Monday, December 8, 2025

မြန်မာ-ကာတာနှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းသည် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် ဒိုဟာဖိုရမ်အား တက်ရောက်ခဲ့သည်။ ဖိုရမ်အတွင်း၌...

သုတေသနများသည် ရိုးရာမွေးမြူရေးစနစ်မှ ခေတ်မီထိရောက်သည့် မွေးမြူရေးစနစ်သို့...

စိုက်ပျိုးမွေးမြူရေးကို သီအိုရီနှင့် အခြေခံသုတေသနတို့မှ ရရှိထားသည့် အသိပညာများကိုအသုံးချပြီး မွေးမြူတိရိ စ္ဆာန်များ ထုတ်လှုပ်မှုစွမ်းရည်တိုးတက်စေခြင်း၊ နည်းလမ်းသစ်များရရှိရေး ဆောင်ရွက်သော သုတေသနလုပ်ငန်းများလုပ်ဆောင်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ဝါရှင်တန်နှင့် လော့စ်အိန်ဂျယ်လိစ်မြို့တို့တွင် အမေရိကန်ရောက်မြန်မာများ ကြိုတင်မဲပေး

အမေရိကန်ပြည်ထောင်စု၊ အနောက်ဘက်ပိုင်း ဒေသတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းကို လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ဒီဇင်ဘာ (၆) ရက်နှင့် (၇)...

KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့မှ...

KK park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့ရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံး ပြုခဲ့၍ သိမ်းဆည်းရမိခဲ့သောပစ္စည်းများအား ထပ်မံအသုံးပြုမှုမရှိစေရန် ဒီဇင်ဘာ ၇ ရက်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထို့ပြင်...
HomeNewsLocal Newsသာသနာလင်္ကာရအကျော် စာမေးပွဲကြီးနှင့် စာအောင်ဆုနှင်းသဘင်ပွဲကျင်းပမည်

သာသနာလင်္ကာရအကျော် စာမေးပွဲကြီးနှင့် စာအောင်ဆုနှင်းသဘင်ပွဲကျင်းပမည်

ပဲခူးမြို့၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတ (ပဲခူးသာမဏေကျော်အသင်းကြီး)မှကြီးမှူးပြီး (၃၉) ကြိမ်မြောက် “သာသနာ လင်္ကာရအကျော်စာမေးပွဲကြီးနှင့် စာအောင်ဆုနှင်းသဘင်ပွဲ”ကို ပဲခူးမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(၃၉)ကြိမ်မြောက် “သာသနာလင်္ကာရအကျော်စာမေးပွဲကြီး”ကို ဒီဇင်ဘာလ ၄ ရက်မှ ၆ ရက်အထိ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးနှင့် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံနှင့် သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်တို့၌ ကျင်းပသွားမည်ဖြစ်သည်။

ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ရှင်သာမဏေများနှင့် သီလရှင်ဆရာလေးများ စုစုပေါင်း ၂,၈၅၇ ပါးတို့က ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်တို့၌ စာမျက်နှာနှစ်ထောင့်ငါးရာကျော်ရှိ ဝိနယပိဋက ခုဒ္ဒကနိကာယ ဝိနည်းငါးကျမ်း(ပိဋကတစ်ပုံ)၊ စာမျက်နှာတစ်ထောင့်ခုနစ်ရာကျော်ရှိ သုတ္တန္တပိဋကအင်္ဂုတ္တရနိကာယ အင်္ဂုတ္တိုရ် ဆယ့်တစ်ကျမ်း (နိကာယ်တစ်ရပ်)၊ စာမျက်နှာတစ်ထောင်ကျော်ရှိ သုတ္တန္တပိဋကခုဒ္ဒကနိကာယဓမ္မပဒပါဠိ၊ အဋ္ဌကထာ၊ သဒ္ဒါရှစ်စောင်၊ သင်္ဂဟကိုးပိုင်း ပါဠိအနက်သဘောအဓိပ္ပာယ်များကို ဝင်ရောက်ဖြေဆိုကြမည်ဖြစ်သည်။

