ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ၊ဧရာဝဏ်လမ်းမကြီးပေါ်ရှိ ကျောက်တိုင်မှတ်တိုင်အနီးတွင် ဇွန်လ ၁၄ရက်၊ ညပိုင်းက ကား နှစ်စီးတိုက်မိခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
ဇွန်လ ၁၄ ရက်၊ ည ၈ နာရီခွဲခန့်က သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းမကြီးပေါ်ရှိ ကျောက်တိုင်မှတ်တိုင်အနီးတွင် Super Custom ကားမှ Light Truck ကား၏ နောက်ပိုင်းဘေးဖက်ခြမ်းအား ဝင်တိုက်မိပြီး Light Truck ကားမှာ ဓာတ်တိုင်အား ထပ်မံဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။
“ဒဏ်ရာရတဲ့ နှစ်ယောက်က အသက် (၂၅) နှစ်လောက်ပဲ။ အမျိုးသားက ခြေချောင်းတွေမှာ ပြတ်ရှဒဏ်ရာတွေ (မစိုးရိမ်ရ) ရသွားတယ်။ နောက်ထပ် အသက် (၄၀) ဝန်းကျင် အမျိုးသားကလည်း ထိခိုက်ဒဏ်ရာတွေ (မစိုးရိမ်ရ) ရခဲ့တယ်”ဟု သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။
ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသား နှစ်ဦးအား မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီးနောက် ပေးဆပ်သူလူမှုကူညီရေးအသင်း၊ အောင်မင်္ဂလာလူမှုကူညီရေးအသင်းတို့မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့