ငလျင်ကြောင့်ပျက်စီးသွားသည့် ယဉ်ကျေးမှုအမွေနှစ်များ ပြုပြင်ရာတွင် ကျွမ်းကျင်မှုအကူညီများပေးနိုင်ရေး ဆွေးနွေ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov တို့သည့် အောက်တိုဘာ(၁၇)ရက်နေ့က ရန်ကုန် အမျိုးသားပြတိုက် ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသည့် ယဉ်ကျေးမှု အမွေနှစ်ဆိုင်ရာများ ပြန်လည်ပြုပြင်မွမ်းမံခြင်းတွင် ကျွမ်းကျင်မှု အကူညီပေးနိုင်ရေးအတွက် မြန်မာနိုင်ငံသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ The Institute for the History of Material Cultural of Russia Academy of Science(IHMCRAS)တို အကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုပြင် ယဉ်ကျေးမှုနယ်ပယ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရေးနှင့် စက်တင်ဘာလတွင် ပြုလုပ်ခဲ့သည့် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှုညီလာခံမှ ထွက်ပေါ်လာသော ဆွေးနွေးချက်ရလဒ်များကို ဆွေးနွေးခဲ့ပြီး ရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်ဒေသမှ ရှေ့ပြေးကိုယ်စားလှယ်အဖွဲ မြန်မာနိုင်ငံသိုလာရောက်မည့်ကိစ္စနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
