Tuesday, December 9, 2025

ဥရောပဟာ ‘မကောင်းတဲ့ လမ်းကြောင်းအချို့ဆီကို ဦးတည်နေတယ်’...

ဥရောပကော်မရှင် (European Commission) က X (ယခင် Twitter) အပေါ် ဒ-ဏ်ငွေချမှတ်ခဲ့တာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပြီး ဥရောပဟာ...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ ဆီးဂိမ်းပြိုင်ပွဲတွင်...

ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ နှစ်ဦးမှာ ယခုကျင်းပပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံရှိ မွေထိုင်းလက်ဝှေ့ကလပ်တွင် သွားရောက်လေ့ကျင့်နေသည့် နော်ဥမ္မာစိုးသည် ဆီးဂိမ်းပြိုင်ပွဲဝင်ရန် ရန်ကုန်မြို့ရှိ...

ပေ (၁၀၀၀) နက်သည့် ချောက်တွင်...

ရှမ်းပြည်နယ်မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေး ရွာအုပ်စု၊ နောင်ပြစ်ကျေးရွာအနီးရှိ ပေ (၁၀၀၀)နက်သော နမ့်ဆောင်ဟောင် ချောက်ကမ်းပါးအတွင်းသို့ ပြုတ်ကျကာ (၆) ရက်ကြာ ပိတ်မိနေသူကို...

နောင်ချိုမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုများ ဆောင်ရွက်နေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုများကို ဒေသအာဏာပိုင်များက ဆောင်ရွက်နေသည်။ နောင်ချိုမြို့နယ် မြို့မဈေးနှင့်နောင်ချို-ကံကြီး လမ်းမကြီးပေါ်ရှိ ဈေးရောင်းချနေသော ဈေးဆိုင်များ၊ လမ်းသွားလမ်းလာပြည်သူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊...
HomeCelebrities' Newsသရုပ်ဆောင်အသစ်၊ ဖန်တီးမှုအသစ်၊ တင်ပြပုံ...

သရုပ်ဆောင်အသစ်၊ ဖန်တီးမှုအသစ်၊ တင်ပြပုံ အသစ်တွေနဲ့  ရိုက်ကူးထားတဲ့ ‘ည’

Nya

သရုပ်ဆောင်အသစ်၊ ဖန်တီးမှု ပုံစံသစ်တွေနဲ့အတူ ရိုက်ကူထား တဲ့ ‘ည’ ရုပ်ရှင်ဇာတ်ကားကို ယခုဇူလိုင်လကုန်မှာ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။ ဒီ ‘ည’ ဇာတ်ကားကိုတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ရိုက်ကူးထားပြီး Thriller အမျိုးအစား လှို့ဝှက်သည်းဖို ဇာတ်လမ်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ကိုယ်တိုင် ဇာတ်လမ်း၊ ဇာတ်ညွှန်းရေးပြီး သရုပ်ဆောင်သစ်များခေါ်ယူကာ အ ချိန် တစ်နှစ်တိတိ လေ့ကျင့်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ ငြိမ်း သော်၊ နက်ရှိုင်းကို၊ ချမ်းမင်းရဲထွဋ်၊ အောင်ရဲထိုက်၊ ရပ်ဆဲလ်၊ မြတ်နိုး အေး၊ နန်းခေးမို၊ နန်းထရေစီ၊ မိုးယသော်၊ မေဆူးမောင် စတဲ့ သရုပ် ဆောင်သစ် ဆယ်ဦးက အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားတဲ့ ဒီ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ထူးပိုင်ဇော်ဦးက …

“ဒီဇာတ်လမ်းအရ သရုပ်ဆောင်တွေကို အသစ်တွေပဲ ခေါ် ယူပြီးသုံးထားပါတယ်။ အသစ်ရယ်၊ အဟောင်းရယ်ဆိုပြီး တမင်လုပ် တာ တော့ မဟုတ်ဘူး။ ဒီဇာတ်လမ်းနဲ့  လိုက်ဖက်တာကိုပဲ ရွေးတာပါ။ သရုပ်ဆောင်သစ်တွေနဲ့ တစ်နှစ်အချိန်ယူပြီး လေ့ကျင့်ပြင်ဆင်ပါ တယ်။ ပြီးတဲ့အခါမှာတော့ ရိုက်ကူးရေးကို အချိန်နှစ်လယူပြီး ရိုက်ခဲ့ ပါတယ်။ စရိုက်ကတည်းက ဈေးကွက်တွေ ဘာတွေကိုတော့ စဉ်းစား မထားဘူး။ ဒါပေမဲ့ ကျွန်တော်တို့တကယ်နှစ်နဲ့ချီပြီး (သုံးလေးနှစ် လောက်ကြာမယ်) ကြိုးစားထားတဲ့အတွက် ပရိသတ်အားပေးမှု ကို တော့ အများကြီး လိုချင်ပါတယ်။ လျှမ်းလျှမ်းတောက် အောင်မြင်ဖို့ကိုပဲ မျှော်လင့်ပါတယ်။ ဒီဇာတ်လမ်းက ကျွန်တော့်အနေနဲ့ တမင်ခွဲထွက်ပါ စေတော့ဆိုပြီး ရေးခဲ့ရိုက်ခဲ့တာ မဟုတ်ပေမယ့် ထွက်လာတဲ့ အခါမှာ ပုံမှန်ကြည့်နေကျ မြန်မာဇာတ်ကား တွေနဲ့တော့ ကွဲထွက်နေမှာပါ” လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးကပြောပါတယ်။

ဒီ ‘ည’ ဇာတ်ကားကတော့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ပထမဆုံး ရုပ်ရှင် ဇာတ်ကားဖြစ်ပြီး ထူးပိုင်ဇော်ဦး ဆိုတာကတော့ မြန်မာအဆို တော် တော်တော်များများရဲ့ Music Video တွေကို ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းဖွဲ့စည်းပုံ၊ ဇာတ်ကောင် ရွေးချယ်ပုံတို့အပြင် ကင်မရာ ရိုက်ချက်တွေကအစ ပုံမှန်ဇာတ်ကားတစ်ကားထက် ထူးခြားနေတဲ့ ဒီ ‘ည’ ရုပ်ရှင်ဇာတ်ကားကတော့ ဇူလိုင်လကုန်မှာ ရုံတင်တော့မှာဖြစ်ပါ တယ်။ သာမန်ထက် ခွဲထွက်လာတဲ့ ဒီဇာတ်ကားအပေါ် ပရိသတ်ရဲ့ တုံ့ပြန်မှုကတော့ မကြာမီမှာသိရတော့မှာ ဖြစ်ပါတယ်။

ရဲရဲ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071