ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ (၁)ရပ်ကွက်၊ အနော်မာ(၁၃)လမ်းတွင်နေထိုင်လျက်ရှိရာမှ အသက်(၁)နှစ် (၈)လအရွယ်ကလေးငယ် ပျောက်ဆုံးသွားခဲ့ရာမှ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းဆိပ်ကမ်းတွင်အခြေပြုထားသည့် လင်းလက်လူမှုကူညီရေးအသင်းရုံးသို့ရောက်ရှိနေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လင်းလက်လူမှုကူညီရေးအသင်းမှကလေးငယ်၏ မိဘများအားစုံစမ်းပြီး လင်းလက်လူမှုကူညီရေအသင်း(ကျောက်တံတား )နှင့် သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်း(ဒေါပုံ)တို့ပူးပေါင်း၍ ကလေးငယ်အား အောက်တိုဘာ ၁၅ ရက်ညပိုင်း၌ မိဘများထံပြန်လည်အပ်နှံပေးခဲ့ကြကြောင်း သိရသည်။
