Monday, December 8, 2025

ကျားဖြူပါတီသည် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ဟု ဦးစိုင်းအိုက်ပေါင်းပြော

ပြည်သူကို ချစ်သည့် ပါတီဖြစ်သည့်အတွက် ကိုယ်ကျိုးရှာမည့် ပါတီမဟုတ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ (ကျားဖြူ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပေါ် ပြူလာနယူးစ်သို့ ပြောသည်။ ဒီဇင်ဘာ...

မော်လမြိုင်မြို့တွင် ပြည်သူ့ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ယမန်နေ့ ဒီဇင်ဘာ (၇) ရက်တွင် ပြည်သူ့ပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူပါတီ...

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လာရောက်မည့် နိုင်ငံခြားသားများ၏...

မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြား သားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးကြရန်...

ငလျင်နှင့် ပဋိပက္ခ သက်ရောက်မှုများအကြား မြန်မာနိုင်ငံ၏...

ပြည်တွင်းဝယ်လိုအားလျော့နည်းမှု၊ အလုပ်သမားရှားပါးမှုနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းကြောင့် စီးပွားရေးမျှော်မှန်းချက်အလားလာမှာ အခက်အခဲအတားအဆီးများရှိနေဆဲဖြစ် ၂၀၂၅ ခုနှစ် မတ်လတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အင်အားပြင်း မြေငလျင်လှုပ်ခတ်မှု၊ ပြည်တွင်း ပဋိပက္ခနှင့်...
HomeCelebrities' Newsသားသမီးတွေ အိမ်ထောင်ပြုတဲ့အခါမှာ အရည်အချင်းရှိသူကို...

သားသမီးတွေ အိမ်ထောင်ပြုတဲ့အခါမှာ အရည်အချင်းရှိသူကို ရွေးချယ်ပါလို့ ကျွန်တော်ပြောထားတယ် ဦးကျော်ထူး

ဟာသသရုပ်ဆောင်ဦးကျော်ထူးမှာ သားသမီး၎ယောက်ရှိပါတယ်။ သားသမီး၎ယောက်မှာ သားတစ် ယောက်နဲ့ သမီးဖြစ်သူကတော့ ဖခင်ဖြစ်သူရဲ့ အနုပညာပိုးပါတယ်လို့ ဆိုရမှာပါ။ အနုပညာပိုးပါကြတဲ့ သူတို့ နှစ်ယောက်ကိုလည်း ဖခင်ဖြစ်တဲ့ဦးကျော်ထူးက အနုပညာနဲ့ ပတ်သက်လို့ ပံ့ပိုးပေးသွားဖို့လည်း စီစဉ်ထားပါတယ်။

