Monday, December 8, 2025

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန်...

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က...

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊...

မြန်မာအားကစားအဖွဲ့(၁၂)ဖွဲ့ ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ထိုင်းနိုင်ငံသို့ထွက်ခွာ

မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့(၁၂)ဖွဲ့သည် ထိုင်းနိုင်ငံတွင်ကျင်းပသည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ယနေ့ ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ တိုက်ကွမ်ဒိုအားကစားအဖွဲ့၊ လက်ဝှေ့အားကစားအဖွဲ့၊ ဖူဆယ်(အမျိုးသား)အားကစားအဖွဲ့၊ ရေကူးအားကစားအဖွဲ့၊...

အောက်တိုဘာလအတွက် အလုပ်သမားများ၏မိသားစုလွှဲပို့ငွေ လချုပ်စာရင်း ပေးပို့ရန်...

၂၀၂၅ ခုနှစ် အောက်တိုဘာလအတွက် အလုပ်သမားများ၏မိသားစုလွှဲပို့ငွေ လချုပ်စာရင်း ပေးပို့ရန် အေဂျင်စီ ၆၄ ခုကျန်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ အဆိုပါအေဂျင်စီများအနေဖြင့် ဒီဇင်ဘာ ၁၀...
HomeNewsLocal Newsသရုပ်ဆောင် ခိုင်သင်းကြည်၏ အမျိုးသားဖြစ်သူ...

သရုပ်ဆောင် ခိုင်သင်းကြည်၏ အမျိုးသားဖြစ်သူ ပြန်လွတ်မြောက်လာ

ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် ပြစ်ဒ-ဏ်ကျခံလျက်ရှိသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရာ၌ သရုပ်ဆောင် ခိုင်သင်းကြည်၏ အမျိုးသားဖြစ်သူလည်း ပြန်လွတ်မြောက်လာကြောင်း သိရသည်။

“မျှော်လင့်နေတဲ့နေ့လေးရာက်လာပါပြီ၊ ဆုတောင်းလေးပြည့်ခဲ့ပြီ၊မိသားစုပြန်ဆုံပါပြီရှင်” ဟု သူမကိုယ်တိုင်လည်း လူမှုကွန်ယက်တွင် မျှဝေထားသည်။

ယမန်နေ့ နိုဝင်ဘာ (၂၆) ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်တွင် ပုဒ်မ ၅၀၅ (က) ဖြင့် အကျဉ်းကျခံနေရသည့် အကျဉ်းသား (၁၉၂) ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။အဆိုပါ (၁၉၂) ဦးထဲတွင် အမျိုးသမီး အကျဉ်းသူ (၇၈) ဦးလည်း ပါဝင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းတွင် နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀) တန် ဖြန့်ဖြူးပေးနေ

ရန်ကုန်တိုင်းဒေသကြီးတွင် ဆီလုံလောက်မှုပမာဏအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းသာဖြစ်ပြီး နေ့စဉ်စားအုန်းဆီတန်ချိန် (၁၄၈၅၀ )တန် ဖြန့်ဖြူးပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောသည်။ ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " ကျွန်တော်တို့နိုင်ငံမှာ ဆီထွက်သီးနှံစိုက်ပျိုးမှုဟာ စားသုံးမှုနဲ့တွက်လို့ရှိရင် အများကြီးလိုအပ်ချက်ရှိနေတဲ့အတွက် နိုင်ငံတော်အကြီးအကဲကလည်း ဆီထွက်သီးနှံစိုက်ပျိုးမှုကို အာရုံစိုက်ဖို့...

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ

ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးနိုင်မင်းကျော်၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများအား မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံ သံရုံးတာဝန်ခံ Mr.Ahmad Ali R.A. AL-Marri နှင့်တာ၀န်ရှိသူများကကြိုဆိုနှုတ်ဆက်ပြီးနောက် ညစာစားပွဲကို မြန်မာ နိုင်ငံ တော်သီချင်း၊ ကာတာနိုင်ငံတော်သီချင်းတို့ဖြင့် ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကာတာနိုင်ငံ သံရုံးတာဝန်ခံတို့မှ အထိမ်းအမှတ်ကိတ်ကိုလှီးဖြတ်ပြီးနောက်...

မြန်မာအားကစားအဖွဲ့(၁၂)ဖွဲ့ ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ထိုင်းနိုင်ငံသို့ထွက်ခွာ

မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့(၁၂)ဖွဲ့သည် ထိုင်းနိုင်ငံတွင်ကျင်းပသည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ယနေ့ ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ တိုက်ကွမ်ဒိုအားကစားအဖွဲ့၊ လက်ဝှေ့အားကစားအဖွဲ့၊ ဖူဆယ်(အမျိုးသား)အားကစားအဖွဲ့၊ ရေကူးအားကစားအဖွဲ့၊ ဘိလိယက်နှင့်စနူကာအားကစားအဖွဲ့၊ Kabaddi အားကစားအဖွဲ့၊ ဘတ်စကက်ဘောအားကစားအဖွဲ့၊ ဘော်လီဘောအားကစားအဖွဲ့၊ ပီတန်းအားကစားအဖွဲ့၊ ကျွမ်းဘားအားကစားအဖွဲ့၊ ဂေါက်သီးအားကစားအဖွဲ့တို့မှ အုပ်ချုပ်/နည်းပြနှင့် အားကစားသမားများထွက်ခွာသွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့နှင့်အတူ အားကစားအဖွဲ့များအားလိုက်လံအား ပေးရန် တာဝန်ရှိသူတစ်ဦးအပါအဝင် အုပ်ချုပ်မှုအဖွဲ့ဝင်(၉)ဦး၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌဦးသောင်းထိုက်မင်းတို့လည်းလိုက်ပါသွားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071