အဆိုပါ စာမေးပွဲဖြေဆိုကြရာတွင် ဗုဒ္ဓအသံဓမ္မဗိမာန်အပေါ်ထပ်နှင့် အောက်ထပ်တို့၌ ပထမအဆင့်သာမဏေများ ဖြေဆိုကြရမည်ဖြစ်ပြီး ဒုတိယအဆင့်နှင့် တတိယအဆင့် စာဖြေကြမည့်သံဃာများသည် သာသနမဏ္ဍိုင် ပါဠိတက္ကသိုလ် ကျောင်းတိုက်၌ ဖြေဆိုရမည်ဖြစ်သည်။

ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်ဖြေဆိုကြမည့် သီလရှင်များအနေဖြင့် ရွှေကျောင်းတော်ကျောက်ပန်းတောင်းဓမ္မာရုံ၌ နေရာအသီးသီးခွဲ၍ ဖြေဆိုကြရမည်ဖြစ်ကြောင်း၊ ဖြေဆိုအောင်မြင်ကြသည့် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်များ၏ စာအောင်ဆုနှင်းသဘင်ပွဲကို ဒီဇင်ဘာလ ၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး တတိယအဆင့်တွင် ထူးချွန်စွာဖြေဆို အောင်မြင်တော်မူကြသည့် ထူးချွန်သာမဏေများအား မွေးထုတ်ပေးခဲ့သော မိခင်ဖခင်များအတွက် “ထူးချွန်သားသမီးတို့၏ မိခင်ဖခင်ဆု”အဖြစ် ပထမဆု ရွှေတစ်ကျပ်သား၊ ဒုတိယဆု ရွှေသုံးမတ်သား၊ တတိယဆု ရွှေငါးမူးသား ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ကာတာနှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းသည် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ကျင်းပပြုလုပ်သော (၂၃) ကြိမ်မြောက် ဒိုဟာဖိုရမ်အား တက်ရောက်ခဲ့သည်။ ဖိုရမ်အတွင်း၌ အမြဲတမ်းအတွင်းဝန်သည် ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာနအကြီးအကဲ H.E. Aljohara Yousif Al-Obaidan နှင့် ဒီဇင်ဘာ ၇ ရက်နံနက်ပိုင်းကတွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ နှစ်နိုင်ငံကြား ဘုံအကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဖိုရမ်၌ တက်ရောက်လာကြသူများက ငြိမ်းချမ်းရေး၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအပါအဝင် အရေးပါသည့်နယ်ပယ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက်...

သုတေသနများသည် ရိုးရာမွေးမြူရေးစနစ်မှ ခေတ်မီထိရောက်သည့် မွေးမြူရေးစနစ်သို့ ကူးပြောင်းရန်သော့ချက်ဖြစ်

စိုက်ပျိုးမွေးမြူရေးကို သီအိုရီနှင့် အခြေခံသုတေသနတို့မှ ရရှိထားသည့် အသိပညာများကိုအသုံးချပြီး မွေးမြူတိရိ စ္ဆာန်များ ထုတ်လှုပ်မှုစွမ်းရည်တိုးတက်စေခြင်း၊ နည်းလမ်းသစ်များရရှိရေး ဆောင်ရွက်သော သုတေသနလုပ်ငန်းများလုပ်ဆောင်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ကပြောသည်။ "မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရမည့် အသုံးချသုတေသနများ" ခေါင်းစဉ်ဖြင့် ကျင်းပသည့် အကြိမ် (၅၀) မြောက် လစဉ်ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲ၌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ သုတေသနများသည် ရိုးရာမွေးမြူရေးစနစ်မှ ခေတ်မီထိရောက်သည့် မွေးမြူရေးစနစ်သို့ ကူးပြောင်းရန်အတွက် သော့ချက်ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောသည်။ ထို့နောက် မြန်မာနိုင်ငံ၏ ငါးမွေးမြူရေးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်...

ဝါရှင်တန်နှင့် လော့စ်အိန်ဂျယ်လိစ်မြို့တို့တွင် အမေရိကန်ရောက်မြန်မာများ ကြိုတင်မဲပေး

အမေရိကန်ပြည်ထောင်စု၊ အနောက်ဘက်ပိုင်း ဒေသတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းကို လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ ဒီဇင်ဘာ (၆) ရက်နှင့် (၇) ရက်တို့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မဲရုံကို နံနက် (၁၀) နာရီမှ ညနေ (၅) နာရီထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဝင်းလဲဖြူက မဲရုံမှူးအဖြစ် ဆောင်ရွက်ကာ ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းများက မဲဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်များကို စိစစ်ထုတ်ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထို့အတူ ၂၀၂၅ ခုနှစ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071