အစ္စရေးတပ်များက ရာဖာမြို့ကို တိုက်ခိုက်ရခြင်းမှာ အစ္စရေးစစ်ကော်မရှင်အဖွဲ့က မီးစိမ်းပြသဖြင့်သာဖြစ်ကြောင်း သိရသည်။
ဂါဇာကမ်းမြောင်ဒေသတွင် အရပ်သားသေဆုံးမှု မြင့်တက်လာမှုကြောင့် တုန်လှုပ်ခြောက်ခြားနေသည့် သမ္မတ ဘိုင်ဒင် သည် ရာဖာမြို့ကို ကျူးကျော်ဝင်ရောက်လာပါက အစ္စရေးမှ ခဲယမ်းများ တင်ပို့ရောင်းချမှုကို အမေရိကန်က ရပ်ဆိုင်းထားမည်ဟု CNN သို့ ပြောကြားပြီး ၄၈ နာရီအကြာတွင် အစ္စရေး စစ်ကော်မရှင်က ရာဖာကို တိုက်ခိုက်ရန်ခွင့်ပြုသည့် အဆိုပါ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
သို့ရာတွင် ယခုတိုက်ခိုက်စေသော အစိအစဉ်သည် ဘိုင်ဒင်သတ်မှတ်ထားသော အနီရောင်ကန့်သတ်မျဉ်းကို မထိပါစေရန် သတိထား၍ “အတိုင်းအတာတစ်ခုအထိ ချဲ့ထွင်ခြင်း” ဖြစ်သည်ဟု အသေးစိတ်အချက်အလက်များကို သိရှိသည့် သတင်းရင်းမြစ်နှစ်ခုက ဆိုကြသည်။
အစ္စရေးလေတပ်သည် တောင်ပိုင်းမြို့ဖြစ်သည့် Khan Younis ကိုလည်း လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်းကိုလည်း လက်ဘနွန်အခြေစိုက် Al Mayadeen ရုပ်မြင်သံကြားကကြေညာထားသည်။
ဂါဇာကမ်းမြောင်ရှိ ရာဖာမြို့သို့ အစ္စရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပါက အစ္စရေးအား လက်နက်အချို့ ပေးအပ်ခြင်းကို ရပ်တန့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က CNN သတင်းဌာန သို့ မကြာသေးမီက ပြောကြားခဲ့သည်။
“သူတို့ ရာဖာ ကိုသွားတိုက်ကြရင်၊ သူတို့ ရာဖာထဲကိုဝင်ရင် လက်နက်တွေ ပေးမှာမဟုတ်ဘူးလို့ ကျွန်တော်ရှင်းရှင်းလင်းလင်းပြောထားပါတယ်” ဟု ဘိုင်ဒင်ကဆိုသည်။
သို့ရာတွင် ကာကွယ်ရေးလက်နက်အချို့ ထောက်ပံ့မှုများမှာမူ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သမ္မတဘိုင်ဒင်က ပြောကြားခဲ့သည်။
