ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၆/အရှေ့ရပ်ကွက်တွင် သေဆုံးနေသည့် အိမ်ခြေမဲ့ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
သာကေတမြို့နယ်၊ ၆/အရှေ့ရပ်ကွက်၊ ဝေဇယန္တာ (၁၃) လမ်းထိပ်တွင် ယမန်နေ့ ဇူလိုင်လ (၁၆) ရက်၊ နေ့လယ် (၃) နာရီကျော်ခန့်က အသက်(၄၀)ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သေဆုံးတဲ့လူကို တွေ့တဲ့နေရာနားက လူတွေက အကြောင်းကြားလို့ သွားပြီးသယ်ပေးခဲ့တာပါ။ ပြင်ပဒဏ်ရာမရှိပါဘူး။ ပတ်ဝန်းကျင်ကို မေးကြည့်ရသလောက် အိမ်ခြေမဲ့တစ်ယောက်လို့ သိရပါတယ်” ဟု သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။
သေဆုံးသူ၏ ရုပ်အလောင်းအား တာဝန်ရှိသူများက လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။