ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ရှုခင်းသာလမ်းမကြီးပေါ်တွင် Taxi ကားတစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ အခြားကားတစ်စီးနှင့်လမ်းဘေးရှိ ကွမ်းယာဆိုင်တို့အား ဝင်တိုက်မိခဲ့မှု သြဂုတ် ၂၃ ရက်(ယ နေ့)နံနက် ၁၀ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
“(၄၉) ဂတ်စ်ဆိုင်နားမှာဖြစ်သွားတာပါ Taxi ကဝင်တိုက်မိပြီး ကားကလမ်းဘေးကိုနည်းနည်းကျသွားတယ် လူအားနဲ့လမ်းပေါ်ပြန်တင်ခဲ့ရတယ် ကွမ်းယာရောင်းတဲ့အမျိုးသမီးတစ်ယောက်ပဲ မစိုးရိမ်ရ ဒဏ်ရာရခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ဖြစ်စဥ်၌ ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သည့် အသက်(၃၀)နှစ်ခန့်ရှိ ကွမ်းယာရောင်းသည့် အမျိုးသမီးအား မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် အဖြူရောင်နှလုံးလှလူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့