”ကျွန်တော့်အနေနဲ့လည်း လက်ဆင့်ကမ်းပေးချင်ပါတယ်။ ဒါပေမယ့်လည်း ခက်တာက ကျွန်တော်တို့ နိုင်ငံရဲ့ အနေအထားအရဆိုရင် အဘက်ဘက်ကပြည့်စုံရပါတယ်။ အဓိကကတော့ ငွေကြေးပေါ့လေ။ လောလောဆယ် ကျွန်တော်တို့ ဗီဒီယိုဈေးကွက်ကလည်း ပျက်နေတယ်။ အခြေအနေ မမှန် သေးဘူး။မမှန်သေးတော့ ခါတိုင်းကျွန်တော်ဇာတ်ကားရိုက်ကူးပြီဆိုရင် ကျွန်တော် ကန် ထရိုက်ယူရိုက်တာ များပါတယ်။ အိတ်စိုက်ရတာများတယ်။ ကျွန်တော် ဒါရိုက်တာ လုပ်မှာကို မိန်းမက တအားကြောက်တယ်။ ဘာကြောင့်လဲဆိုတော့ အိမ်က ကလေး တွေရဲ့ ဆွဲကြိုးတို့ လက်စွပ်တို့ အမြဲတမ်းပါတယ်။ အဲဒီတော့ ကိုယ်ကိုယ်တိုင် ဒါရိုက် တာလုပ်ပြီး သားသမီးတွေနဲ့ ရိုက်ကူးဖို့ အစီအစဉ်ရှိတယ်။ ဒါပေမဲ့ ပိုက်ဆံကစုတုန်း ပဲ။ ဘယ်အချိန်ကျမှ အကောင်အထည် ဖော်ဖြစ်မလဲတော့မသိဘူး”လို့ ဦးကျော်ထူးက သားသမီးတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ စီစဉ်ထားမှုကို ပြောပြပါတယ်။ အနုပညာလောကမှာ မိဘအောင်မြင်တိုင်း သားသမီးတွေ အောင်မြင်တာမျိုး မဟုတ်ဘဲ သားသမီးတွေကိုလည်း ပရိသတ်က ချစ်မယ်လို့လည်း မထင်မိကြောင်း၊ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အပေါ်မှာပဲ မူတည်ပါကြောင်း၊ သူ့ရဲ့စန်းဇာတာလေးလည်း ပါလာမယ် သူ့ရဲ့ကံလေးလည်း ပါလာမယ်ဆိုရင်တောင် ပရိသတ်တွေ လက်ခံလာတဲ့ ပရိသတ်တွေသိတဲ့ အနုပညာ ရှင် တစ်ယောက်ဖြစ်အောင် တော့တော်တော် ကြိုးစားရဦးမယ်လို့ ဦးကျော်ထူး ကပြော ပါတယ်။

ဦးကျော်ထူးက သားသမီးလေးယောက်နဲ့ ပတ်သက်လို့လည်း သူတို့ရဲ့ အချစ်ရေး သူတို့ရဲ့ အိမ်ထောင်ရေးတွေအတွက် ရွေးချယ်တဲ့အခါ ဖခင်တစ်ယောက်အနေနဲ့ သူဖြစ်စေချင်တာလေးတွေကို ပြောပြလမ်းညွှန်မှု လေးတွေလည်း ရှိကြောင်းပြောပါတယ်။ ဒါကတော့…”ကျွန်တော့်အနေနဲ့ သူတို့ကို ချုပ်ကိုင်ထားတာမရှိပါဘူး။ ဒါပေမယ့် ၄ယောက်လုံးကို ကျွန်တော် ပြောထားတဲ့ စကားလုံးတစ်လုံးပဲရှိတယ်။ အဲဒါက ဘာလဲ ဆိုတော့ ကို်ယ်အိမ်ထောင်ပြုမယ့်သူကို ချမ်းသာတာကို ကျွန်တော်ထည့်မပြောဘူး။ ဘယ် လောက်ပဲ ချမ်းသာနေချမ်းသာနေပါ။ အရည်အချင်းမရှိရင် အဲဒါတွေက တဖြည်းဖြည်းနဲ့ ကုန်သွားမှာပဲ။ ဘယ်လောက်ပဲဆင်းရဲနေတဲ့ သူဖြစ်ပါစေ။ သူ့မှာ အရည်အချင်းလေးတော့ ရှိဖို့လိုတယ်။ အရည်အချင်းရှိတဲ့ သူတစ်ယောက်က တစ်ချိန်မဟုတ်တစ်ချိန်မှာ ပြန်ပြီး တော့ ကြီးပွားချမ်းသာလာ နိုင်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် သားသမီးတွေ အိမ်ထောင်ပြုတဲ့အခါမှာ အရည်အချင်းရှိတဲ့ သူတွေကို ရွေးချယ်ပါလို့ ကျွန်တော်ပြော ထားတယ်”လို့ သူ့ရဲ့ဖြစ်စေလိုမှုနဲ့ ပတ်သက်လို့ ဦးကျော်ထူးက ပြောပြပါတယ်။

လင်းအက္ခရာ၊ ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071