#ZawGyi
#Unicode
နန္ဒာလှိုင်ရဲ့ မောင်ဖြစ်သူ သရုပ်ဆောင် မောင် ကို ဆေးစစ်တဲ့အခါမှာ Covid 19 positive အဖြေထွက်လာခဲ့ပြီး၊ နန္ဒာလှိုင်ရဲ့ တူမလေး တစ်ဦး နဲ့ အိမ်အကူ ၃ ယောက်မှာ ပါ Covid 19 ကူးစက်ခံထားရပါတယ်။ ဒီအဖြေတွေထွက်လာပြီးနောက်မှာတော့ နန္ဒာလှိုင်တို့နေထိုင်တဲ့ အိမ်ကို lockdown ချလိုက်ပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းကပဲ နန္ဒာလှိုင်ရဲ့ ညီမဖြစ်သူ နွေးနွေးလှိုင်ရဲ့ အမျိုးသား ဦးငွေဇော် Covid 19ရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး၊ ညီမဖြစ်သူ ကလည်း Covid 19 ကူးစက်ခံထားရပါတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီး နန္ဒာလှိုင်က “Positive ဖြစ်နေတဲ့သူကိုကြောက်ရမှာထက်Positive ဖြစ်နေမှန်းမသိဘဲဘေးပတ်ဝန်းကျင်ကိုကူးစက်သွားမှာကိုပိုကြောက်ရမှာပါဒီရောဂါကအရမ်းကိုကြောက်စရာကောင်းပါတယ်နေ့မြင်ညပျောက်မဟုတ်ပါဘူး အခုမြင်အခုပျောက်ပါငယ်ရွယ်တယ် ကျန်းမာတယ် သန်စွမ်းတယ်ဆိုပြီးမပေါ့ဆပါနဲ့ရောဂါအခံတခုခုရှိသူတွေပိုအရေးကြီးပါတယ်သတိထားကြပါ မဖြစ်အောင်ကြိုတင်ကာကွယ်ကြပါ ဖြစ်ပြီဆိုလဲလုပ်သင့်လုပ်ထိုက်တာကိုလုပ်ကြပါ”လို့ ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။