Saturday, May 17, 2025

၄၉ရက်အကြာတွင် Sky Villa မှ...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦးမှာပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယနေ့ မေ ၁၆ ရက်(၄၉ ရက်မြောက်နေ့)တွင်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း...

ဘန်ကောက် အထပ်မြင့်အဆောက်အအုံပြိုကျမှု ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်နှင့် အခြား...

မတ်လအတွင်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့၍ အလုပ်သမား ၁၀၀ နီးပါး ‌ေ-သဆုံးခဲ့ရသည့် အဆောက်အအုံ ပြိုကျခဲ့မှုနှင့် ပတ်သက်၍ ထိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီးနှင့် အခြား ၁၄...

နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်မှ စိုက်ပျိုးရေ ပြန်လည်ပေးဝေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ဆင်‌ေ-သရေလွှဲဆည်အား ပြန်လည်ပြုပြင်မှုများဆောင်ရွက်ခဲ့မှုကြောင့် လက်ရှိအချိန်၌ စိုက်ပျိုးရေများပြန်လည်ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။ ဆင်‌ေ-သရေလွှဲဆည်သည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် အလျားပေ(၁၅၀)ခန့်ပျက်စီးခဲ့သဖြင့် ယာယီပြုပြင်မှုများပြုလုပ်ပြီးနောက် ဧပြီ ၈...

UEC အနေဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို လျာထားသတ်မှတ်ပြီးဖြစ်

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ယခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ကျင်းပရန် ဆောင်ရွက်လျက်ရှိသည်ဟုပြောကြားထားရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှလည်း ရွေးကောက်ပွဲကျင်းပမည့်ရက်အား...
HomeCelebrities' Newsသားနဲ့သမီးက အနုပညာဗီဇ အကဲခတ်ဖို့...

သားနဲ့သမီးက အနုပညာဗီဇ အကဲခတ်ဖို့ စောပါသေးတယ် . . . လူမင်း

အကယ်ဒမီ လူမင်းမှာ ဧရာဝတီလူမင်းနဲ့ ဧဝရတ်လူမင်းလို့ အမည်ပေးထားတဲ့ သားသမီး နှစ်ယောက်ရှိပါတယ်။ သူတို့လေးတွေ က International  School Yangon (ISY) မှာ ပညာသင်ယူနေ ကြပါတယ်။ အခုအချိန် မှာတော့ သားနဲ့သမီးကို ပညာရေးကိုသာ အဓိကထား ပံ့ပိုး ပေးနေတာ ဖြစ်ပြီး  ကလေး တွေမှာ အနုပညာဗီဇပါမပါ တော့ အကဲခတ်ဖို့ စော နေသေးတယ် လို့ လူမင်း က ဆိုပါတယ်။အခုအချိန် မှာတော့ သားနဲ့သမီးကို ပညာရေးကိုသာ အဓိကထား ပံ့ပိုး ပေးနေတာ ဖြစ်ပြီး  ကလေး တွေမှာ အနုပညာဗီဇပါမပါ တော့ အကဲခတ်ဖို့ စော နေသေးတယ် လို့ လူမင်း က ဆိုပါတယ်။

“သားနဲ့ သမီး ကတော့ အနုပညာဗီဇ က အကဲခတ်ဖို့ စောပါ သေးတယ်။ ကလေး သဘာဝ ပဲ ရှိသေးတယ် ဆိုတော့ ကလေးသဘာဝ အရ ဓာတ်ပုံရိုက်မယ် ဆိုရင် မရိုက်ချင်ရင် ပတ်ပြေးတာ၊ သမီးကတော့ မရိုက်ချင်သော် ငြားနဲ့ အိုက်တင်လုပ် ဆိုရင်တော့ အိုက်တင်လုပ်တယ်။ အနုပညာဗီဇ ပါတယ်။ မပါဘူးဆို တာတော့ အကဲခတ်ဖို့ စောပါ သေးတယ်။ သူတို့ တကယ် ဝါသနာပါရင်တော့ အစ်ကိုက အားပေးမှာပါ။ တချို့ကျတော့ မဂ္ဂဇင်း ဓာတ်ပုံတွေ ဘာတွေ ပြောကြတာရှိတယ်။ သူတို့ ခမျာမှာလည်း မအားကြဘူးလေ။ ကျောင်းတွေ ကျူရှင်တွေ ဒီ့ပြင်သင် တန်းတွေ ရေကူးသင်တန်းတွေ ပီယာနို သင်တန်းတွေနဲ့ သူတို့ဟာနဲ့ သူတို့ မအားဘူး။ ကိုယ်ကိုယ်တိုင် ကလည်း မအားတော့ အဲဒီလိုမျိုး လေးတွေ မရိုက်ဖြစ်သေးတဲ့ သဘောပါပဲ။ အဓိက ကတော့ သူတို့ကို ပညာရေးကိုသာ အဓိက အရေးကြီးဆုံး အနေနဲ့ ပံ့ပိုးပေးနေပါတယ်” လို့ လူမင်းက ပြော ပါတယ်။

