Saturday, July 4, 2026

မုတ်သုံလေအား အလွန်ကောင်းနေ၍ ပင်လယ်လှိုင်း ၁၁...

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေပြီး လာမည့်ရက်ပိုင်းအတွင်း ပိုမိုအားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင်...

သန်လျင်တွင် မီတာဖတ်ရှုမှု မှန်ကန်ရေးနှင့် ရေနံချက်စက်ရုံ...

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂ ရက် နံနက်ပိုင်းက သန်လျင်မြို့နယ်သို့ ကွင်းဆင်းစစ်ဆေးကာ မီတာဖတ်ရှုမှု မှန်ကန်စေရေး၊ ဓာတ်အားလေလွင့်မှု...

ပြည်သူ့စစ်မှုထမ်းသင်တန်းများတွင် မှားယွင်းဆင့်ခေါ်မိသည့် အသက်မပြည့်သူ ၁၁၃...

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးချိန်မှစ၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) မှ (၂၄) အထိ အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းဆင့်ခေါ်မိခဲ့သည့် အသက် ၁၈ နှစ်မပြည့်သေးသူ...

CMP သွင်းကုန်လိုင်စင်များကို အချက်အလက်ပြည့်စုံပါက နေ့ချင်းပြီး...

သုံးလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၂၂ ဘီလီယံတန်ဖိုးရှိ CMP သွင်းကုန်လိုင်စင် ၈,၀၄၂ စောင် ထုတ်ပေး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် CMP...
HomeMoviesသယ်ယူပို့ဆောင်ရေးလုပ်ငန်း စိန်ခေါ်မှုများနှင့် အာမခံဆိုင်ရာ...

သယ်ယူပို့ဆောင်ရေးလုပ်ငန်း စိန်ခေါ်မှုများနှင့် အာမခံဆိုင်ရာ စကားဝိုင်း ဇူလိုင် ၄ ရက် ကျင်းပမည်

သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် အာမခံဆိုင်ရာ အသိပညာများကို မျှဝေဆွေးနွေးရန် ရည်ရွယ်သည့် “သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများနှင့် အာမခံ” ခေါင်းစဉ်ဖြင့် Panel Discussion (စကားဝိုင်းဆွေးနွေးပွဲ) ကို ဇူလိုင် ၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MHFTSA) က ထုတ်ပြန်သည်။

အဆိုပါ စကားဝိုင်းကို Logistics & Supply Chain Management Magazine၊ MHFTSA နှင့် Venture Synergy Co., Ltd တို့ ပူးပေါင်းစီစဉ်ကာ EFI General Insurance မှ အဓိကပံ့ပိုးကျင်းပခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ လုပ်ငန်းအတွင်း ကြုံတွေ့နိုင်သည့် ဆုံးရှုံးနိုင်ခြေအန္တရာယ်များကို အာမခံဖြင့် ထိရောက်စွာ ကာကွယ်နိုင်ရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အသင်းဝင်လုပ်ငန်းရှင်များ၊ ဂိတ်တာဝန်ခံများနှင့် ယာဉ်ပိုင်ရှင်များကို တက်ရောက်ရန် ဖိတ်ခေါ်ထားပြီး မိမိတို့ လုပ်ငန်းခွင်တွင် လက်တွေ့ကြုံတွေ့နေရသည့် အာမခံနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခက်အခဲများကို သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအား တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၄ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်မြို့၊ ဘုရင့်နောင်ကုန်စည်ဒိုင် အပေါ်ဆုံးထပ်ရှိ အစည်းအဝေးခန်းမ တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မုတ်သုံလေအား အလွန်ကောင်းနေ၍ ပင်လယ်လှိုင်း ၁၁ ပေအထိ မြင့်တက်နိုင်၊ ကမ်းရိုးတန်းရေယာဉ်များ သတိပြုရန် မိုးဇလ သတိပေး

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေပြီး လာမည့်ရက်ပိုင်းအတွင်း ပိုမိုအားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့၌ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပြီး ပင်လယ်ပြင်တစ်လျှောက် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း သိရသည်။ ထို့ပြင် တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ်သည် အားပိုကောင်းလာကာ "မိုင်ဆက်ခ် (MAYSAK)" အမည်ရှိ အပူပိုင်းမုန်တိုင်းအဖြစ် ရောက်ရှိလာပြီး မြောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားကာ ဇူလိုင် ၄ ရက်တွင် ဟိုင်နန်ကျွန်းကို...

သန်လျင်တွင် မီတာဖတ်ရှုမှု မှန်ကန်ရေးနှင့် ရေနံချက်စက်ရုံ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး YESC ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂ ရက် နံနက်ပိုင်းက သန်လျင်မြို့နယ်သို့ ကွင်းဆင်းစစ်ဆေးကာ မီတာဖတ်ရှုမှု မှန်ကန်စေရေး၊ ဓာတ်အားလေလွင့်မှု လျှော့ချရေးနှင့် သန်လျင်ရေနံချက်စက်ရုံသို့ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးလုပ်ငန်းများကို စစ်ဆေးခဲ့ကြသည်။ YESC ဥက္ကဋ္ဌနှင့်အဖွဲ့သည် သန်လျင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးတွင် မီတာခကြွေးကျန်အခြေအနေနှင့် စာရင်းသွင်းမှုများကို စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံရာ၌ မီတာစာရေးများအနေဖြင့် မီတာများကို ကိုယ်တိုင် စနစ်တကျ ဖတ်ရှုရန်၊ မီတာဖတ်ရှုစဉ် ထူးခြားမှုများတွေ့ရှိပါက လျှပ်စစ်ပုံစံ (၂၉၀) ဖြင့် ချက်ချင်းတင်ပြရန် ညွှန်ကြားခဲ့သည်။ ထို့ပြင်...

ပြည်သူ့စစ်မှုထမ်းသင်တန်းများတွင် မှားယွင်းဆင့်ခေါ်မိသည့် အသက်မပြည့်သူ ၁၁၃ ဦးကို မိဘများထံ ပြန်လည်လွှဲပြောင်းပေးအပ်

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးချိန်မှစ၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) မှ (၂၄) အထိ အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းဆင့်ခေါ်မိခဲ့သည့် အသက် ၁၈ နှစ်မပြည့်သေးသူ ကလေးသူငယ် ၁၁၃ ဦးကို မိဘများနှင့် အုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းအချက်ကို နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၌ ဇူလိုင် ၂ ရက်က ကျင်းပသည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ အစည်းအဝေး (၁/၂၀၂၆) တွင် ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းများကို ဆင့်ခေါ်ရာတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071