထားပါတယ်။ အလုပ် ကတော့ အမြဲတမ်း အဆက်မပြတ် လုပ်နေရတယ်။ အချိန် ကြန့်ကြာမှု တော့ နည်းနည်း ရှိပါတယ်။ ဒါပေမဲ့ ၂ဝ၁၇ ခုနှစ်မှာတော့ ကျွန်တော့် အခွေအသစ် ထွက်ဖို့ ရှိပါ တယ်။ နောက်ပြီးတော့ ကျွန်တော် နဲ့ မိန်းကလေး ၃ ယောက်ဖြစ်တဲ့ ဖြူဖြူရယ်၊ နီနီရယ်၊ အိုင်ရင်းရယ် ဆိုထား တဲ့ ZPNI အခွေ Music Video ထွက်ဖို့ရှိပါတယ်” လို့ ပြောပြခဲ့ပါတယ်။
မျိုးမောင်