လူမင်းက ဒီသားနဲ့ ဒီသမီးတို့ကို ဆုံးမတဲ့အခါမှာ ဘာသာရေးနဲ့ သွန်သင် ဆုံးမလေ့ ရှိကြောင်းသိ ရပါတယ်။ ဖခင် တစ်ယောက် မိဘတစ် ယောက်အနေနဲ့ သားသမီးတွေကို သွန်သင်ဆုံးမ ထိန်း ကျောင်းပေးပုံကို လူမင်းက …      “သူတို့ကို တစ်ခုခု ပြောပြီဆိုရင် ဘုရားက ဘယ်လိုဟောတယ် ။ ဘယ် လိုပြောတယ်ဆိုတဲ့ ဟာနဲ့ပဲ ချိန်  ပြီး တော့ သူတို့ပြောရင် သူတို့နား ထောင် တယ်။ နားဝင်တယ်။ သူတို့ကို မနက် တိုင်း မိုးလင်းတာနဲ့ သရဏဂုံ ရွတ်ရ တယ်။ အဲဒါလေးတွေနဲ့ ပုံသွင်းထား တယ်။ ဒီခေတ်ကလေး တွေက အစ်ကို တို့ ကလေးဘဝတုန်းကလိုမျိုး မဟုတ်တော့ဘူး။ သူတို့ IQ တွေက မြင့်မြင့်လာကြပြီ။ အဲဒီလိုဆိုတော့ သူတို့  Level နဲ့ ညီအောင်ပေါ့နော်။ဥပမာ  အခု I Phone x ထ ထွက်တယ် ဆိုလို့ရှိရင် အစ်ကို့ သားက တအား ပူဆာတယ်။ သူတို့နားလည်အောင် ပြောပြရတယ်။  ဒီ iPhone ကြီးကို တီထွင်တဲ့ Steve Job တောင်မှ သူ့ သားသမီးကို ၁၂ နှစ်ပြည့် မှ ဖုန်းသုံးခွင့်ပေးတယ် ဆို ပြီးတော့ ရှင်းပြပြီးတော့ တား တဲ့အခါမှ ရတယ်။ အဲဒီလို သဘောပေါ့နော်။ သူတို့ကို အကျိုး သင့် အကြောင်းသင့် ပြောရတယ်။ အစ်ကိုတို့ ငယ်ငယ်တုန်းကလို အ ကြောက် တရားနဲ့ မပြောနဲ့၊ ပါးစပ်ပိတ် ငါရိုက်လိုက်မယ် ဆိုတာမျိုးနဲ့တော့ မဆုံးမဘူး။ ဖုန်းဆိုလည်း သူတို့ကို အထိုက် အလျောက်တော့ ပေးသုံးပါ တယ်။ ဂိမ်းလေးတွေဆော့တာ အထိုက် အလျောက်တော့ ပေးသုံးပါတယ်။ စွဲသွားမှာ ဆိုးလို့ စာကို လျော့သွားမှာစိုးလို့  သေချာလေး ထိန်းကျောင်းပေးရတာပေါ့” လို့ ပြောပြခဲ့ပါတယ်။

အခုလတ်တလော မှာတော့ လူမင်းပါဝင် သရုပ်ဆောင်ထားတဲ့ “ဖေ့စ်ဘုတ်ခ်ဘုရင်မ” ဟာသ ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသလျက် ရှိနေပါတယ်။

ဇင်မာနွယ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071