အောက်တိုဘာ ၂၈ ရက်တွင် မြို့နယ်အားကစားကွင်း၌ သာကေတမြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အလွတ်တန်းဖူဆယ်ပြိုင်ပွဲကိုကျင်းပခဲ့သည်။
အဆိုပါပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီနှင့် သာကေတမြို့နယ် အားကစားနှင့်ကာယပညာကော်မတီတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။
ထို့နောက် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသော အားကစားသမားအား ဆုတံဆိပ်နှင့်အတူ ငွေသားဆု(၁၀၀၀၀၀)ကျပ်၊ အကောင်းဆုံးဂိုးသမားဆုရရှိသော အားကစားသမားအား ဆုတံဆိပ်နှင့်အတူ ငွေသားဆု (၁၀၀,ဝဝ၀)ကျပ်ချမြှင့်ခဲ့သည်။
ယင်းအပြင် ဖူဆယ်ပြိုင်ပွဲ၌ ပဉ္စမဆုရရှိသောအသင်းအား ငွေသားဆုကျပ်(၁၀) သိန်း၊ စတုတ္ထဆုရရှိသောအသင်းအား ငွေသားဆု ကျပ်(၂၀)သိန်း၊ တတိယဆုရရှိသောအသင်းအား ကျပ်(၃၀)သိန်း ချီးမြှင့်ခဲ့သလို တစ်ဦးချင်းဆုတံဆိပ်များ ချီးမြှင့်ခဲ့သည်။
သာကေတမြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလားကို ၂ မြောက်ကရရှိခဲ့ပြီး တစ်ဦးချင်း ဆုတံဆိပ်များ၊ ငွေသားဆု ကျပ်(၅၀)သိန်း ချီးမြှင့်ခဲ့သည်။
ဒုတိယဆုကို ၇အနောက် B မှရရှိခဲ့ပြီး တစ်ဦးချင်းဆုတံဆိပ်များနှင့်အတူ ငွေသားဆုကျပ်(၄ဝ)သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။
