သာကေတက EPC ရုံး သေနတ်ဖြင့်ပစ်ခံရမှု ဖြစ်ပွား
ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊မြင်တော်သာလမ်းမကြီးပေါ် က ဇိနမာန်အောင်ဘုရားအနီးမှာရှိတဲ့ EPC ရုံး ဒီနေ့မွန်းလွဲ ၂ နာရီကျော်လောက်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ အနီးနားရပ်ကွက်နေသူတွေဆီက သိရပါတယ်။
“EPC ရုံးပစ်ခံရတာမှန်တယ် ထိခိုက်တဲ့သူရှိ၊မရှိကတော့မသိဘူး သေချာတာကတော့ထိတဲ့သူရှိရင် လူနာ တင်ကားတွေရောက်လာမှာပဲ တစ်စီးမှတော့ရောက်မလာဘူး”လို့ ရုံးနားနေသူတစ်ယောက်ကပြောပါတယ်။
EPC ရုံးကို သေနတ်နဲ့ လေးချက်လောက်ပစ်ခတ်ပြီး ပစ်ခတ်သူတွေကထွက်ပြေးတိမ်း ရှောင်သွားခဲ့တယ်လို့ သိရပါတယ်။
လုံခြုံရေးအဖွဲ့တွေက ဖြစ်စဥ်အပြီးမှာ သာကေတမြို့နယ်အတွင်းက လမ်းတိုင်းကိုစစ်ဆေးတာတွေလုပ်နေပါတယ်။
သာေကတက EPC ႐ုံး ေသနတ္ျဖင့္ပစ္ခံရမွု ျဖစ္ပြား
ရန္ကုန္တိုင္း၊သာေကတၿမိဳ႕နယ္၊ျမင္ေတာ္သာလမ္းမႀကီးေပၚ က ဇိနမာန္ေအာင္ဘုရားအနီးမွာရွိတဲ့ EPC ႐ုံး ဒီေန႔မြန္းလြဲ ၂ နာရီေက်ာ္ေလာက္မွာ ေသနတ္နဲ႔ပစ္ခတ္ခံခဲ့ရတယ္လို႔ အနီးနားရပ္ကြက္ေနသူေတြဆီက သိရပါတယ္။
“EPC ႐ုံးပစ္ခံရတာမွန္တယ္ ထိခိုက္တဲ့သူရွိ၊မရွိကေတာ့မသိဘူး ေသခ်ာတာကေတာ့ထိတဲ့သူရွိရင္ လူနာ တင္ကားေတြေရာက္လာမွာပဲ တစ္စီးမွေတာ့ေရာက္မလာဘူး”လို႔ ႐ုံးနားေနသူတစ္ေယာက္ကေျပာပါတယ္။
EPC ႐ုံးကို ေသနတ္နဲ႔ ေလးခ်က္ေလာက္ပစ္ခတ္ၿပီး ပစ္ခတ္သူေတြကထြက္ေျပးတိမ္း ေရွာင္သြားခဲ့တယ္လို႔ သိရပါတယ္။
လုံျခဳံေရးအဖြဲ႕ေတြက ျဖစ္စဥ္အၿပီးမွာ သာေကတၿမိဳ႕နယ္အတြင္းက လမ္းတိုင္းကိုစစ္ေဆးတာေတြလုပ္ေနပါတယ္။